သန်လျင်နည်းပညာတက္ကသိုလ် ကျောင်းသား ၆၀ ဦးအား Networking သင်တန်း အခမဲ့ပို့ချမည်

 Samsung Tech Institute အစီအစဉ်အဖြေစ် သန်လျင် နည်းပညာတက္ကသိုလ်နှင့်ပူးပေါင်း၍ အဆိုပါတက္ကသိုလ်ရှိ ကျောင်းသား ခြောက်ဆယ်အား Networking သင်တန်း အခမဲ့ ပို့ ချမည် ဖြစ်ကြောင်း Samsung မြန်မာက သတင်းထုတ်ပြန်သည်။

‘‘အခုလိုကျောင်းသားကျောင်း သူ လူငယ်တွေရဲ့ အသက်မွေး ၀မ်းကျောင်း ပညာရပ်တွေကို တစ်ဖက်တစ်လမ်းက ပံ့ပိုးနိုင်မယ့် သင်တန်းတွေကို နှစ်စဉ်အောင် အောင်မြင်မြင် ဖွင့်လှစ်နိုင်ခဲ့တဲ့ အတွက် ၀မ်းသာဂုဏ်ယူမိသလို ဒီသင်တန်းတွေကို တက်ရောက် တဲ့ ကျောင်းသားကျောင်းသူ တွေအနေနဲ့လည်း ပညာရပ်ဆိုင် ရာ အကျိုးကျေးဇူးတွေရရှိကြ လိမ့်မယ်လို့ ယုံကြည်ပါတယ်’’ဟု Samsung Myanmar မှ PR and Citizenship မန်နေဂျာ ကိုစိုးသူရ ကပြောသည်။

Samsung Tech Institute အနေဖြင့် အဆိုပါသင်တန်းကို ဒီ ဇင်ဘာလကုန်ကစ၍ တစ်လကြာ သင်ကြားပေးမည်ဖြစ်ပြီး သင် တန်းအတွက် လိုအပ်သည့်ကွန်ပျူ တာမော်နီတာများ၊ လေအေးပေး စက်များ၊ မီးအားထိန်းညှိစက်နှင့် အခြားသော စာရေးကိရိယာပစ္စည်းများကို သန်လျင်နည်း ပညာတက္ကသိုလ်သို့ ပံ့ပိုးပေးမည်ဖြစ်ကြောင်းသိရသည်။

‘‘အခုသန်လျင်နည်းပညာ တက္ကသိုလ်နဲ့ ပူးပေါင်းပြီး ဖွင့် လှစ်လိုက်တဲ့ ဒီ Networking Training ဟာ မြန်မာနိုင်ငံမှာ အ ကောင်အထည်ဖော်နေတဲ့ ကျွန် တော်တို့ Samsung Tech Institute Program အောက်က တတိယမြောက် သင်တန်းအမျိုး အစားတစ်ခုဖြစ်ပါတယ်’’ဟု ကို စိုးသူရကပြောသည်။

Networking သင်တန်းပြီး ဆုံးချိန်တွင် အရည်အချင်းစစ် စာ မေးပွဲကျင်းပမည်ဖြစ်ပြီး ဆန်ခါ တင်အရည်အချင်းပြည့်မီသော သင်တန်းသူ၊ သင်တန်းသားများ ကို လူတွေ့အင်တာဗျူးနှင့် အ ရည်အချင်းစစ် စာမေးပွဲကျင်းပ ကာ နောက်ဆုံးအဆင့် ရွေးချယ်ခံ ရသည့် သင်တန်းသူ၊ သင်တန်း သား ၁၀ ဦးအား သင်တန်းဆင်း ပွဲတွင် Cisco Exam ၀င်ကြေးကို ဆုကြေးအဖြစ်အသီးသီးပေးအပ် မည်ဖြစ်ကြောင်း Samsung မြန်မာမှ သတင်းရရှိသည်။