မွေးနေ့ပွဲသီချင်းဆိုနေသော အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

သားဖြစ်သူ၏ ရက် တစ်ရာပြည့် မွေးနေ့ပွဲတွင် ကာရာအိုကေသီချင်းဆိုရာမှ လျှပ်စစ်စီးနေသည့် မိုက်မှတစ်ဆင့် ဓာတ်လိုက်ကာ အသက် (၂၂) နှစ်အရွယ်အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

တွံတေးမြို့နယ် တမံကြီး ကျေးရွာတွင်နေထိုင်သည့် အ သက် (၂၂)အရွယ် ကိုဇင်လင်း နိုင်သည် ဇန်န၀ါရီ ၂ ရက် ညက ၎င်း၏သားဖြစ်သူ ရက်တစ်ရာ ပြည့်မွေးနေ့ပွဲ၌ သီချင်းဆိုရာမှ ဓာတ်လိုက်သေဆုံးခဲ့ကြောင်း ခလောက်ချိုက်နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးကဆိုသည်။

‘‘ကလေးက သားဦးလေး မွေးထားတာ။ ဖြစ်တာက မွေးနေ့ မတိုင်ခင်အကြိုညပေါ့။ မွေးနေ့ပွဲ က ၃ ရက်နေ့ မနက်မှာလုပ်မှာ။ အဲဒီမှာ ကာရာအိုကေဆိုကြရင်း ကလေးရဲ့အဖေက အင်္ကျီချွတ်နဲ့ လက်မှာလည်း ရေတွေစိုနေတုန်း မိုက်ခွက်ကို လှမ်းကိုင်လိုက်တာ။ အဲဒီမှာ ဓာတ်လိုက်ပြီးဘုန်းဆိုတစ် ခါတည်း လဲကျသွားတာ။သတိ ကတော့ ပြန်လည်မလာတော့ ဘူး။ ဆေးရုံရောက်တဲ့အထိပဲ’’ဟု ၎င်းကဆိုသည်။

သားမွေးနေ့ပွဲအကြိုတွင် သီ ချင်းဆိုရာမှ ဓာတ်လိုက်ခံခဲ့ရသည့် ကိုဇင်လင်းနိုင်၏ ဘယ်ဘက် လက်ဖ၀ါးတွင် ညိုမည်းဒဏ်ရာ ရရှိခဲ့ပြီး အင်းစိန်ဆေးရုံသို့ ပို့ ဆောင်စဉ် လမ်း၌သေဆုံးခဲ့ ကြောင်း ၎င်းကဆက်လက်ရှင်းပြ သည်။

သေဆုံးသူ၏ အလောင်းကို အင်းစိန်ဆေးရုံသို့ ပို့ဆောင်ထားခဲ့ပြီး သေမှုသေခင်းဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ခလောက်ချိုက်နယ်မြေ ရဲစခန်းမှသိရသည်။