ပေါ်တူဂီဝန်ကြီးချုပ်နှင့် တွေ့ဆုံခြင်း

ဂလိုဘယ်လိုက်ဇေးရှင်းကိုထိန်းချုပ်ဖို့ ပျက်ကွက်တာဟာ အီးယူရဲ့ ကြီးမားတဲ့ကျရှုံးမှုတစ်ခုပါ

 ပေါ်တူဂီနိုင်ငံဟာ ပြင်းထန် တဲ့ ခြိုးခြံချွေတာရေး အစီအစဉ် တွေကို နှစ်အတော်ကြာ ကျင့်သုံးခဲ့ရာ ကနေပြီးတော့ ရင်းနှီးမြှုပ်နှံမှုတွေ၊ ဆန်းသစ်တီထွင်မှုတွေ အတွက် ဆုံချက်တစ်နေရာဖြစ် လာဖို့ ကြိုးစားနေပါတယ်။ တကယ်ပဲ လစ်စဘွန်းအစိုးရဟာ ဥရောပရဲ့ အဓိကနည်းပညာအခမ်းအနားသစ်တွေထဲကတစ်ခု ဖြစ်တဲ့ The Web Summit ညီလာခံကို လက်ခံကျင်းပဖို့ ခက်ခက်ခဲခဲ တိုက်ပွဲဝင်ခဲ့ပါတယ်။


ဒါပေမဲ့ အိမ်ဖြူတော်ရာထူး အတွက် ဒေါ်နယ်ထရန့်ရွေး ကောက်ခံရတာဟာ ပေါ်တူဂီနိုင်ငံ နဲ့ အန္တရာယ်ကျရောက်နေတဲ့ ဥ ရောပကို ဘယ်လိုထိခိုက်လာစေ မလဲဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပေါ်တူဂီဝန်ကြီးချုပ် အန်တိုနီယိုကော် စတာနဲ့ တွေ့ဆုံမေးမြန်းထားပါတယ်။

ကော်စတာဟာ ၂၀၁၅ နိုဝင် ဘာက ၀န်ကြီးချုပ်ဖြစ်လာပြီး တော့ ခြိုးခြံချွေတာရေးဆန့်ကျင် တဲ့ ဆိုရှယ်လစ်လူနည်းစုအစိုးရ ကို ဦးဆောင်နေပါတယ်။ သူဟာ သဘောထားတင်းမာတဲ့ လက်ဝဲ ယိမ်းပါတီနှစ်ခုပါဝင်တဲ့ နိုင်ငံရေး မဟာမိတ်အဖွဲ့ရဲ့ ထောက်ခံမှုနဲ့ အတူ အုပ်ချုပ်နေပါတယ်။ သူ ဟာ ၂၀၀၇ ကနေ ၂၀၁၅ အထိ လစ်စဘွန်းမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

အမေရိကန်ရွေးကောက်ပွဲ၊ ဒေါ် နယ်ထရန့်အိမ်ဖြူတော်ကို ရောက် လာမှုနဲ့ စကြရအောင်ပါ။ အဲ ဒီရလဒ်ဟာ ခင်ဗျားမျှော်လင့်ခဲ့တဲ့  ရလဒ်လား။

အမေရိကန်ပြည်ထောင်စု ရဲ့ သမ္မတရွေးကောက်တင်မြှောက်မှု ဟာ အမေရိကန်နိုင်ငံသားမဲပေး သူတွေအပေါ် မူတည်နေပါတယ်။ သိသိသာသာပဲ ကျွန်တော်အပါ အ၀င် လူတွေအများကြီးဟာ အဲဒီ ရလဒ်ကြောင့် အံ့သြ
သွားကြပါ တယ်။ အမေရိကန်အစိုးရဟာ ကုလသမဂ္ဂရဲ့ မူဘောင်အတွင်း သူ့ရဲ့ တာဝန်ရှိမှုတွေ၊ ဥရောပနဲ့ အတ္တလန္တိတ်ဖြတ်ကျော်မဟာမိတ် ပြုမှုအရ သူတို့ရဲ့ ကတိက၀တ်တွေ ကို လေးစားလိမ့်မယ်လို့ မျှော်လင့် ကြပါစို့။

ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားနားလည်ရမယ့် သတင်းစကား က ဒီရလဒ်ဟာ ဘယ်လိုဖြစ်နိုင်ခဲ့ တာလဲဆိုတာပဲလို့ ကျွန်တော်ယုံ ကြည်ပါတယ်။ အဲဒါဟာ ကြီး ကျယ်တဲ့ မေးခွန်းတစ်ခုပါ။ အဲဒါဟာ မတူညီတဲ့ ဥရောပနိုင်ငံတွေ မှာ စစ်တမ်းတွေ အများကြီးအရ ဥရောပကနေ ဗြိတိန်ထွက်ခွာမှုနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခုပဲ ဖြစ်ပါတယ်။

အဲဒါဘယ်လိုဖြစ်နိုင်တာလဲ။

ပွင့်ပွင့်လင်းလင်းပြောရရင် အရေးပါတဲ့ နိုင်ငံရေးမူဘောင်နဲ့ ကြောက်ရွံ့နေတဲ့ သာမန်လူတွေ ကြားမှာ ဆက်စပ်မှုမရှိဖြစ်သွား တယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့ဟာ နိုင်ငံသားတွေ ကို ထိခိုက်စေတဲ့ တကယ့်
နိုငံရေး ပြဿနာတွေကို အနီးကပ်ချဉ်း ကပ်ပြီး လေ့လာဖြေရှင်းရပါမယ်။ သိသာတာက ဂလိုဘယ်လိုက်ဇေး ရှင်းဟာ ပြန်ပြီး ပြောင်းလဲပစ်လို့ မရပါဘူး။ ပြီးတော့ ဒါကနေ တစ်ကမ္ဘာလုံးစီးပွားရေးအကျိုးအ မြတ်တွေရနေတာပါ။ ပြီးတော့ နိုင်ငံတွေအများကြီးရဲ့ ဖွံ့ဖြိုးတိုး တက်မှုကိုလည်း ဖြစ်ပေါ်စေပါ တယ်။ အဲဒါဟာ လူတွေအများ ကြီးအတွက် အန္တရာယ်တစ်ခုအ နေနဲ့လည်း ရှုမြင်ခံနေရပါတယ်။ ကျွန်တော်တို့ဟာ သူတို့ကို နှစ် သိမ့်ပေးခဲ့သင့်ပေမယ့် မလုပ်ခဲ့ကြ ပါဘူး။

ဂလိုဘယ် လိုက်ဇေးရှင်းဟာ တကယ့်စစ်မှန်တဲ့ ကိစ္စလို့ ခင်ဗျား ပြောသွားတယ်။ ဒါပေမဲ့ ဒေါ်နယ် ထရန့်က အဲဒါကို သူမဲဆွယ်တုန်း က စိန်ခေါ်ခဲ့ပြီးတော့ ကာကွယ် ရေး ၀ါဒီ၊ သီးခြားနေထိုင်ရေးဝါဒီ သဘောထားကို လူသိရှင်ကြားထောက်ခံအားပေးခဲ့တယ်။ ဒါက ဥရောပကို ဘယ်လိုမျိုးထိခိုက်လာ စေမလဲ။

ဥရောပမှာလည်း ကာကွယ် ရေးဝါဒီတွေရဲ့ တုံ့ပြန်မှုတွေရှိခဲ့ ပါတယ်။ ရှန်ဂျန်ဇုန်က နိုင်ငံတွေ က ဒုက္ခသည်တွေ ၀င်မလာအောင် သူတို့ရဲ့ နယ်စပ်တွေကို ပိတ်ထား တာ ကျွန်တော်တို့မြင်နေရချိန်၊ ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂ
ကနေ ထွက်ခွာတာကို မြင်နေရချိန်၊ ထရန့်အနိုင်ရတာကို မြင်နေရချိန် တွေ မှာ ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်တဲ့ တုံ့ပြန်မှုတွေ ဘယ် လောက်အားကောင်းလာနိုင်သလဲ ဆိုတာက ကျွန်တော်တို့ တွေးမိ ပါတယ်။

