ပူလစ်ဇာဆုရှင် ဒေးဗစ်ရမ်နစ်ခ်နှင့် တွေ့ဆုံခြင်း

‘‘ဒေါ်နယ်ထရန့်ဟာ လူသန်းပေါင်းများစွာအတွက် စိတ်ပျက်စရာဖြစ်လာပါလိမ့်မယ်’’
Mike Segar / reuter

အမေရိကန်ရွေးကောက်ပွဲညက ရွေးကောက်ပွဲရလဒ်ဟာ ဖက်ဆစ် ၀ါဒစတင်ဖြစ်ပေါ်မယ့် လမ်းစဖြစ် တယ်လို့ ခင်ဗျားတို့ သတိပေးဖော် ပြခဲ့တယ်။ အခုဆိုသီတင်းပတ်အ တော်ကြာသွားပြီဖြစ်လို့ ဖက်ဆစ် ၀ါဒစတင်နေပြီလား။


ကျွန်တော်ဟာ ကျွန်တော်တို့ ကြုံခဲ့တဲ့ ဆိုးရွားတဲ့ သမ္မတတွေ လက်ထက်ကို ဖြတ်သန်းခဲ့ပြီးပါ ပြီ။ ဒါကြောင့် ဟုတ်ကဲ့၊ ကျွန် တော်တို့ သတိထားစောင့်ကြည့် သင့်တယ်ထင်ပါတယ်။ ဂျာနယ် လစ်တွေအနေနဲ့ ဆိုးဆိုးရွားရွား ကို ကြောက်ရွံ့သင့်တယ်လို့ ထင်ပါ တယ်။

ဒေါ်နယ်ထရန့်ဟာ အဓိပ္ပာယ်ရော ပြွမ်းနေတဲ့ စကားတွေကို ပြောဆို နေပါတယ်။ သူက အမေရိကန် နိုင်ငံကို စည်းလုံးစေချင်တယ်လို့ ပြောနေပေမယ့် လူဖြူကြီးစိုးရေး ၀ါဒီတစ်ယောက်ဖြစ်တဲ့ စတိဗ် ဘန်ဒွန်လို လူတစ်ယောက်ကို သူ ရဲ့ မဟာဗျူဟာမှူးအနေနဲ့ ခန့်အပ်ထားပါတယ်။ ဒါက ထရန့်အစိုးရ လျှောက်လှမ်းမယ့် ဦးတည်ရာ အနေနဲ့ ဘယ်လိုအဓိပ္ပာယ်ရပါ သလဲ။

သူ့ရဲ့ တွေးခေါ်မှုမှာ သဟဇာ တ မဖြစ်တာတွေ ရှိနေတယ်။ သမ္မတရေဂင်လက်ထက်က အ တွေ့အကြုံနဲ့ အရမ်းပဲကွာခြား တယ်ဆိုတာ အမှတ်ရနေတာဟာ တန်ဖိုးရှိပါတယ်။ သူ့ရဲ့ တွေးခေါ် မှုနဲ့ အကြံဉာဏ်တွေဟာ ဘယ်လို ပဲ လွယ်သယောင်ရှိရှိ၊ အဲဒါတွေ ကို ခင်ဗျားတို့ ဘယ်လောက်ပဲ သဘောမတူတူ ရော်နယ်ရေဂင် ဟာ ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးအနေနဲ့ အတွေ့ အကြုံရှိ နိုင်ငံရေးသမားတစ် ယောက်ဖြစ်ခဲ့ပြီး အာဏာရလာခဲ့ တာပါ။ ဒေါ်နယ်ထရန့်ကတော့ အိမ်ရာလုပ်ငန်း နာမည်ရှိတဲ့ လုပ် ကိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ အခုကြီးမားတဲ့ အာဏာ ကို ကိုင်စွဲရမယ့်သူတစ်ယောက်၊ အောင်နိုင်သူတစ်ယောက်အနေနဲ့ ကြီးကျယ်တဲ့ နိုင်ငံရေး အချိန်အခါ ကို ၀င်ခွင့်ရတဲ့ ရုပ်သံအစီအစဉ် ကြယ်ပွင့်တစ်ယောက်ဖြစ်နေ တော့ ဒီ့ပြင်လူတိုင်းအတွက် ထိတ် လန့်စရာဖြစ်သလို သူ့အတွက် လည်း ထိတ်လန့်စရာပါပဲ။

