လက်ရှိ အစိုးရလက်ထက် ငြိမ်းချမ်းရေးရရန် အခွင့်အလမ်းအကောင်းဆုံးဖြစ်သော်လည်း စိန်ခေါ်မှုများရှိနေဆဲ

ဤခရီး(ငြိမ်းချမ်းရေး)နီးပြီလားခေါင်းစဉ်ဖြင့် အသိပညာမျှဝေပွဲကျင်းပနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)

လက်ရှိ အစိုးရ သစ်လက်ထက်တွင် ငြိမ်းချမ်းရေး ရရှိရန် အခွင့်အလမ်းအကောင်း ဆုံးဖြစ်သော်လည်း ပထဝီနိုင်ငံ ရေးအခြေအနေအပါအဝင် စိန် ခေါ်မှုများစွာရှိနေကြောင်း ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များ၌ ပါဝင် ဆောင်ရွက်နေသည့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အ ဖွဲ့ကိုယ်စားလှယ်များက ပြော ကြားသည်။

‘ဤခရီး(ငြိမ်းချမ်းရေး)နီးပြီ လား’ ခေါင်းစဉ်ဖြင့် ကျင်းပသည့် အသိပညာမျှဝေပွဲကို ဒီဇင်ဘာ ၃၀ ရက်က ပဲခူးတိုင်း ကြို့ပင်ကောက် မြို့တွင် ကျင်းပရာ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးဦးလှမောင် ရွှေ၊ ပအိုဝ်းတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ (PNLO) ဥက္ကဋ္ဌခွန် မြင့်ထွန်းနှင့် ဦးရန်ကျော်တို့က ဦး ဆောင်ဆွေးနွေးခဲ့သည်။ အဆိုပါ အသိပညာမျှဝေပွဲကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS)နှင့် သာယာဝတီခရိုင်နိုင် ငံရေးအကျဉ်းသားဟောင်းများပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။

 လက်ရှိ အစိုးရကို ဦးဆောင်ဖွဲ့စည်းခဲ့သည့် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်(NLD)၏လူထု ထောက်ခံမှု၊ တရားဝင်မှုနှင့်လူ ကြိုက်များမှုတို့က မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက်ပိုင်း ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အ ခြေခံအကောင်းဆုံး၊ အားအ ကောင်းဆုံး အခြေအနေဖြစ်သည် ဟု ဦးလှမောင်ရွှေက ဆိုသည်။

‘‘ဒီလိုတရားဝင်မှုနဲ့ လူကြိုက် များမှုရှိတော့ နိုင်ငံတကာက လည်း ထောက်ခံတယ်။ လူထု လည်း ထောက်ခံတယ်။ နောက် အတိုက်အခံလည်းဖြစ်တော့ တိုင်းရင်းသားတွေဘက်ကလည်း အ များကြီးမျှော်လင့်တယ်။ တချို့ဆို ရင် အရင်အစိုးရမှာ မထိုးဘဲနဲ့ ဒီ ဘက်အစိုးရလက်ထက်မှာ ထိုး မယ်ဆိုတဲ့ စဉ်းစားကြတဲ့လူတွေ လည်း ရှိခဲ့တော့ ဒီအချိန်လောက် ကျွန်တော်တို့အတွက် အခွင့်အ လမ်းကောင်းတာ မရှိပါဘူး။ နောင်မှာ ကျွန်တော်တို့အခွင့်အ လမ်းကောင်းမယ်ဆိုတာ မသေ ချာဘူး’’ဟု​ ၎င်းက ပြောသည်။

လက်ရှိ   ၂၁   ရာစုတွင် ငြိမ်းချမ်းရေးသည် ရိုးစင်းခြင်းမရှိ တော့ဘဲ ပထဝီနိုင်ငံရေးနှင့်များစွာပတ်သက်နေသည်ဟု ဦးလှမောင် ရွှေက ၎င်း၏အမြင်ကို ဆွေးနွေး သည်။