ဒါဟာ ဥရောပအတွက် ဆိုးရွားတဲ့ သတင်းလား။

ဟင့်အင်း၊ ဒါက ကမ္ဘာအ တွက် မကောင်းတဲ့ သတင်းပါ။ ဥရောပအတွက်လည်း ဟုတ်ပါ တယ်။ ကျွန်တော်တို့ နားလည်ရ မှာက ဂလိုဘယ်လိုက်ဇေးရှင်းကို ထိန်းချုပ်ဖို့ လိုအပ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒါဟာ ဥရောပသမဂ္ဂရဲ့ အကြီးမားဆုံး ကျရှုံးမှုတစ်ခုပဲဖြစ်ပါတယ်။

ကျွန်တော်တို့ ဥရောပသမဂ္ဂအ ကြောင်း ပြန်ပြောပါမယ်။ ဒေါ်နယ်ထရန့်နဲ့ ပတ်သက်ပြီးတော့ အခု ထိပေါ့။ သူ့ရဲ့ မူဝါဒတွေကို ခင် ဗျား ဘယ်လိုထင်မိပါလဲ။

အင်း၊ သူ့ရဲ့ မူဝါဒတွေက ကျွန်တော့်ရဲ့ မူဝါဒတွေမဟုတ် ဘူး။ စီးပွားရေးကိစ္စတွေနဲ့ပဲ မဟုတ်ဘူး။ တန်ဖိုးထားတာတွေကို လေး စားမှုရှိတဲ့ နေရာမှာရောပဲ။ ဒါပေမဲ့ ဒီမိုကရက်တစ်နိုင်ငံတွေကြား မှာ လူတိုင်းရဲ့ ရွေးချယ်မှုကို  ကျွန်တော်တို့ လေးစားရပါမယ်။ ပြီး တော့ အမေရိကန်နိုင်ငံသားတွေ သူတို့သမ္မတအတွက် ရွေးချယ်ခဲ့ တဲ့ ရွေးချယ်မှုကို ကျွန်တော်တို့ လေးစားရပါမယ်။

လစ်စဘွန်းမြို့မှာ အခုကျင်းပနေ တဲ့ The Web Summit ညီလာခံနဲ့ ပတ်သက်လို့ ပြောကြရအောင်။ ဒီညီလာခံဟာ ပေါ်တူဂီစီးပွားရေး အခက်ကြုံနေချိန်မှာ ကျင်းပတာ ဖြစ်ပါတယ်။ စီးပွားရေးအသစ်ဟာ အားကောင်း လာတယ်လို့ တချို့က ရှုမြင်နေကြပေမယ့် ပေါ်တူဂီစီးပွားရေးဟာ ရုန်းကန်နေရ ပါတယ်။ ဒီလစ်စဘွန်းမြို့မှာ ဒီညီလာခံကို ကျင်းပဖို့ ခင်ဗျားအတွက် ဘာလို့များ အဲဒီလောက် အရေးကြီးရတာပါလဲ။

ကျွန်တော်တို့ဟာ အချိုးအ ကွေ့နေရာတစ်ခုမှာ ရောက်နေပါ တယ်။ ဥရောပကော်မရှင်၊ နိုင်ငံ တကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ ဥရောပဗဟိုဘဏ်တို့ပါတဲ့ သုံးဖွဲ့ အုပ်စုနဲ့အတူ ထိန်းညှိရေးစီမံကိန်း ကို ကျွန်တော်တို့ ပြီးမြောက်
အောင် ကျွန်တော်တို့ စွမ်းဆောင်သွားပါ မယ်။ လွန်ကဲတဲ့ လိုငွေပြမှုဖြေ ရှင်းရေးလုပ်ငန်းစဉ်ကို ကျွန်တော် တို့ စွန့်လွှတ်ပါမယ်။ စီးပွားရေးပြန် ကောင်းလာအောင် တီထွင်ဆန်း သစ်မှုနဲ့ အထောက်အကူပြုမှရပါ မယ်။

