IFFHS ၏ ၂၀၁၆ ကမ္ဘာ့အကောင်းဆုံး ထိပ်တန်းလိဂ်ဂိုးသွင်းရှင်ဆု ဆွာရက်ဇ် တတိယအကြိမ်ရရှိ

 နိုင်ငံတကာ ဘော လုံးသမိုင်းနှင့် စာရင်းအင်းအဖွဲ့ ချုပ် (IFFHS) က ချီးမြှင့်သော ကမ္ဘာ့အကောင်းဆုံး ထိပ်တန်း လိဂ်ဂိုးသွင်းရှင်ဆုများကို ၂၀၁၀ က အေဂျက်ဇ်အသင်း၊ ၂၀၁၄ က လီဗာပူးအသင်းတို့ဖြင့်  ရရှိခဲ့သော တိုက်စစ်မှူး လူးဝစ်ဆွာရက်ဇ် သည် ၂၀၁၆ အတွက် ချီးမြှင့် သော ယင်းဆုကို ဘာစီလိုနာအ သင်းနှင့်အတူ တတိယအကြိမ် သိမ်းပိုက်လိုက်သည်။

 ဥရုဂွေးတိုက်စစ်မှူးဆွာ ရက်ဇ်သည် ရော်နယ်ဒို (၂၀၁၄ နှင့် ၂၀၁၅)၊ မက်ဆီ (၂၀၁၂နှင့် ၂၀၁၃) တို့ကို ကျော်ဖြတ်၍ ယင်း ဆုကို သုံးကြိမ်အထိရရှိသော ဘောလုံးသမားအဖြစ် မှတ်တမ်း ၀င်သွားသည်။ ၎င်းသည် ဘာစီလို နာအတွက် ယင်းရာသီအတွင်း ဂိုးပေါင်း ၄၀ သွင်းယူခဲ့ပြီး အီဗရာ ဟီမိုဗစ်၊ ဟီဂူအင်နှင့်ရော်နယ်ဒို တို့၏ သွင်းဂိုးများထက် ပိုများခဲ့ သည်။


ဂျာမနီနှင့်ဘိုင်ယန်ဂိုးသမား နျူအာမှာ IFFHS က ချီးမြှင့်သော ကမ္ဘာ့အကောင်းဆုံးဂိုးသမားဆု ကို ၂၀၁၆ အပါအ၀င် လေးနှစ်ဆက်တိုက် ရရှိခဲ့ပြီး ဒုတိယနေရာတွင် ဘူဖွန်နှင့် တတိယနေရာတွင် ပက်ထရီဇီယိုတို့ အသီးသီးရပ်တည်နေသည်။

ကမ္ဘာ့အကောင်းဆုံးကစား ကွက်ဖန်တီးရှင်ဆုကို အာဂျင်တီး နားနှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ဒုတိယအကြိမ်ရရှိခဲ့ သည်။ ယင်းဆုကို ၂၀၀၈ မှစ၍ ဇာဗီ(လေးကြိမ်)၊ အင်နီယေစ တာ(နှစ်ကြိမ်)နှင့် မက်ဆီ (နှစ် ကြိမ်)တို့က ရရှိခဲ့ပြီး ၂၀၁၄ ၌ တိုနီခရု့ဇ်က  ကြားဖြတ်ရရှိခဲ့သည်။

၂၀၁၆ ကမ္ဘာ့အကောင်းဆုံး ကလပ်နည်းပြဆုကို အက်သ လက်တီကိုနည်းပြ ဆီမြွန်နီက ပထမဆုံးအကြိမ်ရရှိခဲ့ပြီး ဒုတိယ နေရာမှ ရီးရဲလ်နည်းပြ ဇီဒန်း ထက် အမှတ် အနည်းငယ်အသာ ဖြင့်ယင်းဆုကို ရရှိခဲ့ခြင်းဖြစ် သည်။ တတိယအကောင်းဆုံး နည်းပြနေရာတွင် လက်စတာ နည်းပြရာနီရေရီရှိနေသည်။

ကမ္ဘာ့အကောင်းဆုံး နိုင်ငံ အသင်းနည်းပြဆုကို ပေါ်တူဂီအ သင်းအား ယူရို ၂၀၁၆ ချန်ပီယံ ဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့သော ဖာနန်ဒိုဆန်းတို့စ်က ရရှိခဲ့သည်။

ယင်းဆုများကို နိုင်ငံပေါင်း ၅၆ နိုင်ငံမှ ဘောလုံးပညာရှင်များ က မဲစနစ်ဖြင့်ရွေးချယ်ခဲ့ခြင်းဖြစ် သည်။          Ref; iffhs-de