ကျိုက်ထိုမြေကွက်နှင့်ပတ်သက်၍ လွင်မိုး သတင်းစာရှင်းလင်းပွဲပြုလုပ်

ဓာတ်ပုံ-နစ်ကီ

ရုပ်ရှင်သရုပ်ဆောင် လွင်မိုးက ကျိုက်ထိုမြေ၀ယ်ယူမှု နှင့်ပတ်သက်၍ ၎င်း၏ဂုဏ်သိက္ခာ ကို ထိခိုက်လာပါက ဥပဒေ ကြောင်းအရ အရေးယူဆောင် ရွက်မည်ဟု ပြောကြားသည်။

‘‘ကျွန်တော်တို့က သူတို့နဲ့ တစ်ခါမှ မဆက်ဆံဖူးဘူး။ ဒီနေ့ မှ သတင်းစာရှင်းလင်းပွဲနဲ့ ဒီကိစ္စ ကို စပတ်သက်ခဲ့တာပါ။ ဘာဖြစ် လို့လဲဆို ဒီခြံနဲ့ပတ်သက်တာ မှန် သမျှသည် ကျွန်တော်ဝယ်ယူထား သူဖြစ်တဲ့ ကိုကျော်သူရလှိုင်ပဲ တာဝန်ရှိလို့ ကျွန်တော်မပတ် သက်ခဲ့ဘူး။ အခုကျွန်တော်သူတို့ ဘက်က သတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုတော့ ဒါကကျွန်တော့် ကိစ္စဖြစ်သွားပြီ။ ကျွန်တော်ပြော ချင်တာတစ်ခုကလည်း ခြံကိစ္စက လည်း ဥပဒေကြောင်းအရပဲ ဖြေ ရှင်းရသလိုဒီကိစ္စကိုလည်း ဥပဒေ ကြောင်းအရပဲ ဖြေရှင်းမယ်။ အဓိ ကအချက်ကတော့ ကျွန်တော်ရဲ့ ဂုဏ်သိက္ခာနဲ့ ကျွန်တော့်ရဲ့လူမှု ရေးကိစ္စတွေ ထိခိုက်လာပြီဆိုရင် တော့ ကျွန်တော်ကတရားစွဲတာ တွေ၊ အရေးယူတာတွေဆောင် ရွက်သွားမယ်’’ဟု လွင်မိုးကပြော သည်။

ရုပ်ရှင်သရုပ်ဆောင်လွင်မိုး သည် မွန်ပြည်နယ် ကျိုက်ထိုမြို နယ် ကင်မွန်းချောင်းကျေးရွာ ကွင်းအမှတ် ၁၇၆(က) ဇရပ်ကွင်း ဦးပိုင်အမှတ် (N-363)ရှိမြေ ကွက်နှစ်ဧကကို ဦးကျော်သူရလှိုင် ထံမှ ၂၀၁၆ မေလအတွင်းက ကျပ်သိန်း ၃,၉၅၀ ဖြင့်ဝယ်ယူရာ လေးလအကြာ၌ ခြံပိုင်ရှင်ဆိုသူ တစ်ဦး ထပ်မံထွက်ပေါ်လာခြင်း ဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ သရုပ်ဆောင်လွင်မိုးက ဇန်န၀ါရီ ၂ ရက်တွင် ရန်ကုန်မြို့၌ သတင်း စာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

‘‘ကျိုက်ထိုမှာဟိုတယ် ဆောက်ဖို့လုပ်ထားတဲ့ခြံလေးပါ။ အဲဒီခြံက ပိုင်ရှင်ရှိတယ်။ သူပိုင် ပါတယ်ဆိုပြီး လာတာပါ။ သူ့ရဲ့ အထောက်အထားတွေကအရင် ခြံပိုင်ရှင်နဲ့တွေ့တော့ မပြည့်စုံ ဘူး။ သူ့နေရာလည်း မဟုတ်ဘူး။ အဲဒါတွေ မှားနေတာဖြစ်တဲ့အ တွက် အရင်ခြံပိုင်ရှင်က ရှင်းထား ပြီးပြီ။ သမီးကျောင်းကိစ္စနဲ့ သြစ တြေးလျသွားနေတဲ့အချိန် စက် တင်ဘာလကုန်မှာ သူတို့ကခြံဝင် ခတ်တာပါ။ ကျွန်တော့်ဆီစာတစ် စောင်ရောက်လာခဲ့ပြီး ဒီခြံဟာ သူပိုင်ဆိုင်ကြောင်း၊ ဒီခြံပိုင်ဆိုင်မှု နဲ့ပတ်သက်ပြီး ကျွန်တော့်ကို လာ ရောက်ရှင်းလင်းပါရန်ဆိုတဲ့ အ ကြောင်းကြားစာရောက်လာ တယ်။ ဆိုးတာက စာရဲ့အောက် ဆုံးမှာ ဦးစောနေဗလု KNU လက်နက်နဲ့ငြိမ်းချမ်းရေးအဖွဲ့ ပါ လာတာမို့ ကိုကျော်သူရလှိုင်ကို ပြောတော့ သူက ဖြေရှင်းပေးနိုင် ကြောင်းပြောတယ်။ ကျွန်တော့် ဘက်က သူတို့ကို ကိုယ်ထိလက် ရောက် ဘာတစ်ခုမှ မလုပ်ခဲ့သလို ပြန်ပေးဆွဲဆိုတာတွေလည်း မ လုပ်ခဲ့ပါဘူး။ ကျွန်တော် BGF (နယ်ခြားစောင့်တပ်)နဲ့ ပူးပေါင်း ပြီးလည်း ဘာမှမလုပ်ခဲ့ပါဘူး’’ဟု လွင်မိုးကပြောသည်။

အဆိုပါခြံကိစ္စနဲ့ပတ်သက်၍ လာမည့် ဇန်န၀ါရီ ၅ ရက်တွင် ခြံပိုင်ရှင်ဟုဆိုသော ဗိုလ်မှူးစော နေဗလုကလည်း ရွှေဂုံတိုင် တော် ၀င်နှင်းဆီ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။

ဗိုလ်မှူးစောနေဗလု၏ ဒီဇင် ဘာ ၂၉ ရက်စွဲဖြင့် ဖြန့်ချိထား သည့် သတင်းစာရှင်းလင်းပွဲဖိတ် စာတွင် ယင်းမြေကွက် ၂ ဒသမ ၃၀ ဧကကို ၀ယ်ယူထားပြီး ၎င်း ပိုင်ဆိုင်သည့်မြေကွက်ပေါ်တွင် ရုပ်ရှင်သရုပ်ဆောင် ဦးလွင်မိုးနှင့် BGF လက်နက်ကိုင်အဖွဲ့က ကျူး ကျော်ခြံခတ်၍ ၎င်းအပါအ၀င် လူ ပုဂ္ဂိုလ် လေးဦးကိုမတရားအမှု ဆင်တရားစွဲထားသည်ဟုဖော်ပြ ပါရှိသည်။ ဖိတ်စာတွင် လေးစား စွာဖြင့် ဗိုလ်မှူးစောနေဗလု Aung Zabu Soe ၊ မန်နေဂျင်း ဒါရိုက်တာ၊ KNLA (KTL) Kaw K'Mu Khu Co;Ltd ဟုဖော်ပြထား သည်။

More in News Section