ရန်ကုန်တိုင်းအတွင်း တီဘီရောဂါပိုးစစ်ဆေးသည့် စက် ၁၂ လုံးဖြင့် လူနာများကို အခမဲ့စစ်ဆေးပေးမည်

ရန်ကုန်တိုင်းအတွင်း တီဘီနှင့် ဆေးယဉ်ပါးရောဂါရှာဖွေရေးစက်၁၂ လုံးဖြင့် လူနာများကို ရောဂါအခမဲ့ရှာဖွေဖော်ထုတ် ကုသပေးမည်ဟု သတင်းရရှိသည်။

တစ်နိုင်ငံလုံးတွင်  ရန်ကုန်တိုင်းသည် လူဦးရေထူထပ်ခြင်းနှင့် ရွှေ့ပြောင်းသွားလာမှုများပြားခြင်းတို့ကြောင့် တီဘီရောဂါဖြစ်ပွားမှုအများဆုံးဖြစ်ပွားနေသကဲ့သို့ ဆေးယဉ်ပါး တီဘီဖြစ်ပွားမှုမှာလည်း အခြားတိုင်းနှင့် ပြည်နယ်များတွင် ၅ ရာခိုင်နှုန်းသာရှိနေသော်လည်း  ရန်ကုန်တိုင်းတွင် ၁၁ ရာခိုင်နှုန်းထိရှိနေသည်။ ထို့ကြောင့် ယခုကဲ့သို့ စက်များတပ်ဆင်၍ ရောဂါရှာဖွေမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တီဘီရောဂါကုဆရာဝန်ကြီးဒေါက်တာ ဇော်မြင့်က ပြောသည်။


 ‘‘အရင်က စက် ၁၀ လုံးရှိ တယ်။ ဒီနှစ်ကို စက်နှစ်လုံးထပ် တပ်ပြီး ရောဂါရှာဖွေသွားမယ်။ အဲဒီတော့ စက်က ၁၂ လုံးရှိလာ မှာ ဖြစ်ပါတယ်။ ဒါနဲ့ စစ်တယ်ဆို ရင် ပိုးကောင်ရေ တစ်ရာလောက် ကနေစပြီး တွေ့ရှိနိုင်ပါတယ်။ ဒီ စက်တွေနဲ့ အခမဲ့စစ်ဆေးပေးမှာ ဖြစ်သလို ဆေးကုသမှုအပိုင်းမှာ လည်း ဆေးကအခမဲ့ပါ’’ဟု ဒေါက်တာဇော်မြင့်က ပြောသည်။အဆိုပါ သလိပ်ပိုးစစ်ဆေး သည့် Genexpert စက်မှာ တီဘီ နှင့် ဆေးယဉ်ပါးတီဘီရောဂါများ အား နှစ်နာရီအတွင်း ပိုးရှိ၊ မရှိအ ဖြေထုတ်ပေးနိုင်ပြီး ယင်းစက်၏ ရောဂါရှာဖွေနိုင်မှုမှာ ၉၅ ရာခိုင် နှုန်းသေချာမှုရှိသည်။ ယင်းစက် ဖြင့် ရှာဖွေခြင်းကြောင့် အချိန်ကုန် သက်သာခြင်း၊ ရောဂါအမျိုးအ မည်တိကျမှုရှိခြင်းစသော အကျိုး ကျေးဇူးများရရှိနိုင်ကြောင်း သိရသည်။

အဆိုပါစက်များကို ရန်ကုန် တိုင်းအတွင်းရှိ မင်္ဂလာဒုံဆေးရုံ၊ မြောက်ဥက္ကလာပဝေဘာဂီဆေး ရုံ၊ အောင်ဆန်းတီဘီတိုက်ဖျက် ရေးဌာန၊ လသာတီဘီတိုက်ဖျက် ရေးဌာန၊ သန်လျင်မြို့နယ်ကျန်း မာရးဦးစီးဌာနတို့တွင် တပ်ဆင် ထားပြီး ယခုသင်္ဃန်းကျွန်းနှင့် သာကေတတို့၌ရှိသော မြို့နယ်ကျန်းမာရေးဌာနများတွင် ထပ်မံတပ်ဆင်မည် ဖြစ်သည်။

လက်ရှိတွင် ယင်းစက်များ ကို နေပြည်တော်အပါအ၀င် ကရင်၊ ပဲခူး (အရှေ့အနောက်)၊ တနင်္သာရီ၊ ရန်ကုန်၊ ကယား၊ ချင်း၊မန္တလေးနှင့် စစ်ကိုင်းတို့၌ တပ်ဆင် ထားပြီး ၂၀၁၄ နှစ်ကုန်အထိ ယင်းစက်များဖြင့် လူနာပေါင်း သုံး ထောင်ကျော်အား ရောဂါရှာဖွေပေးနိုင်ခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန   စာရင်းများ၌ ဖော်ပြထားသည်။

တီဘီရောဂါသည် ပြည်သူ့ ကျန်းမာရေးပြဿနာအဖြစ် တည်ရှိနေကာ ကမ္ဘာပေါ်တွင် နှစ်စဉ် ၉ ဒသမ ၆ သန်းခန့်ဖြစ်ပွားပြီး ၁ ဒသမ ၅ သန်းခန့် သေဆုံးနေ သည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်လူ ဦးရေ နှစ်သိန်းခန့်မှာ တီဘီရောဂါ ကူးစက်ခံစားနေရကာ ကမ္ဘာပေါ် ရှိ တီဘီရောဂါ၊ တီဘီနှင့် အိတ်ခ်ျ အိုင်ဗီရောဂါပူးတွဲအဖြစ်အများဆုံးနှင့် ဆေးယဉ်ပါးတီဘီအဖြစ်အများဆုံး နိုင်ငံ ၃၀ ထဲတွင် မြန်မာနိုင်ငံက အဆင့် ၁၁ နေရာ၌ တည်ရှိနေပြီး အရှေ့တောင်အာရှနိုင်ငံများတွင်စတုတ္ထအဆင့်နေရာ၌ရှိသည်။