ဒီပေါ်တူဂီနိုင်ငံသားမျိုးဆက် ကို စုစည်းဖို့ ကျွန်တော်တို့ လျှောက်ခဲ့တဲ့ လမ်းကို အသေးစားလုပ်ငန်း တွေက ကိုယ်စားပြုနေပါတယ်။ အရည်အချင်းအပြည့်ဝဆုံးဖြစ် လာမယ့် အဲဒီမျိုးဆက်ဟာ စီးပွားရေး အကျပ်အတည်း ကြုံခဲ့ရတဲ့ နှစ် တွေမှာ နိုင်ငံတွင်းက ထွက်ခွာမှု တွေကြောင့် ထိခိုက်ခဲ့ရပါတယ်။

သူတို့ဒီနိုင်ငံက ထွက်သွားကြတာ လား။

ကျွန်တော်တို့ အဲဒီလူတွေကို ပြန်ခေါ်ရပါမယ်။ ပိုအရေးကြီးတာ က ဒီမှာတက္ကသိုလ်တွေ၊ နည်း ပညာတက္ကသိုလ်တွေမှာ ပညာ သင်နေတဲ့ လူတွေကို ထိန်းထားဖို့  လိုအပ်ပါတယ်။ ဒီမျိုးဆက်ရဲ့ စွမ်း ရည်တွေရဲ့ အကျိုးကျေးဇူးကို ရယူဖို့ လုပ်ရပါမယ်။

ခြိုးခြံချွေတာရေးက လိုအပ်ပါ သလား။ အဲဒီအချိန်အတွက် မှန် ကန်တဲ့ မူဝါဒတစ်ခုဖြစ်ပါသလား။

ခြိုးခြံချွေတာရေး လုပ်တာ ဟာ အမှားတစ်ခုဖြစ်ခဲ့တယ်လို့ ကျွန်တော်ထင်တယ်။ ကျွန်တော် တို့ ဆက်သွားရပါမယ်။ အဲဒီစာမျက်နှာကို ကျွန်တော်တို့ လှန်ပစ်လိုက်ပြီး အနာဂတ်ဆီမျှော်ကြည့်ရ ပါမယ်။

ခင်ဗျားက ရှေ့ဆက်သွားဖို့ ပြောနေပေမယ့် တစ်ကမ္ဘာလုံး မသေချာ၊ မရေရာဖြစ်နေချိန်မှာ  တချို့က ဒုတိယအကြိမ်ကယ်တင်ရမယ့် အခြေအနေဖြစ်လာနိုင်တယ်လို့ ပြောနေကြတယ်။

ဟင့်အင်း၊ အဲဒါဖြစ်လာဖို့အ ကြောင်းမရှိဘူး။ ပထမဆုံးအနေနဲ့ ကျွန်တော်တို့ဟာ (၄၂)နှစ်အတွင်း အကောင်းဆုံးလိုငွေပြမှုရှိလာ မယ်၊ ဥရောပသမဂ္ဂမှာ အကောင်း ဆုံးအခြေအနေတစ်ခုပေါ့။

ဒါပေမဲ့ ဖွံ့ဖြိုးမှုအားနည်းနေပါ တယ်။

ဟုတ်ကဲ့၊ အဲဒါမှန်ပါတယ်။ ဒါပေမဲ့ ဥရောပမှာ အားနည်းတာ ဟာ ဖွံ့ဖြိုးမှုအားလုံး အားနည်း နေတာဖြစ်ပါတယ်။ အလုပ်လက် မဲ့ဖြစ်နေတာတွေကို ကျွန်တော် တို့ လျှော့ချလိုက်ပါတယ်။ ဒီနှစ်မှာ ၂ ရာခိုင်နှုန်းလျော့ကျ သွားပါ တယ်။ ကျွန်တော်တို့ ပို့ကုန်တွေ ၆ ရာခိုင်နှုန်းပိုများလာပါတယ်။ ပြီးတော့ ဥရောပသမဂ္ဂကို ကျွန်တော်တို့ပို့တဲ့ ပို့ကုန်ပမာဏဟာ၇ ဒသမ ၆ ရာခိုင်နှုန်းပိုလာပါတယ်။