‘‘အခု တိုက်ပွဲဖြစ်တဲ့နေရာ တွေ ကြည့်ကြည့်ပါ။ ကျွန်တော် တို့က ငြိမ်းချမ်းရေးထဲမှာ ဝင်ပါ နေရတော့ ပြောရဆိုရတာ အရမ်း ဆင်ခြင်ရတာပေါ့။ ဒါပေမဲ့ တချို့ တိုင်းရင်းသားလက်နက်ကိုင်တပ် ဖွဲ့က နေ့တိုင်း တိုက်နေတဲ့ ကျည် ဆန်ဖိုးရယ်၊ နေ့တိုင်းတိုက်နေတဲ့ သူ့ရဲ့တပ်ဖွဲ့အတွက် ထောက်ပံ့မှု တွေ၊ အဲဒါတွေ ဘယ်က ရနေသ လဲပေါ့၊ ဘယ်လိုဖြစ်နေသလဲဆို တာကလည်း သူနဲ့ပဋိပက္ခဖြစ်နေ တဲ့ တပ်မတော်ဘက်မှာလည်း မေးခွန်းထုတ်စရာလေးတွေ ဖြစ် တော့ ငြိမ်းချမ်းရေးဖြစ်စဉ်က ကျွန်တော်တို့ အစိုးရတစ်ခုတည်း၊ တပ်မတော်တစ်ခုတည်း၊ တိုင်း ရင်းသားလက်နက်ကိုင်တင်မ ဟုတ်ဘဲနဲ့ ၂၁ ရာစုမှာ ပိုပြီးတော့ ပေါ်လာတဲ့ ပထဝီနိုင်ငံရေးနဲ့အ ရမ်းပတ်သက်တယ်’’ဟု ဦးလှ မောင်ရွှေက ပြောသည်။

PNLO ဥက္ကဋ္ဌ ခွန်မြင့်ထွန်း ကလည်း ‘‘ဒီပထဝီနိုင်ငံရေးအရ ပြောမယ်ဆိုရင် ကျွန်တော်တို့အ ချင်းချင်းအကြားမှာ ပဋိပက္ခတွေ ချုပ်ငြိမ်းသွားပေမယ့်လို့ ကျွန် တော်တို့ တိုင်းပြည်က အင်အား ကြီးတဲ့သူတွေရဲ့စီးပွားရေးစစ်တ လင်း၊ နိုင်ငံရေးစစ်တလင်း ဆက် ဖြစ်နေဦးမယ်ဆိုရင် ကျွန်တော်တို့ ဟာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးမရနိုင် သေးပါဘူး။ ဒါဟာ သေချာတဲ့ အချက်ဖြစ်ပါတယ်’’ဟု ပြော သည်။  လက်ရှိ အစိုးရသက်တမ်း ကိုးလအတွင်း ငြိမ်းချမ်းရေး ဆောင်ရွက်မှုများကို အစိုးရခေါင်း ဆောင်များ၊ တပ်မတော်တာဝန်ရှိ များနှင့်ညှိနှိုင်းပြီး  ဆောင်ရွက် နေသည်ဟု နားလည်ကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တာဝန်ရှိသူများက နိုင်ငံရေးသဘော တူညီချက်များကို သုံးနှစ်မှ ငါးနှစ်အတွင်း ပြီးစီးအောင်ရယူမည်ဆို သည့် ရည်မှန်းချက်ရှိကြောင်း ဦးလှမောင်ရွှေကပြောကြားသည်။

ယခင် စစ်အစိုးရလက်ထက် က နိုင်ငံရေးပြဿနာများ ဆွေး နွေးဖြေရှင်းခွင့် မရခဲ့ကြောင်း၊ လက်ရှိ အခြေအနေမှာ ရွေး ကောက်ပွဲမှ တက်လာသည့် လူထုအစိုးရ၊ တစ်နည်းအားဖြင့် နိုင်ငံ ရေးအစိုးရဖြစ်ကြောင်း၊ ငြိမ်းချမ်း ရေးကို နိုင်ငံရေးအစိုးရလက် ထက်တွင် ဖော်ဆောင်ရခြင်းသည် အပြောင်းအလဲကြီးတစ်ရပ်ဖြစ် ကြောင်း ခွန်မြင့်ထွန်းက ပြော သည်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA)သည် ငြိမ်းချမ်းရေးရရှိရေး အတွက် ပြီးပြည့်စုံသည့်စာချုပ် မဟုတ်သော်လည်း ငြိမ်းချမ်းရေး ရရှိရန် အခွင့်အလမ်းကို ဖန်တီး ထားကြောင်း ပအိုဝ်းတိုင်းရင်း သားလက်နက်ကိုင်အဖွဲ့ (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောသည်။

