အသက်ရှည်သူများလာ၍ သတိမေ့ရောဂါ ပိုမိုဖြစ်ပွားလာ

အသက်ကြီးလာသည်နှင့်အမျှ သတိမေ့ရောဂါဖြစ်ပွားနှုန်း များပြားလာနေသည်။ (ဓာတ်ပုံ−စိုင်းဇော်)

အသက်ရှည်သူဦးရေများလာသဖြင့် သတိမေ့ရောဂါများ ပိုမိုဖြစ်ပွားလာကြောင်း ရန်ကုန်မြို့ရှိ စိတ်ရောဂါကုဆရာဝန်ကြီးများထံမှ သိရှိရသည်။

‘‘လူတွေ အသက်ရှည်လာ တယ်။ ဥပမာ အသက် (၆၀) မတိုင်ခင် သေသွားမယ်ဆိုရင် နဂိုဒီရောဂါရဲ့ ဗီဇပါလည်း ဒီရောဂါ မရှိဘူး။ သူက အသက် (၆၀)၊ (၇၀)၊ (၁၀၀) နေလိုက်ရင် အဲဒီလို ဖြစ်လာမှာကိုး။ အသက်ပိုကြီးလာ လေလေ အဲဒီရောဂါတွေက ပိုများ လာလေလေပေါ့’’ဟု စိတ်ရောဂါ ကုဆရာဝန်ကြီး ပါမောက္ခဦးတင် ဦးက ပြောသည်။


အဆိုပါ သတိမေ့ရောဂါ သည် မွေးရာပါဗီဇပါလာခြင်းဖြစ် ပြီး အသက် (၄၀)အရွယ်ကစ၍ တဖြည်းဖြည်းဖြစ်ပေါ်လာကာ အသက် (၆၀)တွင်မူ ယင်းရောဂါ ကို ခံစားရတတ်ခြင်းဖြစ်သည်။

နှလုံးကျောက်ကပ် ရောဂါများကလည်း ယင်းရောဂါကို ဖြစ်ပေါ်စေနိုင်ခြင်းကြောင့် သတိပြုဆင်ခြင်သင့်ကြောင်း စိတ်ရောဂါကုဆရာဝန်ကြီးများကပြောသည်။

‘‘ပြီးတော့ နှလုံး၊ ကျောက် ကပ်ရောဂါတွေဖြစ်လာရင် အဲဒီ လိုရောဂါတွေကလည်း သတိမေ့ ရောဂါကို ဖြစ်စေတာပေါ့။ အ သက်ကြီးတဲ့သူတွေကို စောင့် ရှောက်ဖို့၊ ပြုစုဖို့လိုတယ်။ အသက်ကြီးလာတာနဲ့အမျှ သူ့ရဲ့ခန္ဓာကိုယ် ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေရှိလာ တာကိုး။ တခြားရောဂါတွေပေါင်း စပ်လာတာတွေလည်း ရှိလာ တယ်။ ဥပမာ သတိမေ့ရောဂါတို့၊သူငယ်ပြန်တာတို့ မှတ်ဉာဏ်မေ့ ရောဂါတွေဖြစ်လာတယ်။ တချို့ ကျတော့လည်း အသက်ကြီးလာ ရင် သိုက်သိုက်ဝန်းဝန်းမရှိတော့ ဘူး။ အထီးကျန်တယ်ဆိုရင် အထီးကျန်မှုကြောင့်လည်း စိတ်ပိုင်းဆိုင် ရာ ဝေဒနာတွေပေါ်လာတာပေါ့’’ ဟု ပါမောက္ခဦးတင်ဦးက ဆက် လက်ပြောကြားသည်။

၂၀၀၄ က မြို့ပြကျေးလက် နှစ်ခုပေါင်း ကောက်ယူခဲ့သော စိတ်ကျန်းမာရေးစစ်တမ်းအရ အ သက်ကြီးသူများတွင် သတိမေ့ ရောဂါဖြစ်ပွားမှုမှာ လူဦးရေတစ် ထောင်လျှင် လေးဦးနှုန်းနှင့် သူ ငယ်ပြန်ရောဂါဖြစ်ပွားမှုမှာ လူဦး ရေတစ်ထောင်လျှင် နှစ်ဦးနှုန်းရှိ ကြောင်း သိရသည်။

More in News Section

Top News