ရင်သွေးလွယ်ထားရပြီလို့ သတင်းတွေထွက်ပေါ်နေတဲ့ မိုးယုစံ

ဓာတ်ပုံ-စိုင်းဇော်

 သရုပ်ဆောင်မိုးယုစံ တွင် ရင်သွေးလွယ်ထားရပြီဟု လူမှုကွန်ရက်၌   သတင်းများ ထွက်ပေါ်နေပြီး    ၎င်းတို့ဇနီး မောင်နှံအသုံးပြုသည့် လူမှုကွန် ရက်အကောင့်များ၌    ဂုဏ်ပြု ကြောင်း စာသားများကို မိတ်ဆွေ များက ရေးသားထားသည်။

ဒီဇင်ဘာ ၃၀ ရက်က သရုပ် ဆောင် မိုးယုစံ၏ ခင်ပွန်း ကိုစွမ်းသူမိုးက ၎င်း၏ ကိုယ်ပိုင်လူမှုကွန် ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် သတင်းကောင်းအဖြစ်  ရေးသား ထားခဲ့ခြင်းဖြစ်သည်။

"Life has begun!!! It's perfect.. Totally perfect.. Thanks to everything that can make it change.. 30. 12. 2016 No words can describe that feeling.. " ‘‘အားလုံးပြည့်စုံ သွားပြီ။ အပြောင်းအလဲအတွက် အစစအရာရာ ကျေးဇူးတင်ပါ တယ်။ ဒီခံစားချက်ကို ဖော်ပြဖို့ စကားလုံးတောင်မရှိပါဘူး’’ဟု ရေးသားထားခြင်းဖြစ်သည်။

အဆိုပါ သတင်းထွက်ပေါ် လာမှုနှင့်အတူ ၎င်းတို့၏ မိတ်ဆွေ သူငယ်ချင်းများက လူမှုကွန်ရက် ပေါ်တွင် ဂုဏ်ယူဝမ်းမြောက် ကြောင်း ဆုတောင်းပေးထားရာ မိုးယုစံက ‘‘သေချာမသိသေးပါ ဘူး။ ဟုတ်ဖို့တော့ များပါတယ်။ ဟုတ်ရင်တောင် ရက်ပိုင်းပဲရှိပါ သေးတယ်။ အထင်မှားကြမှာစိုး လို့ပါ’’ဟု ပြန်လည်ရေးသားထား ခဲ့သည်။

သရုပ်ဆောင် မိုးယုစံတို့ ဇနီး မောင်နှံသည် ၂၀၁၆ အောက်တို ဘာအတွင်း မင်္ဂလာဧည့်ခံပွဲ လေး ပွဲကျင်းပခဲ့ခြင်းဖြစ်ကာ လက်ထပ်ပြီး နှစ်လအကြာ၌ ရင်သွေး လွယ်ထားရပြီဟု သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။

၎င်းတို့၏ မင်္ဂလာဧည့်ခံပွဲ များကို အောက်တိုဘာ ၁၈ ရက်က ဆီဒိုးနားဟိုတယ်၌ မင်္ဂလာ မော်ကွန်းတင် လက်မှတ်ရေးထိုး ပွဲ၊ အောက်တိုဘာ ၂၀ ရက်က မဟာစည်သာသနာ့ရိပ်သာ၌ မင်္ဂ လာဦးဆွမ်းကျွေး၊ အောက်တိုဘာ ၂၉ ရက်က Melia ဟိုတယ်တွင် စုလျားရစ်ပတ်လက်ထပ်မင်္ဂလာ ပွဲနှင့် အောက်တိုဘာ ၃၁ ရက်က မင်္ဂလာညစာစားပွဲအခမ်းအနား ကို နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ် ခဲ့သည်။

Top News