ကိုယ်ဝန်ဆောင်ချိန် အိုမီဂါ-၃ သောက်ခြင်းဖြင့် ရင်သွေး၌ ပန်းနာရောဂါအန္တရာယ် လျှော့ချနိုင်

ကိုယ်ဝန်သက်တမ်း တတိယသုံးလပတ်အတွင်း အိုမီဂါ-၃ ဖက်တီးအက်စစ်များ ဖြည့်စွက်သောက်သုံးသော မိခင်လောင်းများ သည် ၎င်းတို့ကလေး အသက် (၅) နှစ်အရွယ်တွင် ပန်းနာရင်ကျပ် ရောဂါဖြစ်နိုင်သည့် အန္တရာယ်ကို လျော့ကျစေနိုင်ကြောင်း လေ့လာ မှုတစ်ခုက ဖော်ပြသည်။

ကိုယ်ဝန်သက်တမ်း တတိယသုံးလပတ်အတွင်း အိုမီဂါ-၃ ဖြည့်စွက်အားဆေး ၂ ဒသမ ၄ ဂရမ်စီ ပုံမှန်သောက်သုံးခြင်းဖြင့် ၎င်း တို့ မွေးလာသော ကလေးငယ်များတွင် ပန်းနာရောဂါ ဖြစ်ပွားနိုင် သည့် အန္တရာယ်ကို ၃၁ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်ကြောင်း New England Journal of Medicine ဂျာနယ်တွင် ဖော်ပြထား သော လေ့လာမှုအရ သိရသည်။


Eicosapentaenoic အက်စစ်နှင့် Docosahexaenoic အက် စစ်တို့ပါဝင်သော အိုမီဂါ-၃ ဖက်တီးအက်စစ်များကို အေးသော ရေတွင်နေထိုင်သည့် ငါးများစားခြင်းဖြင့် ရရှိနိုင်ပြီး လူသားများ၏ ကိုယ်ခံအားတုံ့ပြန်မှုကို ထိန်းညှိပေးရာတွင် အရေးပါသော အာဟာ ရဓာတ်တစ်မျိုး ဖြစ်သည်။

အိုမီဂါ-၁ ဖက်တီးအက်စစ်က ခန္ဓာကိုယ်ရောင်ရမ်းမှုများကို ကာကွယ်နိုင်ပြီး အခြားကျန်းမာရေး အကျိုးကျေးဇူးများစွာ ပေးနိုင် သည်။

ကိုယ်ဝန်သက်တမ်း ၂၄ ပတ်ရှိသော အမျိုးသမီးများအား အိုမီဂါ-၃ ဖက်တီးအက်စစ်များ တိုက်ကျွေးခြင်းဖြင့် ၎င်းတို့မွေးလာ သော ကလေးငယ်များ၏ ပန်းနာရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချ၊ ကာကွယ်နိုင်ကြောင်း ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်တက္ကသိုလ်ရှိ သုတေသီများက ပြောသည်။

အိုမီဂါ-၃ ဖက်တီးအက်စစ်ကို ငါးကြီးဆီ၊ ပင်လယ်စာ၊ ပဲနှင့် အစေ့အဆန်များ၊ ဒေါက်ခွရွက်တို့ စားသုံးခြင်းဖြင့် ရရှိနိုင်သည်။

—Ref: TOI

Top News