ထရန့်က သူ့ရဲ့ မဲဆွယ်မှုမှာ စီးပွား ရေးကို အဓိကထားခဲ့ပြီး အမေရိ ကန်နိုင်ငံအတွက် အလုပ်အကိုင် တွေ ပြန်လည်ဆောင်ကြဉ်းပေး မယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒါ ဘာများမှားယွင်းနေပါသလဲ။

အလုပ်အကိုင်အခွင့်အလမ်း တွေ ဖန်တီးတာနဲ့ ပတ်သက်လို့ ဘာမှအမှားအယွင်းမရှိပါဘူး။ မှားနေတာက ကျောက်မီးသွေး မိုင်းတွင်းတွေပြန်ဖွင့်မယ့် ၁၉၇၀ က စီးပွားရေးအခြေအနေမျိုး ပြန် လည်ဆောင်ကြဉ်းမယ့် ထင်မှတ် မှားမှုတွေကို မျိုးစေ့ချမယ့်ကိစ္စပဲ ဖြစ်ပါတယ်။ အလုပ်ကြိုးစားသူ တွေ၊ အစိုးရသဘောထားကို ဆန့်ကျင်သူ သန်းပေါင်းများစွာအ တွက် ပြင်းထန်တဲ့ စိတ်ပျက်စရာ ဖြစ်လာပါလိမ့်မယ်။

သူက ဒီမိုကရက်တစ်ဆန့်ကျင်တဲ့ မူဝါဒတွေနဲ့ အစဉ်အလာမဟုတ် တဲ့ အဆိုပြုချက်တွေကို ပေါင်းစပ် နေပါတယ်။ ပူတင်ဆီကို လက် လှမ်းမီသွားရင် နိုင်ငံခြားရေးမူဝါ ဒမှာ အခွင့်အလမ်းအသစ်တွေ အတွက် လမ်းပွင့် သွားနိုင်ပါတယ်။

ဆန်တာ ကလော့စ်ဟာ တကယ်အစစ်အမှန်ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ဒီမှာပြဿနာက စစ်မှန်တဲ့ အခြေအနေပါ။ ရုရှားနဲ့ တည်ငြိမ်တဲ့ အကျိုးဖြစ်ထွန်းတဲ့ ဆက်ဆံရေးမျိုးကို ကျွန်တော် သဘောကျပါတယ်။ ကျွန်တော်တို့ ရဲ့
ရွေးကောက်ပွဲတွေမှာ ရုရှားက ကြားဝင်မနှောင့်ယှက်တာမျိုး ကျွန်တော်မြင်ချင်ပါတယ်။ ယူကရိန်းကို မကျူးကျော်တဲ့ (ဒါမှမ ဟုတ်) ဘော်လ်တစ်နိုင်ငံတွေကို မခြိမ်းခြောက်တဲ့ ရုရှားနိုင်ငံကို ကျွန်တော်မြင်တွေ့ချင်ပါတယ်။
ဒါပေမဲ့ ကျွန်တော်တို့ဟာ စစ်မှန်တဲ့လက်တွေ့ကမ္ဘာကြီးမှာ နေကြ တာပါ။ အခုတော့ရွေးကောက် ပွဲကာလမဲဆွယ်ချိန်ရှည်ကြာခဲ့ ပေမယ့် ဒေါ်နယ်ထရန့်ဟာ ပူတင်က လက်ရှိသူ့အနေအထားအတိုင်း အတိအကျနေထိုင်မယ့် လက် တွေ့လောကမှာ နေထိုင်ရပါတော့မယ်။ ပူတင်ဟာ အရမ်းကို စွမ်း ရည်ပြည့်ဝပါတယ်။ သူဟာ အမေရိကန် (ဒါမှမဟုတ်) ဂျာမနီအ တွက် အရမ်းလွယ်ကူအောင်လုပ် မှာ မဟုတ်ဘူး။ ပြီးတော့ သူဟာ ထရန့်ကို စမ်းသပ်
ပါလိမ့်မယ်။

