နေဝင်ချိန်ကြည့်နိုင်မည့် နေရာသစ်များဖန်တီးရန် ကွင်းဆင်းလေ့လာမည်

ပုဂံနေ၀င်ချိန် ကြည့်ရှုနေသူ နှစ်ဦး ဓာတ်ပုံ − စိုင်းဇော်

ပုဂံဒေသတွင် ဘုရားများပေါ် တက်ရောက်ကာ နေဝင်ချိန်ကြည့်ရှုနိုင် မည့် နေရာသစ်များ ဖန်တီးရန် ကွင်းဆင်းလေ့လာမှုများ ပြုလုပ် မည်ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သတင်းရရှိသည်။


‘‘JICA နဲ့ ပူးပေါင်းပြီး ဆောင် ရွက်နေတဲ့ Viewing Mount တောင်ကုန်းအပြင် တခြားနေဝင် ချိန်ကြည့်နိုင်ဖို့ View Point တွေ ဖန်တီးပေးသွားမှာ ဖြစ်ပါတယ်။ ဘယ်နေရာတွေမှာ လုပ်သွားမယ် ဆိုတာကိုတော့ မြေပြင်
အခြေအ နေကို ကွင်းဆင်းလေ့လာမှုတွေ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်’’ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြော သည်။

လက်ရှိတွင် ပုဂံဒေသ၏ နေ ဝင်ချိန်ကို ကြည့်ရှုရန် ရွှေဆံတော် နှင့် တောင်ဂူနီဘုရားနှစ်ဆူကိုသာ တရားဝင်ခွင့်ပြုထားပြီး ခရီးသွား ဧည့်သည်များ အဆင်ပြေစွာ ကြည့်ရှုရန် JICA ၏ အကူအညီဖြင့် အနောက်ဖွားစောဘုရား အနီးရှိ ကိုမောက်ရေကန်ပေါင်ကို နေဝင် ချိန်ကြည့်နိုင်မည့် တောင်ကုန်းအ ဖြစ် မြှင့်တင်ရန်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

‘‘အခုရက်ပိုင်းတောင် ရွှေဆံ တော်ဘုရားက ညနေဘက်ကို နေ ဝင်ချိန်တက်ကြည့်တဲ့လူ အရမ်း များတဲ့အတွက် စူဠာမဏိဘုရား နားက အိုးထိန်းပဲ့တောင်နဲ့ အဲဒီ ဘေးက အိုးခြမ်းပဲ့တောင်၊ အဲဒီ တောင်ကမူလေးတွေမှာ သွားပြီး
နေဝင်ချိန်ပြပေးနေရတယ်။ အခု လို နေဝင်ချိန်ကြည့်ဖို့ နေရာသစ် တွေ ဖော်ဆောင်ပေးမယ်ဆိုရင် တော့ ခရီးသည်တွေအတွက် လည်း အဆင်ပြေတာပေါ့’’ဟု ပုဂံ ဟိုတယ်ဇုန်မှ ဝါရင့်ဧည့်လမ်းညွှန် ဦးဇော်ဝင်းချိုကပြောကြားသည်။

၂၀၁၆ ဒီဇင်ဘာ ၃၀ ရက် တွင် ရှေးဟောင်းသုတေသနနှင့် အ မျိုးသားပြတိုက်ဦးစီးဌာနတာဝန် ရှိသူများသည် မန္တလေးတိုင်းဒေသ ကြီး ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေစီမံခန့်ခွဲရေးအဖွဲ့၊ ပုဂံညောင်ဦးဒေသရှိ စီမံခန့်ခွဲရေး
ကော်မတီဝင်များ၊ လွှတ်တော် ကိုယ်စားလှယ်များနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများမှ တာဝန်ရှိ သူများနှင့် တွေ့ဆုံဆွေးနွေးပြီး ပုဂံ ဒေသတွင် View Point များ ဖန်တီးရန် အဆိုပြုထည့်သွင်းဆွေးနွေးခဲ့ သည်။

Top News