လေးဖြူရဲ့သီချင်း MTV ရိုက်ကူးခွင့်ရတဲ့ အပေါ် ဂုဏ်ယူမိတဲ့ မေဂရေ့စ်ပယ်ရီ

လာမည့်နှစ်အတွင်း ဘွဲ့ ရပြီးပါက ရန်ကုန်တွင် အနုပညာ အလုပ်များ ဆက်တိုက်လုပ် ဆောင်မည်ဟု မော်ဒယ်သရုပ် ဆောင် မေဂရေ့စ်ပယ်ရီက ပြော သည်။

‘‘မေ နောက်နှစ် ဇူလိုင်ကျ ရင်တော့ တက္ကသိုလ်ဘွဲ့ရပြီ။ အဲ ဒါပြီးရင်တော့ ရန်ကုန်ပြန်လာဖို့ အစီအစဉ်ရှိတယ်။ အဲဒီအချိန်ကျ ရင်တော့ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်သွားမယ်။ မေ့ကို ဝေဖန်စရာရှိလည်း ဝေဖန်ပါ’’ဟု မေဂရေ့စ်ပယ်ရီက ပြောသည်။

မေဂရေ့စ်သည် ရန်ကုန်မြို့ သို့ နိုဝင်ဘာလကုန်က ခေတ္တပြန် လာပြီး အဆိုတော်လေးဖြူ၏ ‘စိတ်ပူတယ်’ Music MTV တေးသီချင်းတွင် ပါဝင်သရုပ်ဆောင်ရသည်ကို ဂုဏ်ယူမိကြောင်း ပြောသည်။

‘‘မေ ရန်ကုန်ကိုပြန်ရောက် ချိန်မှာ မေ့အတွက် စိတ်လှုပ်ရှား စရာတစ်ခုကတော့ ဦးလေးဖြူရဲ့ စိတ်ပူတယ် Music MTV ထဲမှာ သရုပ်ဆောင်ထားတယ်။ မေတစ် ယောက်တည်းပဲ သရုပ်ဆောင် ထားတာပါ။ ဦးလေးဖြူက မေ့ရဲ့ ငယ်ငယ်ကတည်းက အကြိုက်ဆုံး အဆိုတော်တွေထဲမှာပါပြီး အရမ်းလည်း လေးစားတယ်။ မေ အရမ်း ကြိုက်တဲ့ သီချင်းမှာ သရုပ်ဆောင်ခဲ့ရတာကိုလည်း ဂုဏ်ယူတယ်’’ ဟု မေဂရေ့စ်က ပြောသည်။

အဆိုပါ တေးသီချင်း MTV သည် ဖေဖော်ဝါရီအတွင်း ထွက် ရှိမည်ဖြစ်ပြီး မေဂရေ့စ်ပယ်ရီက လာမည့် ဖေဖော်ဝါရီလကုန်ပိုင်း၌ ဩစတြေးလျနိုင်ငံသို့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရ သည်။

မေဂရေ့စ်သည် ၂၀၁၆ အကယ်ဒမီစာရင်းဝင် ဇာတ်ကား ဖြစ်သည့် ‘အေဒင်ရဲ့ နတ်သမီး’ ဇာတ်ကားတွင် စိုင်းစိုင်းခမ်းလှိုင်၊ ပိုင်ဖြိုးသု၊ ဝင့်ယမုံလှိုင်၊ မြနှင်း ရည်လွင်၊ မာရီကိုးလ်တို့နှင့်အတူ ပါဝင်သရုပ်ဆောင်ထားပြီး လက် ရှိတွင် ရုပ်ရှင်ကားများရိုက်ကူးရန် အဆင်ပြေမှုမရှိသေးဟု ဆိုသည်။

‘‘မေက အခုရန်ကုန်မှာ တစ် ချိန်လုံးမရှိတော့ ရှိတဲ့အချိန်ခဏ လေးနဲ့ ဒါရိုက်တာတွေ၊ သရုပ် ဆောင်တွေကလည်း အချိန်ဇယားတွေ အပြည့်ဆိုတော့ မေနဲ့ မတိုက်ဆိုင်သေးလို့ ရိုက်ဖို့အဆင်မပြေ သေးဘူး’’ဟု ဆိုသည်။

မေဂရေ့စ်ပယ်ရီသည် ဩစ တြေးလျနိုင်ငံတွင် Media and Communication ဘာသာရပ် ကို ပညာသင်ကြားနေသည်။

Top News