ရွေးကောက်ပွဲပြီးတဲ့နောက်မှာ ထရန့်နဲ့ လူတွေအများကြီးငြိမ်း ချမ်းရေးထူထောင်ထားတာဟာ မှတ်သားလောက်စရာကောင်းပါ တယ်။ အဲဒါဘာကြောင့်ပါလဲ။

အဲဒါဟာ ကြိတ်မှိတ်ခံတာ၊ အမှတ်တမဲ့ တုံ့ပြန်တာတွေအပြင် အခွင့်အရေးယူတာနဲ့ အများကြီး ဆိုင်ပါတယ်။

သမ္မတအိုဘားမားကတောင် ပုံမှန် ထက်သူ့ကို အကြံဉာဏ်တွေ ပို ပေးမယ်၊ အကူအညီတွေ ပိုပေး မယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ သူ ဘာလို့ဒီလိုလုပ်နေတာပါလဲ။

သမ္မတအိုဘားမားက သူ့ကို ပုံမှန်ထက်ပိုပြီး အကူအညီတွေ၊ အကြံဉာဏ်တွေပေးမယ်လို့ ကျွန် တော်မထင်ဘူး။ သူက အမေရိ ကန်နိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်း အသွင်ကူးပြောင်းဖို့လိုအပ်တဲ့ အ ကူအညီနဲ့ အကြံဉာဏ်ပမာဏ
အ တိအကျကို ပေးနေတာပါ။ အို ဘားမားက သူ့ကို ထူးထူးခြားခြား အရည်အချင်းမမီတဲ့လူ၊ သည်းခံ နိုင်မှုမှာ အံဝင်ခွင်ကျမရှိတဲ့ လူလို့ ပြောဆိုခဲ့ပါတယ်။

လက်ဝဲဘက်က အမှားတွေနဲ့ ပတ် သက်လို့ ပြောကြရအောင်။ အရမ်းစောတဲ့ အခြေအနေမှာ DNC က ဟီလာရီကို ထောက်ခံခဲ့တယ်ဆို တာ ချိုးဖောက်ဝင်ရောက်ခံရတဲ့ အီးမေးလ်တွေဆီကနေ ကျွန်တော် တို့လေ့လာ
သိရှိခဲ့ပါတယ်။ ဟီလာ ရီရဲ့ နောက်မှာ စိတ်ပါလက်ပါရပ် တည်ပစ်လိုက်တာဟာ မှားပါသ လား။

ကလင်တန်ဘက်က လူအား လုံးဟာ သူတို့ဆီကို ဦးတည်နေတဲ့ မကျေမချမ်းဖြစ်မှုတွေကို သေချာ နားလည်ကြတယ်လို့ ထင်ပါလား။ ဟင့်အင်း . . . မထင်ပါဘူး။ သူတို့ မဲဆွယ်လို့ရတယ်။ ဒါပေမဲ့ လုံ လောက်တဲ့ မဲဆွယ်မှုတွေ မလုပ် ခဲ့တဲ့ နေရာတွေမှာ သူတို့အမှား တွေလုပ်ခဲ့တယ်လို့ ထင်လားဆို တော့ ထင်တယ်။ မီချီဂန်၊ ၀စ် ကွန်ဆင်၊ ပင်ဆယ်ဗေးနီးယား ပြည်နယ်တွေမှာ ပြန်ပြောင်းတွေး မိတာက အမြဲတမ်း ၂၀၊ ၂၀ ပဲ။

