လပတ်စာမေးပွဲကျသဖြင့် ကလေးတစ်ဦး ကြိုးဆွဲချသေဆုံး

 မြိတ်မြို့ လမင်းရပ်ကွက်(၂)လမ်းတွင် ဆဋ္ဌမတန်းကျောင်း သားတစ်ဦး လပတ်စာမေးပွဲကျရှုံး သဖြင့် မိမိကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သ တင်းရရှိသည်။

ရေပုန်းနယ်မြေ လမင်းရပ် ကွက်(၂)လမ်းတွင် အသက်(၁၂) နှစ်အရွယ် ဆဋ္ဌမတန်းကျောင်း သား မောင်ခင်မောင်ထွန်းသည် လပတ်စာမေးပွဲကျရှုံးသဖြင့် မိခင် ဆူပူမည်ကို စိုးရိမ်ပြီး မိမိကိုယ်ကိုယ် ကြိုးဆွဲချသတ်သေခဲ့ခြင်း ဖြစ်ကြောင်း မြိတ်ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြား သည်။


‘‘ကလေးက ဆဋ္ဌမတန်း A  ခန်းမှာ ပညာသင်နေတဲ့ကလေး ပါ။ ကျောင်းကပြန်လာပြီး စာမေး ပွဲကျတော့ အမေဆူမှာကြောက် ပြီး လုပ်တာပါ။ မိခင်ဖြစ်သူက လည်း အဲဒီအချိန်မှာ အိပ်ပျော်နေ တယ်လို့ သိရတယ်။ သေမှုသေ ခင်းဖွင့်ပြီး အမှုကို စစ်ဆေးနေပါ တယ်’’ဟု ရဲအရာရှိကပြောသည်။ သေဆုံးခဲ့သူ ကျောင်းသား မှာ ကြံတောကျောင်းတွင် ပညာ သင်ကြားနေသူဖြစ်ပြီး ဇန်နဝါရီ ၂ ရက် ညနေ ၅ နာရီကျော်တွင် နေအိမ်အောက်ထပ်ရှိ ရက်မ တန်း၌ နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးခဲ့ကြောင်း အဆိုပါ ရပ် ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးကပြောသည်။

‘‘ဒီလိုမျိုးအဖြစ်တွေ တစ်ခါ မှ မဖြစ်ဖူးပါဘူး။ ကလေးက ဘယ်လောက်တောင် ကြောက်ပြီး အခု လို လုပ်သွားရသလဲတော့ မသိ ဘူး။ စိတ်ထဲတော့ မကောင်းဖြစ်မိ တာ အမှန်ပါပဲ။ မိဘတွေအနေနဲ့ သားသမီးတွေကို နွေးနွေးထွေးထွေး နေသင့်ပါတယ်။ အခုလိုဖြစ်သွားတဲ့အတွက် သူတို့မိဘတွေလည်း စိတ်မကောင်းဖြစ်နေ မှာပါ’’ဟု ၎င်းကပြောသည်။