အာကာသယာဉ်မှူးဟောင်း ရပ်စတီရှဝစ်ကာ့တ်နှင့် တွေ့ဆုံခြင်း

ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုက ကမ္ဘာကို ၀င်တိုက်မယ့်ကိစ္စဟာ တစ်ချိန်ချိန်ဖြစ်လာမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်
spiegel

ဂြိုဟ်သိမ်ဂြိုဟ်မွှားတွေက ကမ္ဘာကို ၀င်တိုက်နိုင်တဲ့ အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ဖို့ နိုင်ငံ တကာစီမံကိန်းတစ်ခုရဲ့ အနာဂတ်ကို ဥရောပနိုင်ငံတွေက လတ်တ လောဆုံးဖြတ်ပါလိမ့်မယ်။ အပိုလို အာကာသယာဉ်မှူးဟောင်း ရပ်စတီရှဝစ်ကာ့တ်က ဂြိုဟ်သိမ်ဂြိုဟ် မွှားတစ်ခုက ၀င်တိုက်ရင် ကမ္ဘာမြေပေါ်မှာရှိတဲ့ ဉာဏ်ရည်မြင့်သက်ရှိတွေ ပျောက်ကွယ်သွားနိုင် တယ်လို့ စိုးရိမ်နေပါတယ်။ သူစိုးရိမ်နေတာတွေနဲ့ ပတ်သက်လို့SPIEGEL သတင်းဌာနက တွေ့ ဆုံမေးမြန်းထားပါတယ်။


မစ္စတာ ရှဝစ်ကာ့တ်ခင်ဗျာ၊ လက်ရှိအချိန်မှာ လူသားမျိုးနွယ်ဟာ ရာ သီဥတုပြောင်းလဲမှု၊ ပြည်တွင်းစစ် ပွဲတွေ၊ သေစေနိုင်တဲ့ ရောဂါပိုး တွေလို ပြဿနာတွေ အများကြီးနဲ့ ကြုံနေရပါတယ်။ ခင်ဗျားက ကမ္ဘာမြေကြီးကို ဂြိုဟ်သိမ်
ဂြိုဟ်မွှားတွေ ရဲ့ အန္တရာယ်ကနေ ကယ်တင်ချင် တယ်။ ပိုအရေးကြီးတဲ့လုပ်စရာ တွေများမရှိဘူးလား။

ရာသီဥတုပြောင်းလဲမှုနဲ့ တ ခြားကိစ္စတွေကိုလည်း ကျွန်တော် စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ ဒီကိစ္စက အရမ်းကြီးမားပါတယ်။ ကျွန် တော်တို့ရဲ့ ထွန်းကားတဲ့ လူ့အ သိုင်းအ၀ိုင်းတွေရဲ့ အဆုံးသတ် နဲ့ ပတ်သက်လို့ ကျွန်တော်
တို့ပြော ဆိုနေကြတဲ့ အဆိုးရွားဆုံးကိစ္စ တစ်ခုပဲဖြစ်ပါတယ်။ ကာလတို အနေနဲ့ သေစေနိုင်တဲ့ ရောဂါပိုး တချို့ကိစ္စဟာ ပိုအရေးကြီးနိုင်  ပေမယ့် ရေရှည်မှာ ဂြိုဟ်သိမ်ဂြိုဟ် မွှားတွေကိစ္စထက် ပိုအရေးကြီး တာ ရှိခဲလှပါတယ်။ သတင်း ထောက်တွေ မကြာခဏဆိုသလို တစ်ခုမဟုတ် တစ်ခုလုပ်ရမယ့် အနေအထားမျိုးလို လုပ်နေကြ တယ်။ ဒါပေမဲ့ ရာသီဥတုပြောင်းလဲမှုကို ဖြေရှင်းဖို့နဲ့ ဂြိုဟ်သိမ်ဂြိုဟ် မွှားတွေ ၀င်တိုက်မှုနှစ်ခုလုံးကို ကာကွယ်ဖို့ ကျွန်တော်တို့လုပ်နိုင် ပါတယ်။ အဲဒါဟာ တစ်ခုမဟုတ် တစ်ခုလုပ်ရမယ့် ကိစ္စမဟုတ်ပါ ဘူး။