ဖွံ့ဖြိုးတိုးတက်ဖို့နည်းလမ်းမရှာ နိုင်ရင် ခင်ဗျားရာထူးက ဆင်းဖို့ အဆင်သင့်ပဲလား။

ဒါက ဒီလိုအချိန်မှာမေးရ မယ့် မေးခွန်းတစ်ခုမဟုတ်ဘူး။ ကျွန်တော်တို့မှာ တည်ငြိမ်တဲ့ လွှတ်တော်ဆိုင်ရာ လူများစုရှိပြီး နိုင်ငံ တော်သမ္မတနဲ့ ဆက်ဆံရေးလည်း ကောင်းတယ်။ လူမှုအပေါင်းအပါ တွေနဲ့လည်း ဆက်ဆံရေး အရမ်း ကောင်းပါတယ်။

စီးပွားရေးညွန်းကိန်းအားလုံး က ဒီနှစ်မှာ ယုံကြည်မှုအဆင့်မြင့် တက်လာတာကို ဖော်ပြနေပါ တယ်။ အစိုးရ၀န်ထမ်းတွေရဲ့ လစာဟာ လွန်ခဲ့တဲ့ ငါးနှစ်က ၃၀ ရာခိုင်နှုန်းလျှော့ချခဲ့ပေမယ့် ပြန် ပြီး နဂိုအတိုင်းပေးထားနိုင်ပါပြီ။ လစာအပေါ် ကောက်ခံတဲ့ အခွန် ငွေပမာဏကိုလည်း ကျွန်တော် တို့ အစိုးရရော ပုဂ္ဂလိကဏ္ဍမှာပါ လျှော့ချထားပါတယ်။

ဒါပေမဲ့ ခင်ဗျားလုပ်နေတာတွေ ကို လူတိုင်းက သဘောတူတာ မဟုတ်ဘူးလေ။

ဒါပေမဲ့ အဲဒါပုံမှန်ပဲလေ မဟုတ်ဘူးလား။

အတ္တလန္တိတ်ဖြတ်ကျော်နှိုင်းယှဉ် ချက်တွေကို ကျွန်တော်ပြန်ပြော ချင်ပါတယ်။ ဒေါ်နယ်ထရန့်ဟာ သူ့ရဲ့ မဲဆွယ်စဉ်ကာလက သူရွေးကောက်ပွဲနိုင်ရင် အီးယူက ဗြိတိန် ထွက်ခွာတာလိုမျိုး ဖြစ်လာမယ်လို့ အထပ်ထပ်ပြော ခဲ့ပါတယ်။ လေ့လာသူ အတော်များများက အဲဒါဟာ လူပြိန်းကြိုက်ဝါဒအတွက် အောင်ပွဲလို့ ပြောကြပေမယ့် ဒါဟာ ဥရောပမှာလည်းပဲ လူပြိန်းကြိုက်ဝါဒအတွက် အောင်ပွဲတစ်ခု ဟုတ်ပါသလား။

နိုင်ငံခြားသားမုန်းတီးတဲ့ လူ ပြိန်းကြိုက်ဝါဒဟာ ဥရောပရဲ့ အ စိတ်အပိုင်းအတော်များများကို ထိ တွေ့နေပါပြီ။ စပိန်နဲ့ ပေါ်တူဂီက လွဲလို့ပေါ့။ ဒါကသာမန်ပါပဲ။ ပေါ် တူဂီဟာ ဥရောပအလယ်မှာ ပိတ်ထားတဲ့ နိုင်ငံတစ်ခု မဟုတ်ဘူး။ အတ္တလန္တိတ်မှာရှိတဲ့ ကမ္ဘာကြီးအ တွက် လမ်းဖွင့်ထားတဲ့ နိုင်ငံဖြစ်ပါတယ်။

