မော်ဒယ်အွန်ဆိုင်းနှင့် တွေ့ဆုံခြင်း

‘‘အွန်ဆိုင်းက မော်ဒယ်ဆိုတော့ တစ်ခါတလေတော့လည်း ၀တ်ရတဲ့အရာလေးတွေလည်းရှိတယ်။ ဒါကို နားလည်ပြီး အားပေးနေတဲ့ ပရိသတ်တွေကို အထူးကျေးဇူးတင်တယ်’’
ဓာတ်ပုံ-အွန်ဆိုင်းဖေ့စ်ဘွတ်ခ်

မော်ဒယ်လောကတွင် နှစ်ကာလ ရှည်ကြာစွာရပ်တည်နေနိုင်ပြီး မိမိ၏အသက်မွေးဝမ်းကျောင်းမှု ပညာရပ်ကို ခိုင်မာကျွမ်းကျင်စွာ လုပ်ဆောင်နေသူက ကချင်တိုင်းရင်းသူမော်ဒယ် အွန်ဆိုင်းပင်ဖြစ်သည်။ သူမ၏မော်ဒယ်
အလုပ်အကိုင် အတွက်လည်း ခန္ဓာကိုယ်အ လေးချိန်ထိန်းသိမ်းမှုဆိုင်ရာ လေ့ကျင့်မှုများအပါအ၀င် သူမ၏နေ့စဉ် လှုပ်ရှားသွားလာမှုများကို လူမှုကွန်ရက်စာမျက်နှာတွင်လည်း မကြာခဏတင်ပေးလျက်ရှိပြီး ပရိသတ်လက်ခံ
အားပေးမှု အခိုင်အမာရရှိထားသော မော်ဒယ်အွန်ဆိုင်းနှင့် မော်ဒယ်ရေးရာများကို တွေ့ဆုံမေးမြန်းခဲ့ ပါသည်။


အွန်ဆိုင်းရဲ့ လက်ရှိအနု ပညာလှုပ်ရှားမှုတွေအကြောင်း ပြောပြပေးပါဦး။

ဒီရက်ပိုင်းတွေကတော့ အ လုပ်ရှုပ်နေတယ်။ ဓာတ်ပုံရိုက် တယ်။ ပွဲတွေတောက်လျှောက်တက်ဖြစ်တယ်။

အနုပညာလောကမှာလည်း အချိန်တစ်ခုရပ်တည်လာတာ ကြာပြီဆိုတော့ သရုပ်ဆောင်ပိုင်းကိုကော စလုပ်ဖို့ အဆင်သင့်ဖြစ်ပြီလား။

အွန်ဆိုင်းကားကတော့ မရိုက်ဖြစ်သေးပါဘူး။ အခုကတော့ အစီအစဉ်မရှိသေးဘူးပဲ ပြောလို့ရမယ်။ အခုထိတော့ အွန်ဆိုင်း ဓာတ်ပုံရိုက်မယ်။ ပွဲတက်မယ်။ ရှိုးလျှောက်မယ်။မော်ဒယ်နဲ့ဆက်စပ်တဲ့ အလုပ်တွေမှန်သမျှကို လုပ်သွားမယ်ရှင့်။

ဒါဆိုရင် ဘယ်အချိန်လောက်မှာ မင်းသမီးတစ်ယောက်အနေနဲ့ ပရိသတ်တွေတွေ့ခွင့်ရနိုင်မလဲ။

အွန်ဆိုင်းကို တကယ်ဆွဲဆောင်နိုင်တဲ့ ရိုက်ကူးမှုမျိုးဆိုရင်တော့ စဉ်းစားရင် စဉ်းစားသွားမှာပါ။ ၂၀၁၇ ထဲမှာလည်း အဲဒီလိုမျိုး အွန်ဆိုင်းကို အရမ်းဆွဲဆောင်နိုင်တဲ့ အရာရှိရင်တော့ May be စဉ်းစားမှာပါ။

