ရွှေဖရုံသီးကို အလှအပအတွက် ဘယ်လိုသုံးမလဲ

လိမ္မော်ရောင်ရှိပြီး ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိနဲ့ ဗီတာမင်အေ ကြွယ်ဝတဲ့ ဖရုံသီးဟာ အမြင်အာရုံကောင်းစေခြင်း၊ အသားအရေ ကောင်းစေခြင်းတွေနဲ့ ပြည့်စုံစေပါတယ်။ ဟင်းလျာအဖြစ် စားသောက်ဖို့သာမက အလှအပအတွက်ပါ ဘယ်လိုသုံးစွဲသင့်တယ်ဆိုတာ ဖော်ပြပေးချင်ပါ တယ်။

သဘာဝကြေးချွတ်ဆေးအဖြစ် သုံးနိုင်ခြင်း- အသားရောင်မည်း ပြီး ခြောက်သွေ့နေလေ့ရှိတဲ့ တံ တောင်ဆစ်၊ ဒူးခေါင်းနဲ့ ခြေဆစ် လက်ဆစ်နေရာတွေကို ပုံမှန်အ သားရောင်ဖြစ်ပြီး စိုပြည်စေချင် တယ်ဆိုရင် ရွှေဖရုံသီးကို အနှစ် ဖြစ်အောင် ကြိတ်ခြေပြီး သံလွင် ဆီအနည်းငယ်နဲ့ရောကာ မည်းနေ တဲ့ နေရာကိုနှိပ်နယ်သုတ်လိမ်းပြီး ရေချိုးတာမျိုး လုပ်ပေးနိုင်ပါတယ်။

သဘာဝမျက်နှာသစ်ဆေးအဖြစ် သုံးနိုင်ခြင်း -ဖရုံသီးအနှစ် လက် ဖက်ရည်တစ်ပန်းကန်လုံးကို ဒိန် ချဉ်၊ ပျားရည်အနည်းငယ်နဲ့ အညို ရောင်သကြားလက်ဖက်ရည်ဇွန်း နှစ်ဇွန်းရောမွှေပြီး မျက်နှာအနှံ့ သုတ်လိမ်းပြီး ၁၀ မိနစ်လောက် ထားပြီးရင် ရေကြက်သီးနွေးလေးနဲ့  သစ်ပေးရင် မျက်နှာအသားအရေ ကြည်စင်ဝင်းပစေပါတယ်။

အသားရေအစိုဓာတ်ထိန်းနိုင်ခြင်း - ပလတ်စတစ်ခွက် အသေးတစ် ခုထဲကို ဖရုံသီးအနှစ်နဲ့ အုန်းဆီကို ရောမွှေပါ။ တစ်ကိုယ်လုံးဆပ်ပြာ တိုက် ရေချိုးပြီးတာနဲ့ ရောမွှေထား တဲ့အနှစ်ကို ခန္ဓာကိုယ်တစ်ခုလုံး အနှံ့သုတ်လိမ်းပြီး အသားခြောက် တဲ့ နေရာတွေကို သေချာသုတ် လိမ်းကာ နှိပ်နယ်ပေးပါ။ မိနစ်အ နည်းငယ် ကြာရင်တော့ ရေနွေး နွေးလေးနဲ့ ချိုးလိုက်ရင် အသားအရေစိုစိုပြည်ပြည်လေးဖြစ်နေ တာ တွေ့ရမှာပါ။

ဆံပင်ပျော့ဆေးအဖြစ် သုံးနိုင်ခြင်း

-ဖရုံသီးအနှစ်နဲ့  အုန်းဆီရော ထားတာကိုပဲ    ဆံပင်ကိုသုတ် လိမ်းပြီး မိနစ်အနည်းငယ်ကြာရင် လျှော်ပေးတာမျိုး လုပ်ပေးရင် ဆံသားလေးတွေ ပျော့ပျောင်းစေ မှာပါ။

ခြေဖနောင့်ကွဲအက်မှု သက်သာ စေခြင်း- ဖရုံသီးအနှစ်ရယ်၊ သံလွင်ဆီရယ်၊ ဆားကြမ်းရယ်အနည်းငယ်စီရောပြီး    ကွဲအက်နေတဲ့ ဖနောင့်ကို လိမ်းပြီး ရေခပ်နွေးနွေးလေးနဲ့ ဆေးကြောတာမျိုး လုပ် ပေးရင် ပျောက်ကင်းနိုင်ပါတယ်။

နှုတ်ခမ်းကွဲသက်သာစေခြင်း -ဖရုံ သီးအနှစ်အနည်းငယ်၊ အုန်းဆီနဲ့ အညိုရောင်ဆားအနည်းငယ်ကို ရောမွှေပြီး နှုတ်ခမ်းပေါ်လိမ်း၊ လက်ညှိုးလေးနဲ့ ညင်ညင်သာသာနှိပ် နယ်ပေးပြီး လျှာနဲ့သပ်ချလိုက်တဲ့ အခါ စိုပြည်တဲ့နှုတ်လမ်းသားလေး ရရှိမှာပါ။

Ref: healthdigezt