‘Good Bye’ သီချင်းနဲ့ နှုတ်ဆက်မယ့် 2NE1 အဖွဲ့

 နာမည်ကျော်တောင်ကို ရီးယားအမျိုးသမီးအဆိုတော် 2NE1 အဖွဲ့က ၎င်းတို့၏ နောက် ဆုံးသီချင်းတစ်ပုဒ်နှင့် ပရိသတ် များကို နှုတ်ဆက်မည်ဖြစ်သည်။

ဇန်န၀ါရီ ၅ ရက်တွင် YG Entertainment ကုမ္ပဏီက 2NE1 အဖွဲ့အနေနဲ့ ရုတ်တရက် အဖွဲ့ ဖျက်သိမ်းသွားကြောင့် ပရိသတ်တွေကို နောက်ဆုံးနှုတ်ဆက် စကားမပြောနိုင်ခဲ့ပါဘူး။ ဒါ ကြောင့်သူတို့က ပရိသတ်တွေဆီ သီချင်းတစ်ပုဒ်ပို့ပေးဖို့ စီစဉ်ခဲ့ပါတယ်။ ပက်ခ်ဘွမ်၊ ဒါရာနဲ့ စီအယ်လ်တို့က Good Bye ဆိုတဲ့သီချင်းကို အတူတူအသံသွင်းခဲ့ ကြပြီးတော့ ဒီသီချင်းအတွက် ဗီဒီယိုလည်း ရိုက်ကူးပြီးပါပြီဟု ကြေညာသည်။

၂၀၀၉ ၌ 2NE1 အဖွဲ့ကို ပက်ခ်ဘွမ်၊ ဒါရာ၊ စီအယ်လ်နှင့် မင်ဇီစသည့် အဖွဲ့ဝင်လေးဦးဖြင့် YG Entertainment ကုမ္ပဏီက တည်ထောင်ခဲ့သည်။

၎င်းတို့၏ Lollipop၊ Go Away နှင့် Lonely သီချင်းတို့မှာ အလွန်လူကြိုက်များရေပန်းစားခဲ့ သည်။

အဖွဲ့ဝင် မင်ဇီသည် ပြီးခဲ့ သည့်နှစ် အစောပိုင်းကတည်းက အဖွဲ့မှ နုတ်ထွက်သွားခဲ့ကာ ပြီးခဲ့ သည့် နိုဝင်ဘာ တွင် 2NE1 အဖွဲ့ကို တရားဝင်ဖျက်သိမ်းခဲ့ခြင်းဖြစ် သည်။

—Ref:allkpop

Top News