ကျွန်တော်တို့ရဲ့ အနီးအနားကြယ် စင်စုတွေမှာ အကြီးဆုံးဂြိုဟ်သိမ် ဂြိုဟ်မွှားတွေကို ကျွန်တော်တို့ သိထားပါတယ်။ ကြိုမြင်နိုင်တဲ့ အနာဂတ်မှာ အဲဒါတွေ တစ်ခုမှ ကျွန်တော်တို့ကို အန္တရာယ်ကျ ရောက်စေမှာ မဟုတ်ပါဘူး။ ဂြိုဟ် သိမ်ဂြိုဟ်မွှားတစ်ခုကြောင့်မှ ကျွန် တော်တို့ သိရသလောက် အသက်မသေခဲ့ဖူးဘူး။ ပြဿနာ က ဘယ်မှာလဲ။

ဒိုင်နိုဆောတွေအကြောင်း ကျွန်တော်တို့ ကိုယ်တိုင်ကိုယ်ကျ မသိပေမယ့် သူတို့ဟာ အဲဒီလိုဝင် တိုက်တာကြောင့် ပျောက်ကွယ် သွားတယ်ဆိုတာ တကယ်သိနေ ပါတယ်။ သူတို့ဟာ အကြိမ်ရေသန်းနဲ့ချီပြီး ၀င်တိုက်ခဲ့ပါတယ်။ အဲဒါတွေကို ညတိုင်းကြယ်ကြွေ တာအနေနဲ့ ကျွန်တော်တို့မြင် တွေ့ရပါတယ်။

ဒါဟာ အကြီးကြီးဖြစ်နေရင် ရှုပ်ထွေးမှုတွေ ဖြစ်လာပါလိမ့် မယ်။ ကျွန်တော်တို့ကို ဂြိုဟ်သိမ် ဂြိုဟ်မွှားတစ်ခုက ၀င်တိုက်မိမှာ က တစ်ချိန်ချိန်ဖြစ်လာမှာပါ။ အဲဒါနဲ့ ပတ်သက်လို့ ကျွန်တော်တို့ တစ် ခုခုလုပ်နိုင်တဲ့အတွက်ကြောင့် လုပ်ဆောင်သင့်ပါတယ်။

နက္ခတ်ရူပဗေဒပညာရှင် စတီဖင် ဟော့ကင်းက ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုဝင်တိုက်တာက စကြ၀ဠာ မှာရှိတဲ့ ဉာဏ်ရည်မြင့်မားတဲ့ သက်ရှိတွေ ပျောက်ကွယ်သွားစေ နိုင်တဲ့ ကိစ္စဖြစ်တယ်လို့ ယုံကြည် ထားပါတယ်။ ဒါပေမဲ့ အဲဒါက လူသားမျိုးနွယ်ရဲ့ ရူးမိုက်မှုတွေကို လျှော့တွက်ရာမကျဘူးလား။ နျူ ကလီးယားစစ်ပွဲအန္တရာယ်က ပို ကြီးပုံပေါ်ပါတယ်။

ကျွန်တော်တို့ဟာ နျူကလီး ယားစစ်ပွဲတစ်ပွဲကြောင့် ကျွန်တော်တို့ ပျောက်သွားအောင် မလုပ်နိုင် ပါဘူး။ ကျွန်တော်အရမ်းကြီးအ ကောင်မြင်ပြီး မပြောချင်ပါဘူး။ အဲဒါဟာ ကပ်ဆိုးတစ်ခုဖြစ်လာပါ လိမ့်မယ်။ ဒါပေမဲ့ အဲဒါဟာ
နောက်ဆုံးစစ်ပွဲတစ်ခုဖြစ်မှာ မဟုတ်ဘူး။ ဒီလောက်အထိ ကျွန်တော်တို့ အင်အားမပြည့်ဝသေးပါဘူး။ ဂြိုဟ် သိမ်ဂြိုဟ်မွှားတစ်လုံးက အဲဒီလောက်အင်အားကောင်းနိုင်ပါ တယ်။ ဒါကြောင့် ကျွန်တော်တို့ အလုပ်လုပ်ထားဖို့ လိုတာဖြစ်ပါ တယ်။

ကမ္ဘာနဲ့ တိုက်မိတော့မယ့် လမ်း ကြောင်းတစ်ခုပေါ်မှာ ဂြိုဟ်သိမ် ဂြိုဟ်မွှားတစ်လုံးကို တွေ့ရမယ် ဆိုရင် ကြိုတင်ပြင်ဆင်ဖို့ ကျွန် တော်တို့မှာ ဆယ်စုနှစ်တွေ အ များကြီးအချိန်ရပါသေးတယ်။

