ကမ္ဘာ့နိုင်ငံတွေရဲ့ အလှအပရေးရာနည်းလမ်းတွေ

ကမ္ဘာ့နိုင်ငံအသီးသီးဟာ သူ့ နိုင်ငံအလိုက် အလှအပနဲ့ ပတ် သက်တဲ့ ထူးခြားချက်လေးတွေရှိ ပါတယ်။ တောင်ကိုရီးယားအမျိုး သမီးတွေဆိုရင် ကြည်စင်စိုပြည်တဲ့ အသားအရေ၊ အိန္ဒိယအမျိုးသမီး တွေဆိုရင် နက်မှောင်တဲ့ ဆံကေ သာ၊ ဘရာဇီးနိုင်ငံသူတွေဆိုရင် ခန္ဓာကိုယ်ကောက်ကြောင်းလှပမှု စသဖြင့် နေထိုင်တဲ့နိုင်ငံအလိုက်၊ မျိုးရိုးအလိုက်၊ နေ့စဉ်လုပ်ကိုင် လှုပ်ရှားမှုတွေမတူညီတဲ့အလျောက် ထူးခြားတဲ့အလှကိုယ်စီရှိကြပါတယ်။ ဒါကြောင့်မို့ နိုင်ငံအလိုက် အလှအပအတွက် ဘယ်အရာတွေကို အသားပေးကြသလဲဆို တာ လေ့လာကြည့်ရအောင်ပါ။

သြစတြေးလျမှာဆိုရင် အမျိုးသမီးအများစုမှာ အကြောင်း အမျိုးမျိုးနဲ့ ဗိုက်ကြောပြတ်ရာတွေ ရှိတာကြောင့် ဗိုက်ကြောပြတ်ရာ ပျောက်ဖို့အတွက်ကို Yarrow လို့ ခေါ်တဲ့ အဖြူရောင်၊ ပန်းရောင် အနံ့ပြင်း အပွင့်ငယ်တွေပွင့်တဲ့ အပင်ရဲ့ အမြစ်ကိုသွေးလိမ်းလေ့ ရှိတယ်လို့ ဆိုပါတယ်။ ဗိုက်ကြော ပြတ်ရာပျောက်တဲ့ဆေးတွေ ထုတ်လုပ်ရာမှာလည်း Yarrow ကို ထည့်သွင်းထုတ်လုပ်ကြတယ်လို့ သိရ ပါတယ်။

ကိုလံဘီယာနဲ့ လက်တင် အမေရိကနိုင်ငံအများစုကတော့ အလှအပအတွက်ဆိုရင် ထော ပတ်သီးကို အဓိကထားသုံးစွဲကြ တယ်လို့ ဆိုပါတယ်။ မျက်နှာအ သားအရေ၊ ခန္ဓာကိုယ်အသားအ ရေ၊ ဆံပင်အကုန်လုံးအတွက် ကောင်းကျိုးပြုတာကြောင့်ပါ။

ဒိုမီနီကန်သမ္မတနိုင်ငံမှာ တော့ များသောအားဖြင့် လက် သည်းတွေကြွပ်ဆတ်တာ၊ လက် သည်းပုံမှန်မဟုတ်တာတွေကြုံရ တဲ့အတွက် အဲဒီနိုင်ငံက အမျိုး သမီးတွေဟာ ကြက်သွန်ဖြူကိုပါး ပါးလှီးပြီး လက်သည်းဆိုးဆေး အကြည်ထဲထည့်ကာ မအေးလွန်း မပူလွန်းတဲ့နေရာမှာ တစ်ပတ်၊ နှစ်ပတ်လောက်ထားပြီး လက်သည်း တွေကို ဆိုးပေးရင် အနံ့ပြင်းပေ မယ့်လို့ သန်စွမ်းတဲ့ လက်သည်း လေးတွေရစေတယ်လို့ ဆိုပါ တယ်။

ပြင်သစ်နိုင်ငံသူတွေက တော့ လက်သည်းဆိုးဆေးတွေ အကြာကြီးဆိုးထားလို့ ဒါမဟုတ် ဆံပင်ဆိုးဆေးတွေကြောင့် လက် သည်းတွေမှာ အရောင်တွေစွန်း ပေညစ်ထေးနေတာတွေကို သံပ ရာသို့ သံပရိုသီးကို အရည်ညှစ်ပြီးစွန်းထင်းနေတဲ့ လက်သည်းကို စိမ်ထားပြီး အစွန်းချွတ်လေ့ရှိ တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံက အမျိုးသမီး တွေကတော့ ချောမွေ့စိုပြည်တဲ့ အသားအရေပိုင်ဆိုင်ဖို့အတွက် မျက်နှာသစ်တာရော၊ ရေချိုးရာမှာပါ ဆန်ဆေးရေကို သုံးလေ့ရှိတယ်လို့ဆိုပါတယ်။

Ref: wellnessbin

Top News