၂၀၁၆ နိုင်ငံတကာ ပြောစကားများ

အောင်မြင်တဲ့ ကြယ်ပွင့်တစ်ယောက်ဖြစ်နေချိန်မှာ မိန်းမတွေဟာ အဲဒါမျိုးလုပ်ခွင့် ပေးကြတယ်။ ခင်ဗျားဘာမဆို လုပ်လို့ရတယ်။ (အမျိုးသမီးများ၏ မအင်္ဂါများကို ကိုင်တွယ်မှုနှင့် ပတ်သက်၍ ဒေါ်နယ်ထရန့်ပြောစကား။)


ရုရှားနိုင်ငံအပေါ် ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင် ဖက်တွေက တားဆီးပိတ်ဆို့ထားတာတွေကို မကြာ ခင် ပယ်ဖျက်ပေးမယ်လို့ ကျွန်တော်မထင်ဘူး။ ဒါကြောင့် သူတို့ရဲ့ ထုတ်ကုန်တွေကို ကျွန်တော်တို့ ဆက်ပြီး ပိတ်ပင်သွားရပါမယ်။ (ရုရှားသမ္မတ ဗလာဒီမာပူတင်က အနောက်တိုင်း၏ တားဆီးပိတ်ဆို့မှုများနှင့်ပတ်သက်၍ ပြောကြား သောစကား။)


ကောင်းချီးမင်္ဂလာပေးခြင်းခံရတဲ့ ကိုးလ်ကတ္တားရဲ့ မာသာထရီဆာကို သူတော်စင်အဖြစ် ကျွန်တော်က သတ်မှတ်ကြေညာပါတယ်။ သူ့ကို ကျွန်တော်တို့ သူတော်စင်စာရင်းထဲထည့်လိုက်ပါတယ်။ (ပုပ်ရဟန်းမင်းကြီး ဖရန်စစ်)


ကျွန်တော် ဒီနိုင်ငံကိုချစ်ပါတယ်။ ဒီရာထူးကို ထမ်း ဆောင်ခဲ့ရလို့ ကျွန်တော်ဂုဏ်ယူမိပါတယ်။ ဒီ ကြီး ကျယ်တဲ့ နိုင်ငံတော် အောင်မြင်မှုရဖို့ အနာဂတ်မှာ ကျွန်တော်လုပ်ပေးနိုင်တာအားလုံးကို လုပ်ပေးသွား ပါမယ်။ ကျေးဇူးအများကြီးတင်ပါတယ်။ (ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂမှ ခွဲထွက်သည့် လူထုဆန္ဒ ခံယူပွဲပြီးနောက် ဗြိတိန်ဝန်ကြီးချုပ်ရာထူးမှ နုတ် ထွက်ကြောင်း ကြေညာရာတွင် ဒေးဗစ်ကင်မရွန်း ပြောကြားသောစကား။)


လူထုဆန္ဒခံယူပွဲမှာ ကျွန်မတို့ဟာ တစ်နိုင်ငံတည်း သော ဗြိတိန်နိုင်ငံအနေနဲ့ မဲထည့်ခဲ့ကြတဲ့အတွက် ဥရောပသမဂ္ဂက ထွက်တဲ့အခါလည်း တစ်နိုင်ငံ တည်း ဗြိတိန်နိုင်ငံအနေနဲ့ ထွက်ပါမယ်။ လက်ရှိ အလုပ်သမားတွေရဲ့ တရားဥပဒေဆိုင်ရာ အခွင့် အရေးတွေကို ကျွန်မ ၀န်ကြီးချုပ်ဖြစ်နေသရွေ့ ခွင့်ပြုပေးသွားမှာဖြစ်ပါတယ်။ (ဗြိတိန်ဝန်ကြီးချုပ် ထရီဆာမေက အီးယူမှ ဗြိတိန် နိုင်ငံထွက်ခွာမှုနှင့်ပတ်သက်၍ ပြောကြားသော စကား။)


ဟစ်တလာဟာ ဂျူးလူမျိုး သုံးသန်းကို အစုလိုက် အပြုံလိုက် သတ်ပစ်ခဲ့တယ်။ အခု မူးယစ်ဆေးစွဲ နေတဲ့လူ သုံးသန်းရှိနေတယ်။ သူတို့ကို ကျွန်တော် ပျော်ပျော်ကြီး သတ်ပစ်မယ်။ (ဖိလစ် ပိုင်သမ္မတ ဒူဘာတီ)

မှန်ကန်တဲ့ဟာအတွက် တိုက်ပွဲဝင်ခြင်းဟာ ထိုက် တန်တယ်လို့ ယုံကြည်နေတာကို လုံးဝမရပ်လိုက် ကြပါနဲ့။ (အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ် ထရန့်ကို ရှုံးနိမ့်ကြောင်း ၀န်ခံပြောကြားရာ၌ ဟီလာရီကလင်တန်၏ ပြောစကား။)

