မောင်တောတွင် သုံးလအတွင်း ဘင်္ဂါလီရှစ်ဦး သေဆုံး၊ နှစ်ဦးပျောက်ဆုံးနေကြောင်း အစိုးရက သတင်းထုတ်ပြန်

 မောင်တောနယ်စပ် ဒေသတွင် သုံးလအတွင်း ဘင်္ဂါလီ လူမျိုးရှစ်ဦး သေဆုံးခဲ့ပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန် ရေးကော်မတီက ဇန်န၀ါရီ ၃ရက် တွင် သတင်းထုတ်ပြန်သည်။

၂၀၁၆ အောက်တိုဘာ ၅ ရက်မှ ၂၀၁၇ ဇန်န၀ါရီ ၂ ရက်အတွင်း သေဆုံး၊ ပျောက်ဆုံးမှုဖြစ်ပြီး အောက်တိုဘာ ၉ ရက် မောင် တောအကြမ်းဖက်မှုဖြစ်စဉ်မတိုင် မီ ဦးရှဥ့်ကျဘင်္ဂါလီကျေးရွာမှဘင်္ဂါလီအမျိုးသားနှစ်ဦးကို ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများစွာဖြင့် သေဆုံးနေသည်ကို စတင်တွေ့ရှိခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။


မောင်တောနယ်စပ် ဒေသ တွင် ဘင်္ဂါလီများ သေဆုံးခြင်း၊ ပျောက်ဆုံးခြင်းများ ကြုံတွေ့ခဲ့ရ ခြင်းနှင့်အတူ အောက်တိုဘာ ၂၅ ရက်က ခြံပြင်ရွာနှင့်ရေတွင်းကျွန်း ရွာကြားရှိ လယ်ကွင်း၌ တိုင်းရင်းသားလူငယ်များ နွားကျောင်းနေစဉ် ရေတွင်းကျွန်းဘင်္ဂါလီကျေးရွာမှ ဓား၊ တုတ်၊ လက်နက်ကိုင် ဆောင်ထားသူ  ဘင်္ဂါလီများကနွားလုယက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

နိုဝင်ဘာ ၁၃ ရက် နံနက်တွင် မောင်တောမြို့နယ် ဖော့ကီးတောင်ရွာနေ ဦးရွှေမောင်နှင့် ဇနီးမရွှေမေတို့သည် မရမာကြီးရွာသို့ သွားရောက်စဉ် ဖော့ကီးတောင်ရွာနေ ဟာမိတ်တူဆောင်းနှင့် အပေါင်းအပါရှစ်ဦးတို့က ဓားဖြင့်ခုတ်၍ ဦးရွှေမောင်တွင် ၀ဲဘက်ကုပ် ပြတ်ရှဒဏ်ရာတစ်ချက်နှင့် ၀ဲနားအောက်ပြတ်ရှဒဏ်ရာတစ်ချက်ရရှိခဲ့သည်။

ယင်းဖြစ်စဉ်များနှင့် ပတ် သက်၍ ကျူးလွန်သူများကို လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိရေး ဆောင်ရွက်နေဆဲဖြစ် ကြောင်း နယ်ခြားစောင့်ရဲအရာရှိတစ်ဦးကပြောသည်။

အောက်တိုဘာ ၉ ရက် အ ကြမ်းဖက်မှုမဖြစ်မီ ဘင်္ဂါလီအမျိုး သားနှစ်ဦး အသတ်ခံရခြင်းကို သက်ဆိုင်ရာ တာဝန်ရှိသူများက သာမန်ဖြစ်ရိုးဖြစ်စဉ်အတိုင်း အ သတ်ခံရခြင်းဟု ယူဆခဲ့ကြသော် လည်း အကြမ်းဖက်မှုဖြစ်ပွားပြီး နောက် ကွင်းဆက်စုံစမ်းသည့်အ ခါ သာမန်အသတ်ခံရခြင်းမျိုးမ ဟုတ်ဘဲ အကြမ်းဖက်မည့်လုပ် ရပ်ကို သတင်းမပေါက်ကြားစေ ရေးနှုတ်ပိတ်သည့်အနေဖြင့် အသတ်ခံရခြင်းဖြစ်သည်ဟု သတိထားမိခဲ့ကြောင်း နယ်စပ်လုံခြုံရေးအရာရှိတစ်ဦးကပြောသည်။

Top News