ငြိမ်းချမ်းရေးအတွက် တပ်မ တော်၏သဘောထားက များစွာ အရေးကြီးကြောင်း အစိုးရနှင့် တိုင်းရင်းသားများက မည်ကဲ့သို့ ငြိမ်းချမ်းရေးရချင်သည်ဖြစ်စေ တပ်မတော်က သဘောမတူပါက ငြိမ်းချမ်းရေးမရနိုင်ဟု ဦးရန်ကျော်က ပြောသည်။ ရာဇသံဆန်သည့် မူဝါဒများနှင့် လုပ်နေသမျှကာလ ပတ်လုံး ငြိမ်းချမ်းရေးရမည်မ ဟုတ်ဟုလည်း ၎င်းက ဆိုသည်။

‘‘အာဏာဟာ သေနတ် ပြောင်းဝက လာတယ်ဆိုတဲ့ အယူအဆကိုလည်း စွန့်ရမှာဖြစ်သလို သေနတ်မရှိရင် ပါးစပ်မရှိဘူးဆို တဲ့ အယူအဆကိုလည်း စွန့်ပယ် ပြီး ဆွေးနွေးနိုင်မှသာ အောင်မြင် တယ်’’ဟု PNLO ဥက္ကဋ္ဌ ခွန်မြင့် ထွန်းက ပြောသည်။

တပ်မတော်၏သဘောထား ဆိုသည်မှာ ညှိနှိုင်းယူရမည့်အ လုပ်ဖြစ်ကြောင်း၊ ယခင်အစိုးရ လက်ထက်က တပ်မတော်အနေ ဖြင့် ၎င်း၏ရပ်တည်ချက်အရ အ လျှော့မပေးနိုင်ခဲ့သည့်ကိစ္စများ ရှိ သော်လည်း လက်ရှိ အစိုးရလက် ထက်တွင် ပြန်လည်စဉ်းစားညှိနှိုင်း  ပေးသည့် ကိစ္စရပ်များရှိကြောင်း ဦးလှမောင်ရွှေက ပြောသည်။

‘‘ဥပမာ AA၊ TNLA နဲ့ MNDAA ကိစ္စတွေမှာဆိုရင် ပြန် ပြီးတော့ ညှိနှိုင်းပေးတယ်။ ဒါပေမဲ့အဲဒီလို ပြန်ညှိနှိုင်းပေးလို့မှ ဝမ်း သာလို့ မဆုံးသေးဘူး။ နိုဝင်ဘာ ၂၀ လောက်မှာ တိုက်ပွဲပြန်ဖြစ် တော့ အခုန ယုံကြည်မှုက နောက် ပြန်ဆုတ်သွားတယ်’’ဟု ၎င်းက ဆိုသည်။

ငြိမ်းချမ်းရေးရရှိရေးခရီးစဉ် သည် ရှည်ကြာသော်လည်း နီးသ ထက်နီးအောင် လုပ်နိုင်သည့်အ ခွင့်အလမ်းရှိနေ၍ ပြည်သူများအ ပါအဝင် အားလုံးက ငြိမ်းချမ်းရေး ရရှိရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်ရန် လိုအပ်ကြောင်း ဦးလှမောင်ရွှေက ပြောသည်။ ‘‘နီးသလားမေးရင် တကယ်နီးပါ တယ်။ မြန်ချင်ရင် ဝိုင်းတွန်းလိုက် ကြရအောင်။ ဒါပေမဲ့ ဝေးသွားနိုင် တဲ့ အကြောင်းအရာတွေလည်း ကျွန်တော်တို့အားလုံးရဲ့စိန်ခေါ်မှုတွေဖြစ်တယ်’’ဟု ၎င်းက ပြောသည်။ လက်ရှိ ငြိမ်းချမ်းရေးရရှိရေး အတွက် ယုံကြည်မှုတည်ဆောက် ရန် လိုအပ်နေကြောင်း၊ အမျိုး သားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီခရီးလမ်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် စွမ်းဆောင်ရည် မြှင့်တင်ခြင်းလုပ်ဆောင်ရန်၊ အစိုးရ၊ နိုင်ငံရေးပါတီနှင့် နိုင်ငံရေးပါတီများအပါအဝင် အင်စတီကျူးရှင်း များအားကောင်းရန်နှင့်   စီးပွားဖွံ့ဖြိုးတိုးတက်မှုရှိလာရန်တို့ကို အဓိက လုပ်ဆောင်ရမည် ဖြစ် ကြောင်း ဆွေးနွေးပွဲဦးဆောင် ဟောပြောသူများက ဆွေးနွေးခဲ့ သည်။