ရာသီဥတုပြောင်းလဲတာဟာ အမှန်တကယ်ဖြစ်နေ တာပါ။ အဲဒါ အခုလောလောဆယ်ဖြစ်နေတာပါ။ အဲဒါဟာ ကျွန်တော်တို့ သက်ရှိမျိုးစိတ်အားလုံး ရင် ဆိုင်နေရတဲ့ အရေးကြီးဆုံး အန္တရာယ်တစ်ခုပါ။ ကျွန်တော်တို့ အတူတကွအလုပ်လုပ်ဖို့ လိုပါတယ်။ (ပထမဆုံးသော အော်စကာဆုကို လက်ခံရယူပြီး နောက် ဟောလိဝုဒ်မင်းသား လီယိုနာဒိုဒီကာပရီယို ပြောကြားသောစကား။)


ဂရမ်မီဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံး တေး အယ်လ်ဘမ်ဆုကို နှစ်ကြိမ်ရတဲ့ ပထမဆုံး အမျိုး သမီးအနေနဲ့ အဲဒီက အမျိုးသမီးငယ်တွေအားလုံးကို ကျွန်မပြောချင်တာက ရှင်တို့ရဲ့အောင်မြင်မှုကို လျှော့ချပစ်ဖို့ကြိုးစားမယ့် လူတွေကို ကြုံတွေ့ရမယ် ဒါမှမဟုတ် ရှင်တို့ရဲ့အောင်မြင်မှု၊ ကျော်ကြားမှု တွေကို အခွင့်ကောင်းယူမယ့်လူတွေ ကြုံလိမ့်မယ်လို့ ပြောချင်ပါတယ်။ ဒါပေမဲ့ အလုပ်အပေါ်ပဲ အာရုံ စိုက်နေမယ်။ အဲဒီလူတွေကြောင့် ကိုယ်လုပ်နေတာ ကို လမ်းချော်ခွင့်မပြုဘူးဆိုရင် ရှင်တို့ သွားချင်တဲ့ နေရာကို တစ်နေ့ရောက်လာမယ်လို့ ပြောချင်ပါ တယ်။ (၂၀၁၆ ဂရမ်မီဆုပေးပွဲ၌ တေလာဆွစ်ဖ် ပြောကြား သော စကား။)

ငြိမ်းချမ်းရေးအတွက် အခွင့်အရေးပေးလိုက်ပါ။ (ကိုလံဘီယာနိုင်ငံ၏ ၅၂ နှစ်ကြာစစ်ပွဲကို အဆုံး သတ်စေမည့် ဖာ့စ်သူပုန်များနှင့် အစိုးရကြား သဘောတူညီမှုကို လက်မှတ်ရေးထိုးရာတွင် ကိုလံ ဘီယာသမ္မတ ဟွန်မန်နူရယ်ဆန်းတို့စ်က ပြောကြား ခဲ့သောစကား။)

ခင်ဗျားကြောက်တယ်လို့ မခံစားရဘူးဆိုရင်တော့ လူမဟုတ်တော့ဘူး။ ကျွန်တော်ကတော့ ကြောက်ရွံ့ မှုက ကျွန်တော့်ကို ထက်မြက်စေတဲ့ စိတ်ခံစားချက် တစ်ခုလို သဘောထားဖို့ သင်ယူထားတယ်။ (ဧ၀ရက်တောင်သို့ တက်ရောက်နိုင်ခဲ့သော အသက် အငယ်ဆုံး ဗြိတိန်လူစွန့်စား ဘဲယားဂရေးစ်၏ ပြော စကား။)

ကျွန်တော်ဟာ မန်ချက်စတာရဲ့ ဘုရင်ဖြစ်မှာမဟုတ်ဘူး။ မန်ချက်စတာရဲ့ ဘုရားသခင်ဖြစ်လာမှာပါ။ (ပြင်သစ်လက်ရွေးစင်ဘောလုံးသမားကြီး အဲရစ်ကန်တိုနာက ၎င်းသည် မန်ချက်စတာ၏ မင်းသား တစ်ပါးဖြစ်လာမည်ဆိုသော ပြောဆိုမှုကို ဆွီဒင် လက်ရွေးစင် အီဗရာဟီမိုဗစ်က တုံ့ပြန် ပြောကြား သော စကား။)

ကျွန်မ ဘာမှမတတ်နိုင်ဘူး။ ဒါပေမဲ့ မတရားမှုရဲ့ ခါးသီးတဲ့အရသာကို ခံစားလိုက်ရတယ်။ (ဘရာဇီးလွှတ်တော်၏ စွပ်စွဲပြစ်တင်ခြင်း ခံရပြီးနောက် ဘရာဇီး သမ္မတဟောင်း ဒီလ်မာရူးဆက်ဖ် ပြောစကား)