သာယာဝတီတွင် ဆရာတော်တစ်ပါး အသတ်ခံရမှု တရားခံ ရှာဖွေနေဆဲဖြစ်

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် လှည်းလမ်းကူး ကျေးရွာ သရက်တစ်ပင်ကျောင်း တိုက်မှ ကျောင်းထိုင်ဆရာတော် ကို သတ်ဖြတ်ခဲ့သည့် တရားခံအား ရှာဖွေနေဆဲဖြစ်ကြောင်း သ တင်းရရှိသည်။

 ဆရာတော်ရုပ်ကလာပ်ကိုဒီဇင်ဘာ ၂၈ ရက် နံနက်က လှည်း လမ်းကူးကျေးရွာ အမှတ်(၁၀၀၁) လေကြောင်းအရန်တပ် အ၀င် လမ်း လျှိုမြောင်အတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။


‘‘အလောင်းကိုတော့ သာ ယာဝတီဆေးရုံပို့ပြီး စစ်ဆေးထားပါတယ်။ ဦးခေါင်းမှာတော့ ဓားဒဏ်ရာ ဆယ်ချက်လောက်ရ တယ်။ ပခုံးနဲ့လက်မှာ ပြတ်ရှဒဏ်ရာတစ်ချက်စီရပြီး သေဆုံးနေတာပါ။ သတ်မှုကျူးလွန်တဲ့သူကိုတော့ လိုက်ရှာနေတုန်းပါ’’ဟု ရဲအရာရှိတစ်ဦးကပြောသည်။

အသတ်ခံရသူ ဆရာတော် ၏ ကျောင်းတိုက်အနီးတွင် အလှူ ခံမဏ္ဍပ်ရှိပြီး အဆိုပါအလှူခံမဏ္ဍပ်၌ သွေးကွက်အချို့၊ ၀ါးခုတ်ဓားမတစ်ချောင်းနှင့် အမျိုးသား ၀တ် ဖန်စီနားကပ်တစ်ရန်တို့ကိုရှာဖွေတွေ့ရှိခဲ့သည်။

အသတ်ခံရသည့် ဆရာတော်သည် လှည်းလမ်းကူးကျေးရွာ သရက်တစ်ပင်တောရ ဘုန်းတော်ကြီးကျောင်း၌ သီတင်းသုံးသည့် ကျောင်းထိုင်ဆရာတော် ဦးဣန္ဒကဖြစ်ပြီး သက်တော်(၄၀) နှစ်၊ ၀ါတော်(၂၀) ရှိသည်။

ဆရာတော်၏အလောင်းကို သာယာဝတီဆေးရုံသို့ ပို့ဆောင် ထားပြီး သာယာဝတီမြို့မရဲစခန်း က ရာဇသတ်ကြီးပုဒ်မ ၃၀၂ အရ အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို လိုက်လံရှာဖွေနေကြောင်း အဆို ပါရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။