ဒါပေမဲ့ ထပ်ပြီးမေးပါဦးမယ်။ ကလင်တန်ဟာ မှားယွင်းတဲ့ သမ္မတလောင်းလား။

ပြန်တွေးကြည့်မိတာက ဟီ လာရီရဲ့ အားနည်းချက်တွေရှိခဲ့တဲ့ နေရာတွေမှာ အသိသာဆုံးအား ကောင်းမှုတွေရှိခဲ့တဲ့ လူကတော့ ဂျိုးဘစ်ဒန်ပဲဖြစ်ပါတယ်။

မတူညီတဲ့ လူမှုအုပ်စုတွေရဲ့ အ မျိုးမျိုးသော အကျိုးစီးပွားကို တစ်မိုးတည်းအောက်မှာ ပေါင်းစပ်ဖို့ နည်းလမ်းနဲ့ ပတ်သက်ပြီး လက်ဝဲ ဘက်မှာ လက်ရှိဒေါသတကြီး အ ချေအတင်ပြောဆိုမှုတွေရှိနေပါ တယ်။ မဲပေးခွင့်
ရှိသူတွေထဲမှာ လူနည်းစုတွေအပေါ် မှီခိုတာဟာ အမှားတစ်ခုလား။

ဒီမိုကရက်တစ်မဲပေးသူတွေ မှာ လူနည်းစုတွေနဲ့ ပညာတတ် လူဖြူတွေပါဝင်ပါတယ်။ ပြီးတော့  လူနည်းစုမဲက ပိုများလာတယ်။ ဒါဟာ ရီပက်ဘလေကန်တွေ အများကြီးရဲ့ ထိတ်လန့်မှုတစ်စိတ် တစ်ပိုင်းဖြစ်ခဲ့ပြီး ဒေါ်နယ်ထရန့် ကလည်း သူ့ရဲ့ လူမျိုးရေးခွဲခြား တဲ့ပြောဆိုမှုတွေနဲ့ သူတို့ရဲ့ ထိတ် လန့်မှုကို အမြဲမပြတ်စေ့ဆော်ခဲ့ တာဟာ ဒီအခြေအနေကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ စပိန်နွယ် ဖွားတွေလို ကြီးမားတဲ့ မဲပေးတဲ့ အုပ်စုမှာ ရာနှုန်းပြည့်ဒီမိုကရက် တစ်ထောက်ခံသူတွေ မဟုတ်ဘူး ဆိုတာ အမှတ်ရဖို့လည်း အရေး ကြီးပါတယ်။ အဲဒါထက် အများ ကြီးပိုပြီး ရှုပ်ထွေးပါတယ်။

ဒါပေမဲ့ လက်ဝဲနိုင်ငံရေးဟာ လူ ဖြူအလုပ်လုပ်သူ လူတန်းစားကို ပိုပြီး အာရုံစိုက်သင့်တယ်လို့ဆိုတဲ့ ဘာနီဆန်းဒါးလို လူမျိုးပြောဆို တာကို သဘောတူပါသလား။

အဆင့်တချို့အတွက်တော့ သဘောတူတာပေါ့။ သြဇာလွှမ်း မိုးစေမယ့် စကားမျိုးပြောပြီး ဖြေ ရှင်းရုံမဟုတ်ဘဲ မူဝါဒအရလည်း ဖြေရှင်းရမယ့် မမျှတဘူးဆိုတဲ့ ခံ စားချက်တွေရှိနေပါတယ်။ ဒါပေ မဲ့ အလုပ်လုပ်သူ လူတန်းစား အများကြီးဟာ လူဖြူတွေ မဟုတ် ကြဘူးဆိုတာ နားလည်ထားရပါ မယ်။

ဒါပေမဲ့ လူတွေအများကြီးအလုပ် အကိုင်ဆုံးရှုံးတာနဲ့ စိုးရိမ်ကြောက်ရွံ့တာတွေဟာ အမှန်တကယ် ပါပဲ။

