မြကြာဖြူဝတ္ထုကို ရုပ်ရှင်အဖြစ်ပုံဖော်ဖို့ စိတ်ကူးပဲရှိသေးတဲ့ မျိုးသန္တာထွန်း

ဓာတ်ပုံ-ကျော်ဇင်သန်း

 စာရေးဆရာမ ခင်နှင်း ယု၏ မြကြာဖြူဝတ္ထုကို ရုပ်ရှင်အ ဖြစ် ဖန်တီးရန် အစီအစဉ်ရှိသော် လည်း အနုပညာကို အသားပေး ရိုက်ကူးရမည့် ဇာတ်ကားဖြစ်၍ စဉ်းစားနေရကြောင်း မျိုးသန္တာ ထွန်းက ပြောသည်။

‘‘ဒီကားကို ရိုက်မယ်ဆိုရင် ငွေရေးကြေးရေးကိုယ် ရင်းနှီးထား တာက ပြန်ရဖို့ မျှော်လင့်ချက် သိပ်မရှိဘူး။ ဒီဟာအတွက်ကို ဖြုန်းနိုင်၊ မဖြုန်းနိုင်ကို စဉ်းစားရ တယ်။ အနုပညာအတွက် သီး သန့်ရိုက်ရမယ့် ဇာတ်လမ်းဖြစ်နေ တော့ စဉ်းစားစရာတွေ အများ ကြီးရှိတာပေါ့’’ဟု မျိုးသန္တာထွန်း က ပြောသည်။

အဆိုပါဝတ္ထုကို မျိုးသန္တာ ထွန်းက ၎င်း၏ ကိုယ်ပိုင်ထုတ် လုပ်ရေးဖြင့် ရိုက်ကူးရန် ယခင် ကတည်းက ဝယ်ယူထားပြီး ထုတ်လုပ်ရေးအနေဖြင့် အခြားဇာတ်ကားများ ရိုက်ကူးရန် အစီအစဉ်ရှိနေ၍ လက်ရှိတွင် အကောင်အ ထည်မဖော်နိုင်သေးကြောင်း ပြောသည်။

လတ်တလော အနုပညာ လှုပ်ရှားမှုအဖြစ် ကျော်ထက်၊ မင်းဦး၊ ပိုင်ဖြိုးသု၊ နန်းမြတ်ဖြိုး သင်းတို့နှင့် ရုပ်ရှင်ရိုက်ကူးရန် အ စီအစဉ်ရှိကြောင်း ၎င်းက ပြော သည်။

‘‘ကြယ်ဆိုတဲ့ ဇာတ်ကားမှာ အစ်မက ပိုင်ဖြိုးသုရဲ့ အမေနေရာ က သရုပ်ဆောင်ရမှာပါ။ အဲဒီမှာ အစ်မက အမျိုးသားဆုံးသွားတော့ ကလေးနှစ်ယောက်နဲ့ ကျန်ခဲ့ တယ်။ အဲဒါနဲ့ နောက်အိမ်ထောင် ပြုတော့ သမီးနဲ့ နောက်အိမ် ထောင်နဲ့ အဆင်မပြေတော့ သူ တို့ကြားထဲမှာ ဗျာများရတဲ့ ဇာတ် ရုပ်လေးပါ’’ဟု မျိုးသန္တာထွန်းက ပြောသည်။