ကျွန်တော်တို့ရဲ့ ကြိုတင် သတိပေးစနစ်တွေက ကျွန်တော် တို့ဆီကို ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု ဦးတည်လာတာနဲ့ ကြိုတင်ပြင်ဆင် ဖို့အတွက် အချိန်ဆယ်စုနှစ်အ များကြီးရပါလိမ့်မယ်။ အထူးသ ဖြင့် ကြီးမားတဲ့ ဂြိုဟ်သိမ်ဂြိုဟ်မွှား နဲ့ပတ်သက်လို့ပဲ ကျွန်တော်စိုးရိမ် နေတာ မဟုတ်ဘူး။ ဘယ်အချိန် မှာမဆို ကျွန်တော်တို့အသက် တွေ ကယ်တင်နိုင်တယ်၊ ဒါမှမ ဟုတ် ပိုင်ဆိုင်မှုတွေ ပျက်စီးမှာကို ကြိုတင်ကာကွယ်နိုင်တဲ့အတွက် ကျွန်တော်တို့အဲဒါလုပ်ဆောင် သင့်တယ်။ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ် လုံးကို ဦးတည်ရာလမ်းကြောင်း ပြောင်းသွားစေမယ့် နည်းပညာ တွေ၊ ကြိုတင်သတိပေးစနစ်တွေ လိုအပ်ပါတယ်။ ပြီးတော့ နိုင်ငံ ရေးအရလည်းပဲ ကြိုတင်ပြင်ဆင်  ထားဖို့လိုပါတယ်။  ဘယ်သူက ဆုံးဖြတ်မလဲ၊ ဒုံးကျည်တွေကို ဘယ်သူပစ်လွှတ်မလဲ၊ ဘယ်ဥပ ဒေတွေကို သူတို့နိုင်ငံသားတွေ အတွက် ပြဋ္ဌာန်းမယ့် လူ . . . စတာ တွေကို ရှင်းလင်းအောင်လုပ်ထား ဖို့ လိုပါတယ်။ ဒါဟာကမ္ဘာဂြိုဟ် တစ်ခုလုံးနဲ့ ဆိုင်တဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်ပါတယ်။ ဒါကို ကျွန်  တော်တို့အတူတကွ လုပ်ဆောင် ဖို့ လိုပါတယ်။ မဟုတ်ရင်တော့ ဒါကဖြစ်လာပါလိမ့်မယ်။

ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုဝင်တိုက်  မယ့် အခြေအနေမျိုးမှာ ဘေးကင်း ရာကို ရွှေ့ပြောင်းမယ့်လုပ်ငန်းစဉ်  တွေအတွက် နာဆာနဲ့ အမေရိ ကန်ဖက်ဒရယ်အရေးပေါ် စီမံခန့် ခွဲရေးအေဂျင်စီ (FEMA) တို့ လေ့ကျင့်နေကြ ပါတယ်။ အဲဒါဟာအဆိုးရွားဆုံးအခြေအနေအတွက် မလုံလောက်ဘူးလား။

အဲဒီလိုဇာတ်တိုက်လေ့ကျင့် တာတွေ လိုအပ်ပါတယ်။ ဒါပေ မဲ့ အဲဒါတွေဟာ မလုံလောက် ပါဘူး။ ကျွန်တော်တို့ဟာ လူတွေ ကိုပဲ လေ့ကျင့်ပေးဖို့ လိုအပ်တာ မဟုတ်ဘူး။ ဂြိုဟ်သိမ်ဂြိုဟ်မွှား တွေရဲ့ ဦးတည်ရာလမ်းကြောင်း ကို ပြောင်းလဲပစ်နိုင်မယ့် နည်းပ ညာတွေ တီထွင်ဖို့လည်း လိုအပ် ပါတယ်။ သံစဉ်နည်းနည်းပဲပါတဲ့ တေးသွားကို အထပ်ထပ်လေ့ ကျင့်သလိုမျိုးနဲ့ မလုံလောက်ပါ ဘူး။ သံစုံတီးဝိုင်းတေးသွားလိုမျိုး လေ့ကျင့်ဖို့ လိုပါတယ်။ မဟုတ် ရင်တော့ ကပ်ဆိုးတစ်ခုဖြစ်လာ ပါလိမ့်မယ်။