အွန်ဆိုင်းကို အရမ်းဆွဲ ဆောင်နိုင်မယ့် အရာမျိုးကကော ဘယ်လိုဇာတ်ရုပ်မျိုးဖြစ်မလဲ။

ကာရိုက်တာတစ်ခုတည်းမျိုး တော့ မဟုတ်ပါဘူး။ အဘက်ဘက် အားလုံးကိုပါ။ ပြောချင်တာက တော့ အစစအရာရာပေါင်းစုံဆွဲ ဆောင်နိုင်တာမျိုးပေါ့။ ကိုယ်လုပ် ရကျိုးနပ်မယ့်ဟာမျိုးပေါ့။ အခုထိ ကတော့ ဇာတ်ကားရိုက်မှာကို တော့ ခေါင်းထဲထည့်ပြီး မစဉ်းစား ဖြစ်သေးဘူး။ ကိုယ့်ကိုဆွဲဆောင် နိုင်တာရှိရင် စဉ်းစားမှာပါ။

Photo Model တစ်ဦးအနေနဲ့ ရပ်တည်တဲ့အချိန်မှာ အွန်ဆိုင်း ရိုက်တဲ့ ဓာတ်ပုံတွေကလည်း ပရိ သတ်တွေ သဘောကျတာနဲ့ထပ် တူကျတာမျိုးတွေ ရှိတယ်။ အဲဒီအတွက် ကိုယ်တိုင်ကကော ဘယ်လိုပြင်ဆင်ဖြစ်လဲ။

ပြင်ဆင်တာနှစ်မျိုးရှိတယ်။ ဥပမာ-ကိုယ်က ဒီဇိုင်နာနဲ့ လက် တွဲတဲ့အချိန်ဆိုရင်လည်း ကိုယ့်ကို တကယ်နားလည်တဲ့ ဒီဇိုင်နာ၊ ကိုယ့်အကြောင်းကိုသေချာသိတဲ့ ဒီဇိုင်နာ၊ ကိုယ်ကလည်း ယုံကြည် ရတဲ့ ဒီဇိုင်နာနဲ့ လက်တွဲလုပ်တယ်။ နောက်တစ်ခုက ကိုယ်ကဒီဖက်ရှင် အကြောင်းကို နားလည်ဖို့ အွန် လိုင်းကနေ အများကြီးလေ့လာ တယ်။ နောက်ပြီးတော့ အဲဒီလိုပုံ ကောင်းထွက်နိုင်ဖို့အတွက် အ ၀တ်အစားမိတ်ကပ်ပြင်ဆင်မှု တင်မကဘူး။ ခန္ဓာကိုယ်လှပမှု၊ ကျန်းမာမှု၊ ကိုယ့်ကိုယ်ကိုယ် ယုံ ကြည်မှုရှိဖို့ ပြင်ဆင်မှုအပိုင်းတွေ အများကြီးလိုပါတယ်။

ကိုယ့်ရဲ့ ဓာတ်ပုံတစ်ပုံထွက် လာတဲ့အချိန်မှာ ပရိသတ်တွေဆီ က ဝေဖန်မှုကြားရရင်ကော ဘယ် လိုရင်ဆိုင်လဲ။

အွန်ဆိုင်းက အလုပ်တစ်ခု မလုပ်ခင် အရမ်းစဉ်းစားတယ်။ လုပ်တာတန်လား၊ ကောင်းလား၊ ဘယ်လိုလဲပေါ့နော်။ ဒါပေမဲ့ လုပ် ပြီးသွားရင်တော့ ဝေဖန်တာကို ခေါင်းထဲသိပ်မထည့်တော့ဘူး။ ဘာလို့လဲဆို အွန်ဆိုင်းလုပ်တဲ့အ ရာ တစ်ခုတိုင်းစီက တကယ်ကို လုပ်သင့်တဲ့အရာ၊ အကျိုးရှိတဲ့အ ရာ၊ ပြောချင်တာက လမ်းဖောက် လိုက်တဲ့အရာဖြစ်ရင်လည်း ဖြစ် မယ်။ ကိုယ်လုပ်တဲ့အရာ တစ်ခု ချင်းစီတိုင်းက သေချာစဉ်းစားပြီး လုပ်ထားတဲ့အတွက် ကိုယ့်ကိုယ် ကိုယ် ကျေနပ်တယ်။

