မင်းကွန်းဆရာတော်ကြီး၏အသုံးအဆောင်ပစ္စည်းများ မီးလောင်ကျွမ်းခဲ့ခြင်းမရှိ ဆရာတော်ကြီးအသုံးအဆောင်ပစ္စည်းများကို လာရောက်ဖူးမြော်နိုင်ကြောင်း နာယကဆရာတော်မိန့်ကြား

မင်းကွန်းဆရာတော်ကြီး၏ အသုံးအဆောင်ပစ္စည်းများကို ဆရာတော်က ပြသနေစဉ်

မင်းကွန်းတိပိဋက ဓမ္မ နာဒပရိယတ္တိစာသင်တိုက်အ တွင်း မီးလောင်ကျွမ်းမှုကြောင့် မင်းကွန်းဆရာတော်ဘုရားကြီး၏ အသုံးအဆောင်ပစ္စည်းများဆုံးရှုံး ခဲ့သည်ဟု သတင်းများထွက်ပေါ် နေခြင်းသည် မှန်ကန်ခြင်းမရှိဘဲ ဆရာတော်ကြီး၏ အသုံးအ ဆောင်ပစ္စည်းများ မပျက်စီးဘဲ ပုံမှန်အတိုင်း လာရောက်ဖူးမြော် နိုင်ကြောင်း နာယကဆရာတော် ဘဒ္ဒန္တကေသရက မိန့်ကြားသည်။

‘‘ဆရာတော်ကြီး သီတင်း သုံးခဲ့တဲ့ ကျောင်းဆောင်ရဲ့အ နောက်ဘက်က သံဃာခြောက် ပါးနေတဲ့ ကျောင်းဆောင်မှာ မီး လောင်ကျွမ်းမှုဖြစ်ခဲ့တာပါ။ အရင် က အဲဒီထဲမှာ ရှိခဲ့တဲ့ ဆရာတော် ကြီးရဲ့ အသုံးအဆောင်တွေက လည်း ပြတိုက်ထဲကို ရွှေ့ထားပြီး သားဖြစ်ပါတယ်။ အဲဒါကို မသိ တဲ့ ဆရာတော်တစ်ပါးက ဖြေ လိုက်မိတဲ့အတွက် အခုလို သ တင်းတွေ ထွက်လာတာ ဖြစ်ပါ တယ်’’ဟု ဘဒ္ဒန္တကေသရက မိန့် ကြားသည်။

ပြီးခဲ့သည့်နှစ်ပိုင်းက မိုးများ ၍ ရေကြီးစဉ်အတွင်း ယခုမီး လောင်ကျွမ်းသည့် ကျောင်း ဆောင်၏ အရှေ့ဘက်ရှိ တံတိုင်း တစ်ခုပြိုကျခဲ့၍ ကျောင်းဆောင် ပေါ်တွင်ထားရှိသော ဆရာတော် ကြီးနှင့်ပတ်သက်သည့် သမိုင်းဝင် ပစ္စည်းများနှင့် အသုံးအဆောင် ပစ္စည်းများအားလုံးကို မဟာဗုဒ္ဓ ဝင်ပြတိုက်နှင့် ရာပြည့်ကျောင်း ဆောင်ကြီးပေါ်သို့ ပြောင်းရွှေ့ ထားခဲ့သဖြင့် အဆိုပါပစ္စည်းများ မီးလောင်မှုဒဏ်မှ ကင်းလွတ်ခဲ့ ကြောင်း ဆရာတော်က ဆက် လက်မိန့်ကြားသည်။

‘‘ဆရာတော်ကြီးရဲ့အသုံး အဆောင်ပစ္စည်းတွေကို အရင်က တည်းက လာရောက်ဖူးမြော်နေ တဲ့ လူတွေလည်း ရှိတဲ့အတွက် အခုလည်း ပုံမှန်အတိုင်းလာ ရောက်ဖူးမြော်ကြနိုင်ပါတယ်လို့ ပြောချင်ပါတယ်’’ဟု နာယက ဆရာတော်ဘဒ္ဒန္တကေသရက မိန့် ကြားသည်။

လက်ရှိတွင် မင်းကွန်းဆရာ တော်ကြီးအသုံးပြုခဲ့သည့် သင်္ကန်း တော်၊ သပိတ်တော်၊ ဆင်စွယ် ယပ်ဝန်းတော်၊ ပိဋကတ်ပေစာ များ၊ ပုရပိုက်များအပါအဝင် ရေးသားပြုစုခဲ့သော စာအုပ်များ ကို စနစ်တကျထိန်းသိမ်းထားပြီး လာရောက်ဖူးမြော်လိုသူများ လေ့ လာနိုင်ရန် ပြသထားသည်။

Top News