ဥရောပအာကာသ အေဂျင်စီ (ESA) ရဲ့ အဖွဲ့ဝင်တွေဟာ လာ မယ့်နှစ်တွေအတွက် သူတို့ရဲ့ ဘတ်ဂျက်အခြေအနေကို ဆွေးနွေးဖို့ လူးဆန့်မြို့မှာ ရောက်နေကြပါ တယ်။ ဆွေးနွေးတဲ့ကိစ္စမှာ ဂြိုဟ် သိမ်ဂြိုဟ်မွှားထိခိုက်မှုနဲ့ လမ်း ကြောင်းပြောင်းလဲရေးလေ့လာ ရေးအဖွဲ့ (AIDA)အဖွဲ့ကို ယူရို  သန်း ၂၅၀ ပေးမယ့် ဆွေးနွေးမှု လည်း ပါဝင်နေပါတယ်။ ဒီအဖွဲ့ ဟာ သေးငယ်တဲ့ ဂြိုဟ်သိမ်ဂြိုဟ် မွှားတစ်ခုရဲ့ လမ်းကြောင်းကို ပြောင်းလဲပစ်မယ့် နည်းလမ်းတစ် ခုရှာဖွေဖို့ ဥရောပနဲ့ အမေရိကန် တွေကြား လက်တွဲကြိုးပမ်းမှုတစ် ခုဖြစ်ပါတယ်။ ရန်ပုံငွေမလုံ လောက်ဘူးဆိုရင် ဘာဖြစ်လာမ လဲ။

ဒါဆိုရင်တော့ လွန်ခဲ့တဲ့ ၁၀ နှစ်က ကျွန်တော်တို့ စတင်ခဲ့တဲ့ အမြင်တွေကို စမ်းသပ်နိုင်မယ့် အကောင်းဆုံးအခွင့်အရေးတစ်ခု နဲ့ ကျွန်တော်တို့ လွဲပြီပေါ့။ ဒါကို ဈေးသက်သက်သာသာနဲ့ မကြာ ခဏလုပ်နိုင်မယ့် အခွင့်အရေးတွေဖြစ်ပါတယ်။ ဒါဟာ ဂြိုဟ်သိမ် ဂြိုဟ်မွှားတစ်ခုရဲ့ ဂြိုဟ်ပတ်လမ်း ကို ဖြေရှင်းရမယ့် ကိစ္စပါ။ အဲဒီ အစီအစဉ်ဟာ ဈေးသက်သာမယ်၊ ပြီးတော့ လေ့လာစရာတွေအများ ကြီးရှိပါမယ်။

ဒီအဖွဲ့ကို ထောက်ခံတဲ့ အိတ်ဖွင့် ပေးစာတစ်စောင်ကို လက်မှတ် ထိုးတဲ့ ကမ္ဘာဂြိုဟ်ဆိုင်ရာသိပ္ပံ ပညာရှင် ၁၀၀ ဦးမှာ ခင်ဗျားမကြာ သေးခင်ကပါခဲ့တယ်။ AIDA အ ဖွဲ့ကို ရန်ပုံငွေမပေးဖို့ ဥရောပက ဆုံးဖြတ်ခဲ့မယ်ဆိုရင် အမေရိကန် တွေ အဲဒါကို သူတို့ဟာ သူတို့ လုပ်သင့်ပါသလား။

ဒီအစီအစဉ်ရဲ့ အမေရိကန် ဘက်ခြမ်းတစ်ခုတည်းကိုပဲ စတင် တာဟာ အသုံးမ၀င်ပါဘူး။  ဥရောပသားတွေ မလုပ်ဘူးဆိုရင် အမေ ရိကန်တွေလည်း မလုပ်ဘူး။ ဥရောပရဲ့ အပိုင်းက ဂြိုဟ်သိမ် ဂြိုဟ်မွှားတစ်ခုကို ဂြိုဟ်ပတ်လမ်း ကနေ လေ့လာဖို့ သီအိုရီအရ သူ တို့ကိုယ်တိုင်လုပ်ရမှာဖြစ်တယ်။ အမေရိကန်ရဲ့ အခန်းကဏ္ဍက တော့ အဲဒီဂြိုဟ်သိမ်ဂြိုဟ်မွှားကို တစ်ခုခုနဲ့ ထိအောင်ပစ်ဖို့ပဲဖြစ် တယ်။ အဲဒီဂြိုဟ်ပတ်လမ်း ပြောင်းလဲသွားပုံကို ဒီ့ပြင် တစ်ယောက် ယောက်က စောင့်ကြည့်နေမယ် ဆိုရင်တော့ ဒါဟာအဓိပ္ပာယ်ရှိပါ လိမ့်မယ်။ ရာဇ၀င်မှာ ပထမဆုံး အကြိမ်အနေနဲ့ အာကာသအစိုင် အခဲတစ်ခုရဲ့ လမ်းကြောင်းကို ပြောင်းလဲပစ်ဖို့ အခွင့်အရေး ကျွန် တော်တို့မှာ ရှိနေတယ်။ ဒီနေရာမှာ ကျွန်တော်တို့ ဘာပြောနေကြတာ လဲဆိုတာ တွေးကြည့်ရအောင်။ ကျွန်တော်တို့ အသက်ရှင်နိုင်ခြေ အားကောင်းလာအောင် ကျွန် တော်တို့ရဲ့ နေစကြ၀ဠာရဲ့ ရွေ့ လျားမှုတွေကို နည်းနည်းလေး
ပြောင်းလဲပစ်ပါမယ်။ အဲဒါဟာ သိပ်ကိုကြီးကျယ်ပါတယ်။