ဒီနှစ် New Year ကိုကော ဘယ်လိုအစီအစဉ်တွေနဲ့ဖြတ်သန်းသွားဖို့ရှိလဲ။

အွန်ဆိုင်းအခုထိ New Year  Plan တော့ မရှိသေးဘူး။ ဘုရား ကျောင်းသွားဖို့ပဲ ရှိတယ်။

မကြာခင်မှာ နှစ်သစ်ရောက် တော့မယ်ဆိုတော့ လာမယ့်နှစ်မှာ ကော အရင်နှစ်တွေနဲ့ မတူဘဲကိုယ့်ကိုယ်ကိုယ် ဘာတွေပြောင်းလဲသွားဖို့ရှိလဲ။

လာမယ့်နှစ်မှာ အွန်ဆိုင်းကို ပုံစံအမျိုးမျိုးတော့ မြင်ရမယ်။ အွန်ဆိုင်းကလည်း အမြဲတမ်းကိုယ့် ကိုယ်ကိုယ်    ပြောင်းလဲရတာ ကြိုက် တော့ အပြောင်းအလဲတော့ မြင် ရမယ်။ အွန်ဆိုင်းဒီလောကထဲ ရောက်တာလည်း သက်တမ်းက ခုနစ်နှစ်လောက်တော့ ရှိပြီ။ ခုနစ်နှစ်ဆိုတာ အွန်ဆိုင်းက တက္ကသိုလ် တက်ကတည်းက ရောက်နေတာ။ ဘာလို့လဲဆိုတော့ ကျောင်းတက် တာလည်း Day ဆိုတော့ ရိုက်လိုက်ကျောင်းတက်လိုက်
လုပ်ခဲ့တာ။ ကျောင်းကမုံရွာမှာဆိုတော့ ကျောင်းပြန်တက်လိုက်၊ ရိုက်လိုက်ဆိုတော့ အနုပညာလောကထဲ ရောက်တာ ကြာသွားတာပါ။

အွန်ဆိုင်းရဲ့ နောက်ပိုင်းဖက် ရှင်မော်ဒယ်ဟန်ပန်တွေကကော အနောက်တိုင်းဘက် ပိုဆန်မလား၊အာရှဘက်ပဲ သွားမှာလား၊

အွန်ဆိုင်းက အလုပ်ကိုသိပ် ပြီး ဘောင်ခတ်မထားပါဘူး။ အာ ရှက လူလည်းအနောက်တိုင်းကို လိုက်နေတာပဲ။ အားလုံးကတစ်ခု တည်းပဲ။ မော်ဒယ်လိုင်းက တစ်ခု တည်းပါပဲ။

အွန်ဆိုင်းကို အခုချိန်ထိအား ပေးတဲ့ ပရိသတ်တွေ၊ အွန်ဆိုင်းလုပ်သမျှ အနုပညာတွေကို သဘောကျ တဲ့ ပရိသတ်တွေကိုကော ဘာများ ပြောကြားချင်ပါသလဲ။

အွန်ဆိုင်းကျေးဇူးအများကြီး တင်တယ်။ အွန်ဆိုင်းက မော်ဒယ် ဆိုတော့ တစ်ခါတလေကျရင် လုပ်ရတာခက်တယ်။ မြန်မာနိုင်ငံက အမြင်ချင်းမတူဘူး။ ရန်ကုန်က အ မြင်နဲ့နယ်ကအမြင် အမျိုးမျိုးပေါ့။ အမြင်မတူတဲ့ကြားမှာ အွန်ဆိုင်းကလည်း မော်ဒယ်ဆိုတော့ တချို့အရာတွေဆို တစ်ချိန်လုံးထဘီဝတ်လို့ မရတာမျိုးရှိတယ်။ တစ်ခါတလေမှာ မြန်မာပြည်နဲ့ လိုက်ဖက် မယ်။ တစ်ခါတလေတော့လည်း မော်ဒယ်ဖြစ်တော့ ၀တ်ရတဲ့အရာ လေးတွေလည်း ရှိတယ်။ ဒါကိုနားလည်ပြီး အားပေးနေတဲ့ ပရိသတ်တွေကို အထူးကျေးဇူးတင်တယ်။ အွန်ဆိုင်းလုပ်တဲ့အရာကို နားလည်ပေးတယ်။ ခံစားပေးတယ်။ အားပေးတဲ့အတွက် စိတ်ထဲကနေလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တယ်။
ရင်ထဲကနေ ကျေးဇူးတင်တယ်။

ကျေးဇူးတင်ပါတယ်။

Top News