ငွေဆောင်ကမ်းခြေသို့ ခရီးသွား လာရောက်မှု ၃၉ ရာခိုင်နှုန်းမြင့်တက်

၂၀၁၆ တွင် ငွေဆောင်ကမ်းခြေသို့ ပြည်တွင်း၊ ပြည်ပမှ ခရီးသွားဧည့်သည် ၁၀၀,၀၀၀ ကျော် လာရောက်လည်ပတ်ပြီး ယမန်နှစ်ထက် ၃၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးညွှန်ကြားမှုဦးစီးဌာန (ငွေ ဆောင်)မှ သတင်းရရှိသည်။


  ‘‘ငွေဆောင် ကမ်းခြေက သန့်ရှင်းပြီး သာယာလှပတဲ့အ တွက် ခရီးသွားဧည့်သည်တွေ လည်ပတ်မှုက တစ်နှစ်ထက် တစ်နှစ်မြင့်တက်လာပါတယ်။ အထူးသဖြင့် နိုင်ငံခြားသား ဧည့် သည်ဝင်ရောက်မှုက နှစ်ဆကျော် အထိ
မြင့်တက်လာတာကို တွေ့ ရတဲ့အတွက် နိုင်ငံခြားသား ဧည့် သည်တွေ စိတ်ဝင်စားမှုအမြင့်ဆုံး ကမ်းခြေတစ်ခုအနေနဲ့တောင် ပြောလို့ရပါတယ်’’ဟု ဟိုတယ် နှင့် ခရီးသွားလာရေး ညွှန်ကြားမှု ဦးစီးဌာန (ငွေဆောင်)
ညွှန်ကြား ရေးမှူး ဦးစိုးဝင်းက ပြောသည်။

ငွေဆောင်ဒေသသို့ ခရီး သွားဝင်ရောက်မှုသည် ၂၀၁၅ တွင် ၈၃,၀၀၀ ကျော်သာရှိရာမှ ယခုနှစ်၌ ၁,၁၈၀,၀၀၀ ခန့်အထိ လာရောက်လည်ပတ်မှုရှိ၍ ၃၉ ရာခိုင်နှုန်း တိုးတက်မှုရှိလာခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ခရီးသွားဧည့်သည်များထဲမှ နိုင်ငံခြားသား ဧည့်သည်ဝင်ရောက် မှုသည် ၂၀၁၅ အတွင်း ၁၄,၅၀၀ ကျော်သာရှိရာမှ ၂၀၁၆ တွင် ၃၀,၀၀၀ ခန့်အထိ ရှိလာ၍ နှစ်ဆ ကျော် မြင့်တက်လာခြင်း ဖြစ် ကြောင်း သိရသည်။

‘‘ခရီးသွားဧည့်သည် ၀င် ရောက်မှုက သိသိသာသာမြင့် တက်လာပါတယ်။ အခုက ဒီဇင် ဘာအားလပ်ရက်တွေမှာဆိုရင် ကမ်းခြေက ဟိုတယ်အားလုံးနီးပါး မှာ ဧည့်သည်တွေနဲ့ ပြည့်နေတတ် တဲ့အပြင် စည်ပင်လိုင်စင်နဲ့
ဖွင့် လှစ်ထားတဲ့ တည်းခိုခန်းတွေမှာ လည်း ဧည့်သည်တွေနဲ့ ပြည့်နေပါ တယ်’’ ဟု ဦးစိုးဝင်းကပြောကြား သည်။ ငွေဆောင်ကမ်းခြေ၌ ဟို တယ်နှင့် ခရီးသွားလာရေးဝန်ကြီး ဌာန၏ ခွင့်ပြုချက်ဖြင့် ဖွင့်လှစ်ထားသည့် ဟိုတယ် ၂၄ လုံးရှိပြီး စည်ပင်လိုင်စင်ဖြင့် ဖွင့်လှစ်ထားသည့် တည်းခိုခန်း ၂၅ ခုရှိသည်။

ကမ်းခြေ အရှည်မှာလေးမိုင် ရှိပြီး အနီးဝန်းကျင်၌ ချစ်သူများ ကျွန်းအပါအ၀င် အခြားလည်ပတ် စရာ နေရာများလည်းရှိ၍ ခရီး သွား ဧည့်သည်များ စိတ်ဝင်စား  မှု မြင့်တက်လာခြင်းဖြစ်သည်။

More in Tourism Section