Credit Suisse ဘဏ္ဍာရေးလုပ်ငန်းကုမ္ပဏီဥက္ကဋ္ဌ တစ်ဂျာနီသီယန်

တစ်ဂျာနီသီယန်သည် အိုင်ဗရီကို့စ် စီးပွားရေးလုပ်ငန်းရှင်တစ် ဦးဖြစ်ပြီး ဆွစ်ဇာလန်နိုင်ငံရှိ နိုင်ငံ စုံဘဏ္ဍာရေးလုပ်ငန်းကုမ္ပဏီအုပ် စု Credit Suisse ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သည်။


သီယန်ကို ၁၉၆၂ ဇူလိုင် ၂၉ ရက်တွင် အိုင်ဗရီကို့စ်နိုင်ငံ၌ မွေး ဖွားခဲ့သည်။ ဆီနီဂေါနှင့် အိုင်ဗရီ ကို့စ်နိုင်ငံရှိ ထင်ရှားသော မိသားစုနှစ်စုမှ ဆင်းသက်လာသူဖြစ် သည်။ မိခင်သည် အိုင်ဗကို့စ်နိုင်ငံ ကို တည်ထောင်သူနှင့် ပထမဆုံး သမ္မတ၏ တူမတော်စပ်သူဖြစ် သည်။ ဖခင်က ဆီနီဂေါနိုင်ငံဖွား ဂျာနယ်လစ်ဖြစ်ပြီး အိုင်ဗရီကို့စ် သို့ ပြောင်းရွှေ့နေထိုင်ခဲ့သူဖြစ် သည်။

၁၉၈၂ တွင် သီယန်သည် ပါရီမြို့ Ecole Polytechnique သို့ ပထမဆုံးဝင်ရောက်ခွင့်ရသည့်အိုင်ဗရီကို့စ်နိုင်ငံသား ဖြစ်လာပြီး ၁၉၈၆ ၌ Ecole အမျိုးသား တက္ကသိုလ်တွင် ဆက်လက်တက်ရောက်ကာ အတန်းထဲ၌ ထိပ်ဆုံးတွင် ရပ်တည်ခဲ့သည်။ ယင်းနောက် INSEAD တွင် စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့(MBA) တက် ရောက်ရန် ပညာသင်ဆုရရှိခဲ့ပြီး ပါရီမြို့ Mckinsey ဘဏ္ဍာရေး ကုမ္ပဏီတွင် အလုပ်ဝင်ခဲ့သည်။

သီယန်သည် ၁၉၉၄ အထိ Mckinsey တွင် အလုပ်လုပ်ကိုင် ခဲ့ပြီး ထိုအချိန်က အိုင်ဗရီကို့စ် သမ္မတသစ် ဟင်နရီကိုနန်၏ တောင်းဆိုမှုအရ နိုင်ငံသို့ ပြန်လာ ကာ နည်းပညာလေ့လာမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အမျိုးသားဗျူရို (BNETD)၏ အမှုဆောင်အရာရှိ ချုပ်ဖြစ်လာသည်။ ယင်းဗျူရိုတွင် ၀န်ထမ်းပေါင်း ၄,၀၀၀ ကျော်ရှိပြီး သမ္မတနှင့် ၀န်ကြီးချုပ်ထံ တိုက် ရိုက်အစီရင်ခံရသည်။ ၁၉၉၈ တွင်အစိုးရအဖွဲ့၌ စီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေးဝန်ကြီးအဖြစ် တာ ၀န်ထမ်းဆောင်ခဲ့သည်။

၁၉၉၉ တွင် အိုင်ဗရီကို့စ်၌ အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း သီယန်သည် ပါရီမြို့ Mckinsey ကုမ္ပဏီသို့ ပြန်ရောက်လာကာ ၂၀၀၀ မှ ၂၀၀၂ အထိ လုပ်ကိုင်ခဲ့သည်။ Aviva စီနီယာအမှုဆောင် တာဝန် ယူပြီးနောက် ၂၀၀၇ ၌ နိုင်ငံစုံ အသက်အာမခံကုမ္ပဏီ Prud-ential PLC ၌ ဘဏ္ဍာရေးအရာရှိချုပ်အဖြစ် တာဝန်ယူသည်။ ၂၀၀၉ အောက်တိုဘာတွင် Prudential ၏ အမှုဆောင်အရာရှိချုပ် အဖြစ် ခန့်အပ်ခံရပြီး FTSE 100 စာရင်းဝင် ကုမ္ပဏီ
တစ်ခုကို ဦးဆောင် သော ပထမဆုံး အာဖရိကတိုက် သားဖြစ်လာသည်။ ၎င်း၏ လက်ထက်တွင် Prudential ၏ လုပ်ငန်းများ အောင်မြင်တိုးတက်ခဲ့ပြီးနောက် ၂၀၁၅ တွင် Credit Sui-sse ဆွစ်ဇာလန် ဘဏ္ဍာရေး
ကုမ္ပဏီကြီး၏ အမှုဆောင်အရာရှိချုပ်အဖြစ် တာဝန်ယူမည်ဟု ကြေညာခဲ့သည်။

သီယန်သည် အမေရိကန်သူ အန်းနက်နှင့် အိမ်ထောင်ကျခဲ့ပြီး  ကလေးနှစ်ဦး ထွန်းကားထား သည်။

—Ref: Wikipedia

Top News