မြိတ်ကျွန်းစုကို ထင်ရှားသော ခရီးစဉ်ဒေသအဖြစ် ဆောင်ရွက်ရန် ကော်မတီဖွဲ့စည်း

မြိတ်ကျွန်းစုဒေသကို မြန်မာနိုင်ငံ၏ ထင်ရှားသော ခရီးစဉ်ဒေသတစ်ခုအဖြစ် ဆောင်ရွက်ရန် ခရီးသွားလုပ်ငန်းရှင်များ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်မည့် ကော်မတီဖွဲ့စည်း
ခဲ့ကြောင်း သတင်းရရှိသည်။


‘‘တနင်္သာရီတိုင်းမြိတ်ကျွန်း စုဒေသက ခရီးစဉ်တွေကို ဖွံ့ဖြိုး တိုးတက်အောင် လုပ်ဖို့အတွက် ကော်မတီတစ်ခု စတင်ဖွဲ့စည်း လိုက်တာဖြစ်ပါတယ်။ အဓိကက တော့ ပုဂ္ဂလိကပိုင်းက အများဆုံး ပါတယ်။ မြိတ်ကျွန်းစုမှာ လုပ်ငန်း လုပ်နေတဲ့ လုပ်ငန်းရှင်တွေလည်း ပါဝင်ပြီးတော့ ဖွံ့ဖြိုးရေးလုပ်ငန်း တွေ ဆောင်ရွက်ဖို့အတွက် ဖွဲ့ စည်းလိုက်တာ ဖြစ်ပါတယ်’’ဟု မြိတ်ကျွန်းစုဒေသဖွံ့ဖြိုးရေးကော် မတီအဖွဲ့ဝင် ဦးဖြိုးဝေရာဇာက ပြောသည်။

အဆိုပါကော်မတီ ဖွဲ့စည်း နိုင်ရေးအတွက် ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့နှင့် မြန်မာနိုင်ငံခရီးသွားလုပ် ငန်းရှင်များအသင်း တာဝန်ရှိသူ များပူးပေါင်းကာ ဒီဇင်ဘာ
တတိယပတ်က ဆွေးနွေးပွဲပြုလုပ်ခဲ့ ကြောင်း သိရသည်။

‘‘မြိတ်ကျွန်းစုဒေသဖွံ့ဖြိုး ရေးအတွက် ဘာတွေလုပ်ဆောင် မယ်ဆိုတဲ့ အချက်တွေကိုတော့ လာမယ့် ဇန်နဝါရီ ၅ ရက်မှာ ကော်မတီအစည်းအဝေးတစ်ခုလုပ်ပြီး တော့ တိုင်ပင်သွားမှာဖြစ်တဲ့အ တွက် အသေးစိတ် အခြေအနေ
တွေကိုတော့ အဲဒီအစည်းအဝေး ပြီးရင် သိရမှာ ဖြစ်ပါတယ်’’ဟု ဦး ဖြိုးဝေရာဇာက ပြောသည်။

မြိတ်ကျွန်းစုဒေသဖွံ့ဖြိုးရေး ကော်မတီအနေဖြင့် တနင်္သာရီ တိုင်းရှိ အလားအလာရှိသောခရီး စဉ်များ လျာထားခြင်း၊ အာဆီယံ ခရီးသွားဖိုရမ် ၂၀၁၇ တွင် မြိတ် ကျွန်းစုခရီးစဉ်များ ပါဝင်ပြသ ခြင်း၊ ဆလုံလူမျိုးခရီးသွားပွဲတော် ကျင်းပနိုင်ရန် ဆောင်ရွက်ခြင်း၊ ဒေသခံများအား အသိပေးခြင်း စသည့် အချက်များကိုလည်း အကောင်အထည်ဖော်မည်ဖြစ် ကြောင်း သိရသည်။

၂၀၁၅ တွင် မြိတ်ကျွန်းစုများ သို့ စက်တပ်ရွက်လှေ ၃၉၆ စီးဖြင့် နိုင်ငံခြားသားခရီးသွားဧည့်သည် ၃,၂၇၀ ဦး လာရောက်လည်ပတ်ခဲ့ပြီး ၂၀၁၆ တွင် ဇန်နဝါရီမှ နိုဝင် ဘာအထိ စက်တပ်ရွက်လှေ ၃၉၃ စီးဖြင့် နိုင်ငံခြားသား
ခရီးသွားဧည့် သည် ၃,၂၀၁ ဦး ဝင်ရောက်ခဲ့ ကြောင်း ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထား သည်။