ဟုတ်တာပေါ့။ ၂၀၀၉ မှာ အလုပ်လက်မဲ့ဖြစ်မှုဟာ ဘေး အန္တရာယ်ရှိတဲ့အဆင့်ဆီ ဦးတည် နေတယ်ဆိုတာ ထောက်ပြတာ ဟာ တန်ဖိုးရှိပေမယ့်လည်း အခု တော့ ၅ ရာခိုင်နှုန်းအောက်မှာပဲ ရှိနေပါတယ်။ လူတွေအများကြီး အတွက် မေးခွန်းက ဂလိုဘယ် လိုက်ဇေးရှင်းနဲ့ စက်မှုစနစ်ကို စွန့် ခွာနေချိန်မှာ အလုပ်ရဲ့ အရည်အ သွေး၊ အလုပ်ရဲ့ အနာဂတ်ပဲဖြစ် ပါတယ်။ တကယ့်ဥပမာကတော့ ကျန်းမာရေးအာမခံရှိပြီး သားသမီးတွေကို ကောလိပ်
ကျောင်း ပို့ဖို့ တက်နိုင်တဲ့ ဒေါ်လာ ၈၀,၀၀၀ ရ တဲ့ စက်ရုံအလုပ်ကောင်းတစ်ခုရှိ သူတစ်ယောက်ဟာ စက်ရုံပိတ် လိုက်လို့ ရုတ်တရက်အလုပ်အ ကိုင်ဆုံးရှုံးသွားတယ်။ ပြီးတော့ အဲဒီလူဟာကုန်စုံဆိုင်မှာ အလုပ်လုပ်ပြီး ဒေါ်လာ ၃၅,၀၀၀ လောက်ပဲရနေ တယ်ဆိုရင် သူဟာ ၀င်ငွေအများ ကြီး ဆုံးရှုံးလိုက်ရတဲ့အတွက် ထရန့်လို ပြဿနာရှိနိုင်တဲ့ ခေါင်းဆောင် တစ်ယောက်နဲ့ဆို ရင် နိုင်ငံရေးသမားတွေက စာရွက်စာတမ်း မရှိတဲ့ ရွှေ့ပြောင်းနေထိုင် သူတွေ၊ လူမည်းတွေဆီ ကောင်း တာတွေ အားလုံးပေးလိုက်တဲ့ အတွက် သူအလုပ်ဆုံးရှုံးရတာလို့ ယုံကြည်သွားစေနိုင်တယ်။ ပြီး တော့ ဒေါသထွက်တာတွေ ပေါ် လာတော့တာပဲ။

မဲဆွယ်ကာလမှာ တခြားလူတွေ ထက် အရည်အချင်းပိုရှိပုံရသူ တစ်ယောက်ရှိပါတယ်။ မီရှဲလ် အိုဘားမားပါ၊ ဒေါ်နယ်ထရန့်ကို စိန်ခေါ်ဖို့ အခြေအနေတစ်ခုမှာ သူ့ ကို နိုင်ငံတော်အဆင့်မျိုးမှာ ကျွန် တော်တို့မြင်တွေ့ ရမှာလား။

ဒါကို အရမ်းပဲ ကျွန်တော် သံသယရှိပါတယ်။ သူဟာ နိုင်ငံ ရေးမဲဆွယ်မှုမှာ မယုံနိုင်လောက်အောင် အရည်အချင်းရှိသူဖြစ်ပေ မဲ့ မီရှဲလ်အိုဘားမားလောက် အာ ဏာရယူလိုတဲ့ ဆန္ဒပိုနည်းတဲ့သူ ကျွန်တော်လုံးဝမတွေ့ဖူးပါဘူး။

ဒီရွေးကောက်ပွဲက ဂျာနယ်လစ် တွေအတွက် မကြုံစဖူးစိန်ခေါ်မှု တွေဖြစ်စေခဲ့ပါတယ်။ ထရန့်ကိုယ် တိုင်က နောက်ဆက်တွဲအခြေအ နေကို မပြောဘဲ လိမ်လည်မှု ရာနဲ့ ချီပြီး တီထွင်ပြောဆိုခဲ့ပါတယ်။ သတင်းအမှားတွေဟာ  ဗိုင်းရပ်စ်တစ်ခုလို ပျံ့နှံ့နေခဲ့တယ်။ အမြဲတမ်းနီးပါး ထရန့်သဘောကျဖြစ်ခဲ့ ပါတယ်။