ရုပ်ရှင်တွေထဲမှာ ကမ္ဘာကြီးကို ကယ်တင်ဖို့ မင်းသားဘရုစ်ဝီလီ ကို လွှတ်လိုက်သလိုမျိုး တစ် ယောက်ယောက်ကို စေလွှတ်လေ့ ရှိပါတယ်။ ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ် ခုကို ဦးတည်ရာလမ်းကြောင်း ပြောင်းလဲပစ်ဖို့ အာကာသ
ထဲကို လူသားတွေ စေလွှတ်တာဟာ အဓိပ္ပာယ်ရှိပါသလား။

အဲဒီခရီးစဉ်တွေဟာ လူ မလိုက်ပါဖို့ လိုပါတယ်။ လူလိုက် ပါသွားဖို့ မလိုအပ်ပါဘူး။ လူမပါ တဲ့ ခရီးစဉ်တွေကို ၁၀ နှစ်ကနေ ၁၅ နှစ်လောက်အထိ ကြိုတင်ပြင် ဆင်ထားဖို့ လိုပါတယ်။ လူလိုက် ပါမယ်ဆိုရင်တော့ ၂၅ နှစ် (ဒါမှ မဟုတ်) နှစ် ၃၀ လောက်ပြင်ဆင် ထားဖို့ လိုပါတယ်။ ပြီးတော့ ဒါဟာအရမ်းစရိတ်ကြီးမားပါလိမ့်မယ်။ ဘယ်သူမှ ဘရုစ်ဝီလီကို စေလွှတ် သလို မလွှတ်ချင်ပါဘူး။ ကျွန်တော်တို့ လိုအပ်တာက အဲဒီအလုပ်ကို လုပ်ဖို့ စက်ရုပ်
တစ်ရုပ်ပဲဖြစ်ပါ တယ်။ ဈေးသက်သာမယ်၊ ပိုပြီး မြန်ဆန်မယ်။

ရပ်စတီရှဝစ်ကာ့တ် (၈၁) နှစ်ဟာ နာဆာရဲ့ အပိုလိုအာကာ သခရီးစဉ်တွေမှာ အာကာသယာဉ်မှူးအဖြစ်နဲ့ လိုက်ပါခဲ့သူဖြစ်ပါ တယ်။ သူဟာ အပိုလို-၉ ခရီးစဉ် အတွက် လပေါ်ကို ဆင်းသက်မယ့် ယာဉ်ကို ကမ္ဘာ့လေထုထဲမှာ
ပထမဆုံး စမ်းသပ်ခဲ့သူဖြစ်ပါတယ်။ သူဟာ အာကာသလေ့လာသူများ အဖွဲ့ကို တည်ထောင်ခဲ့ပြီးတော့ ကမ္ဘာကြီးကို ဂြိုဟ်သိမ်ဂြိုဟ်မွှား တစ်ခုက ၀င်တိုက်ရင် ဘယ်လို ကာကွယ်မလဲဆိုတဲ့ မေးခွန်းအတွက် နှစ်တွေ အများကြီး အဖြေရှာ ခဲ့သူဖြစ်ပါတယ်။ ၂၀၀၁ နဲ့ ၂၀၁၁ ကြားမှာ သူဟာ ဒီရည်ရွယ်ချက် အောင်မြင်ဖို့ ကြိုးစားနေတဲ့ ပုဂ္ဂ လိကအဖွဲ့တစ်ခုဖြစ်တဲ့ B612 ဖောင်ဒေးရှင်းရဲ့ အကြီးအကဲအ ဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

—Ref:‘It Is Only a Matter of Time Until a Big One Hits’ Interview Conducted by Christoph Seidler (SPIEGEL)


spiegel