အရွယ်မြန်မြန်ကျစေတဲ့ အစားအစာတွေကိုသိသလား

အရွယ်တင်နုပျိုချင်နေတဲ့ခေတ်မှာ ရှိရင်းစွဲအသက်ထက် ပိုပြီးရင့်နေ၊ အရွယ်ကျနေတာမျိုးဟာ အစား အသောက်တွေနဲ့လည်း ဆိုင်တာမို့ ဘာတွေစားရင် အိုမင်းရင့်ရော်မှု စောစေသလဲဆိုတာ လေ့လာ ကြည့်ရအောင်ပါ။

အလွယ်စာ၊ အမြန်စာတွေ ခဏခဏ စားရင်အသွင်ပြောင်း ဆီတွေကြောင့် အသားအရေတွေ မကောင်းသလို သွေးကြောတွေမှာ လည်း အဆီပိတ်နိုင်ပြီး နှလုံးအလုပ်ပိုလုပ်ရကာ ဒုက္ခပေးနိုင်ပါတယ်။ နောက်ပြီး ပါဝင်ပစ္စည်းအတုတွေ၊ အနံ့အရသာတွေ၊ အရောင်တွေလိုတာထက် ပိုပြီးထည့်သွင်းထုတ်ထားတဲ့ အသင့်စားအစားအစာ တွေ စားရင်လည်း အရွယ်ကျနိုင်သလို အငန်တွေသိပ်စားလွန်းရင် လည်း ဖြစ်နိုင်ပါတယ်။

ကော်ဖီလိုမျိုး  ကဖိန်းဓာတ်ပါ တဲ့ အစားအစာတွေ အများကြီး သောက်၊ စားမယ်ဆိုရင် ခန္ဓာကိုယ်ရေဓာတ်ကုန်ခန်းမှု မြန်ဆန်စေတဲ့ အတွက် ပင်ပန်းနွမ်းနယ်ပြီး ရုပ်အ ကျမြန်စေသလို အသားအရေစို ပြည်မှုကိုပါ ထိခိုက်စေပါတယ်။

အရက်သေစာအလွန်အကျွံ သောက်စားတာ၊ အားဖြည့်အချို ရည်တွေ၊ ဆိုဒါတွေအသောက် များတာတွေကြောင့်လည်း အရွယ်ကျစေတယ်လို့ ဆိုပါတယ်။ ဒါတင် မက အချိုတွေ သိပ်စားလွန်းရင် နှလုံး၊ ဆီးချိုနဲ့ ကင်ဆာတွေအထိ ဖြစ်နိုင်သလို ဆေးသကြားလိုမျိုး အချိုအရသာတုတွေကလည်း ဒုက္ခပေးနိုင်ပါတယ်။

နောက်ပြီး ငရုတ်သီးတွေ အ များကြီးသုံးထားတဲ့ အချဉ်အစပ် အစားအစာတွေ အများကြီးစား တာမျိုးတွေနဲ့ ကဆီဓာတ်များတဲ့ အစားအစာတွေချည်းစားရင် လည်း  အရွယ်ကျနိုင်တယ်လို့ သိရပါတယ်။

Ref: healthyleo