ထရန့်က ဒါတွေကို ပြောခဲ့ရ မှာမဟုတ်ဘူး။ အဲဒီသတင်းမှား တွေဟာ မက်ဆီဒိုးနီးယား (ဒါမှ မဟုတ်) ဂျော်ဂျီယာ (ဒါမှမဟုတ်)တခြားနေရာတွေကနေ စတင်တဲ့ အရာတစ်ခုခုကို သတင်းမှားဖြန့် သူတွေအားလုံးက သူ့အတွက် လုပ်ပေးခဲ့ကြတာပါ။

မီဒီယာအတွက် သင်ခန်းစာတွေ က ဘာတွေဖြစ်မလဲ။

အဲဒါက ကျွန်တော်တို့ဟာ အလုပ်ကို ပိုကောင်းအောင်လုပ်ရ မယ်လို့ ဆိုလိုတာပါ။ ပိုပြီးမမော နိုင် မပန်းနိုင်လုပ်ရမယ်။ သတင်း အမှားတွေနဲ့ ပတ်သက်လို့ ညည်း ညူနေတာတွေ ရပ်ရပါမယ်။ ဂျာ နယ်လစ်တွေအနေနဲ့ ကျွန်တော် တို့ ရေးသားထားတာတွေကို ဖြန့် ဖြူးမယ့် နေရာအားလုံးကို ရှာဖွေဖို့ လိုပါတယ်။ အရင်ကထက်ပိုပြီး သြဇာလွှမ်းမိုးမှု ပိုများလာအောင် ကြိုးစားဖို့ လိုပါတယ်။ ကျွန်တော် တို့ဟာ အာဏာရှိသူတွေအပေါ် ဖိအားပိုပေးသင့်ပါတယ်။ အမှန် ကိုရေးပြီး အကြောက်အရွံ့မရှိ ရေးသားဖော်ပြရပါမယ်။ ဒါဟာ ကျွန်တော်တို့အလုပ်ပါ။

ခုအချိန်ကနေ ရှေ့လေးနှစ်တာ ကာလကို ကြည့်မယ်ဆိုရင် ကျွန်တော်တို့ နောက်ပြန်လှန်မကြည့်ဘဲ ခင်ဗျားသေချာပြောနိုင်မလား။ ထရန့်ဟာ ဒုတိယရေဂင်ဖြစ် ကောင်းဖြစ်လာမယ်လို့။

ကျွန်တော် မပြောတတ်ပါ ဘူး။ ဂျာနယ်လစ်တွေဘက်က ကြိုတင်ခန့်မှန်းတာတွေ နည်းနေ ပါတယ်။

(ပူလစ်ဇာဆုရှင် ဒေးဗစ်ရမ်နစ်ခ် (၅၈)နှစ်ဟာ ၁၉၉၈ ကတည်းက The New Yorker မဂ္ဂဇင်းရဲ့ အယ်ဒီတာချုပ်တာဝန် ထမ်း ဆောင်နေသူဖြစ်ပါတယ်။ သူဟာ အကျယ်တ၀င့်ချီးမွမ်းခံခဲ့ရတဲ့ အို ဘားမားနဲ့ ကိုယ်ရေးအတ္ထုပ္ပတ္တိကို ရေးသားသူဖြစ်ပြီး လက်ရှိသမ္မတ အိုဘားမားဆီ တွေ့ဆုံခွင့်ရထား သူပါ။ သူဟာရွေးကောက်ပွဲပြီး တော့ အိုဘားမားနဲ့ တွေ့ဆုံမေး မြန်းမှုတွေ အကြိမ်ကြိမ်လုပ်ထား သူဖြစ်ပါတယ်။)

—Ref:SPIEGEL
 

Top News