ကျုံဒိုးမြို့နယ်တွင် အနက်ရောင်ဝတ် လူငယ် ၁၀ ဦး ဆိုင်ကယ်ဖြင့် အော်ဟစ်သွားလာနေ၍ ခေါ်ယူစစ်ဆေး

ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်ရှိ ရွာတစ်ရွာတွင် လူငယ်၁၀ ဦးက အနက်ရောင် အင်္ကျီများ ၀တ်ဆင်ကာ ဆိုင်ကယ်မောင်း၍ အော်ဟစ် သွားလာနေသဖြင့် ပြဿနာမဖြစ်ပေါ်စေရန် ခေါ်ယူစစ်ဆေးခဲ့ကြောင်း ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။


ကျုံဒိုးမြို့နယ် ကမ်းနီရွာတွင် လူငယ် ၁၀ ဦးက New Dange-rous စာတန်းပါ အင်္ကျီအနက်ရောင်များ ၀တ်ဆင်၍ အော်ဟစ်ကာ ဆိုင်ကယ်မောင်း နှင်သွားလာနေသည်ဟု ဒေသခံများက သတင်းပေးသောကြောင့် ရဲစခန်းသို့ ခေါ်ယူစစ်ဆေးခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းက ပြောသည်။

‘‘အင်္ကျီအမည်းဝတ်ပြီး စာ တန်းနဲ့ လျှောက်သွားနေတာ။ ခုနစ်တန်းကျောင်းသားတွေ၊ မော် လမြိုင် မော်လ၀ီကျောင်းက။ မေး မြန်းပြီး အင်္ကျီတွေ ချွတ်လဲပေး လိုက်ပြီး ပြန်လွှတ်ပေးလိုက်ပါ တယ်’’ဟု ရဲမှူးကြီး ကြည်လင်း က ပြောသည်။

အဆိုပါလူငယ် ၁၀ ဦးအနက်ကိုးဦးသည် မွန်ပြည်နယ် မော်လ မြိုင်မြို့ရှိ မော်လ၀ီကျောင်းတစ် ကျောင်းမှဖြစ်ပြီး တစ်ဦးသည် ကျုံ ဒိုးမြို့နယ်မှဖြစ်ကြောင်း မွန်ပြည် နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး ခင်မောင်စိုးက ပြောသည်။ ဇန်န၀ါရီ ၄ ရက် (လွတ်လပ်ရေးနေ့)ပျော်ပွဲရွှင်ပွဲ ပြုလုပ်ရန် ကျုံဒိုးမြို့သို့ ထွက်ခွာ သွားပြီး အပြန်၌ ဇန်န၀ါရီ ၅ ရက်တွင် အထက်ပါဖြစ်စဉ်ဖြစ်ပွား ခြင်းဖြစ်ကြောင်း ရဲမှူးကြီး ခင် မောင်စိုးက ဆက်လက်ပြော သည်။

Top News