ဥရောပမှာ လူပြိန်းကြိုက်ဝါဒရဲ့ ရိုက်ခတ်မှုက ဘာဖြစ်လာမလဲ။

ဗြိတိန် အီးယူက ထွက်တာ၊ ဒေါ်နယ်ထရန့်အနိုင်ရတာလိုမျိုး ကံမကောင်းတဲ့ ဆုံးဖြတ်ချက်တိုင်း ဟာ ဥရောပရဲ့ လာမယ့်ရွေး ကောက်ပွဲတွေမှာ လူပြိန်းကြိုက် ၀ါဒထပ်ပြီး အောင်မြင်တာနဲ့ အမှားအသစ်တွေဖြစ်မလာအောင် ကာ ကွယ်ဖို့အတွက် ကာကွယ်ဆေး တစ်ခုဖြစ်လာဖို့ ကျွန်တော်အမြဲ မျှော်လင့်ပါတယ်။ ကံကောင်းတာ ဟာ ကျွန်တော်တို့ကိုယ်ခံအား ကောင်းနေတုန်းပဲ။ ကျွန်တော်တို့ ဟာ ကမ္ဘာကြီးအတွက် လမ်းဖွင့် ထားတုန်းပဲ။ ကျွန်တော်တို့ရဲ့ အ နာဂတ်နဲ့ပတ်သက်လို့ ပြတ်သား တုန်းပဲ။ အဲဒါဟာ ကျွန်တော်တို့ရဲ့ ရာဇ၀တ်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အ နာဂတ်လည်း ဟုတ်ပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံအနေ နဲ့ ဆက်လက်ရှိရေး လူထုဆန္ဒခံယူပွဲလုပ်ဖို့ ပြည်သူတွေ တောင်းဆိုလာရင် လူထုဆန္ဒခံယူပွဲကျင်းပ ပေးဖို့ ခင်ဗျားအဆင်သင့်ရှိမလား။

ကျွန်တော်တို့ အီးယူအဖွဲ့ ၀င်ဖြစ်တာ နှစ် (၃၀)ကြာပါပြီ။  အခုကျွန်တော်တို့ လူထုဆန္ဒခံယူ ပွဲကျင်းပမှာ မဟုတ်ဘူး။ ဒါက ပေါ်တူဂီက ပြဿနာတစ်ခုမဟုတ် ပါဘူး။

ရှင်းရှင်းပြောရရင် ခင်ဗျားလူထု ဆန္ဒခံယူပွဲကျင်းပမှာ မဟုတ်ဘူး ပေါ့။

ပေါ်တူဂီမှာ သုံးပွင့်ဆိုင်အဖွဲ့ ပေါ်လာတဲ့ လေးနှစ်ကြာပြီးတဲ့ နောက်မှာတောင် ကျယ်ပြန့်တဲ့ သဘောတူညီမှုရှိနေပါတယ်။ လူတွေက ဥရောပကို လိုလားနေတုန်းပါပဲ။ ဖြေရှင်းဖို့လိုတဲ့ ဥရောပသမဂ္ဂ အတွင်းမှာ ပြဿနာတွေရှိနေပါ တယ်။ ဥရောပတစ်ခုလုံးတည် ငြိမ်စေဖို့အတွက် စီးပွားရေးနဲ့ ဘဏ္ဍာရေးသမဂ္ဂတွေ ပြီးမြောက် အောင် လုပ်ဆောင်ဖို့လိုပါတယ်။

ဒါပေမဲ့ ဒီအခြေအနေကို တားဆီး ဖို့ လူပြိန်းကြိုက်အဖွဲ့တွေက အား လုံးလုပ်ဆောင်ကြပါလိမ့်မယ်။

သူတို့ကို ကျွန်တော်တို့ တိုက် ခိုက်ရပါမယ်။

—Ref:Euronews