ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂမူဘောင်ညီလာခံ အမှုဆောင်အတွင်းရေးမှူးနှင့် တွေ့ဆုံခြင်း

သြစတြီးယား၊ ဂျာမနီ၊ ဆလို ဗေးနီးယားနဲ့ ဆလိုဗက်ကီးယား နိုင်ငံဆိုင်ရာ မက္ကဆီကိုသံအမတ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး သမ္မတဖီလစ်ပီကယ်ဒါရွန်ရဲ့ ၀န် ကြီးများအဖွဲ့မှ နိုင်ငံခြားရေးဝန် ကြီးအဖြစ် တာဝန်ထမ်းဆောင်
ခဲ့တဲ့ မစ္စစ်ပက်ထရီရှာအက်စပင်နို ဆာကန်တယ်လာနိုကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ၂၀၁၆ မေလမှာ ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ကုလသမဂ္ဂ မူဘောင်ညီလာခံ (UNFCC) ရဲ့ အမှုဆောင် အတွင်းရေးမှူး
ရာထူးခန့်အပ်ခဲ့ပါတယ်။


သူဟာ ကမ္ဘာကြီးပူနွေးလာ မှုကို တိုက်ဖျက်ရာမှာ အမြော်အမြင်ကြီးတဲ့ ပါရီသဘောတူညီမှုကို အကောင်အထည်ဖော်ဖို့ အကြီး မားဆုံးစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေ ရပါတယ်။

သူရင်ဆိုင်နေရတဲ့ စိန်ခေါ်မှု တွေနဲ့ ပတ်သက်လို့ ယူရိုနယူးစ် သတင်းဌာနက တွေ့ဆုံမေးမြန်း ထားပါတယ်။

ရာသီဥတုပြောင်းလဲမှုကို တိုက် ဖျက်ရတာဟာ အချိန်လုပြီး လုပ်ရတဲ့ အလုပ်လား။

အဲဒါဟာ အရေးတကြီးအ ရေးယူဆောင်ရွက်ဖို့ လိုအပ်နေတဲ့ရုန်းကန်ရမယ့် ကိစ္စတစ်ခုလို့ ကျွန်မပြောချင်ပါတယ်။ အဲဒါဟာ ချက် ချင်းရလဒ်တွေထွက်ပေါ်လာတာ မြင်ရမယ့် လုပ်ငန်းစဉ်တစ်ခုဖြစ်တယ်လို့ ဆိုလိုတာ
မဟုတ်ပါဘူး။

လက်ရှိ ရည်မှန်းချက်ဟာ ကမ္ဘာကြီးပူနွေးလာစေတဲ့ ဖန်လုံ အိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုတွေ ကို တည်ငြိမ်အောင်ထိန်းချုပ်နိုင် မယ့် အခုရာစုနှစ်ရဲ့ ဒုတိယထက် ၀က်အတွက်ဖြစ်တယ်လို့ မှတ်ယူ လို့ရှိရင် ရေရှည်လုပ်ငန်းစဉ်
တစ်ခုအကြောင်းပြောနေတယ် ဆိုတာ နားလည်ရပါမယ်။ ဒါပေမဲ့လည်း ကျွန်မတို့ အရေးတကြီးအရေး ယူဆောင်ရွက်မှုမရှိဘူးဆိုရင် အဲဒီပြောင်းလဲမှုတွေကို ကျွန်မတို့မြင် တွေ့ရမှာ မဟုတ်ပါဘူး။

တကယ်ပဲ ရာသီဥတုပြောင်းလဲမှု ကို တိုက်ဖျက်ဖို့ တစ်ကမ္ဘာလုံး သဘောတူညီဖို့ နှစ် ၂၀ နီးပါးကြာ ခဲ့ပါတယ်။ အဲဒီသဘောတူညီမှု ဟာ မာရာကက်ရှ်မြို့မှာ ကျင်းပမယ့် လာမယ့် ရာသီဥတုညီလာခံမှာ တစ်နှစ်မပြည့်ခင် အသက်ဝင် လာပါမယ်။ အဲဒါဟာ ရာသီဥတု ပြောင်းလဲမှုကို တိုက်ဖျက်ဖို့အ တွက် မူဝါဒတွေကို လွတ်လွတ် လပ်လပ်ရွေးချယ်ခွင့်ပြုထားတဲ့ ကျိုတိုသဘောတူညီမှုလိုမဟုတ် ဘဲ ပြည့်စုံတဲ့ သဘောတူညီမှု တစ်ရပ်ပဲ ဖြစ်ပါတယ်။
နှစ်ဖက်သွား ဓားတစ်ချောင်းလို့ ပြောလို့ရ မလား။ ဆိုလိုတာက ပါရီသဘော တူညီမှုမှာ သတ်မှတ်ထားတဲ့ ကမ္ဘာကြီးပူနွေးလာမှုကို ၂ ဒီဂရီအောက် မှာ ထိန်းထားဖို့အတွက် နိုင်ငံတွေက သူတို့ရဲ့ ဦးတည်ချက်တွေ ပြည့်မီအောင်
အချိန်မီဘယ်လိုလုပ်မ လဲ။

ပါရီသဘောတူညီမှုဟာ ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးက ရာသီဥတုပြောင်းလဲမှုကို တိုက် ဖျက်ရာမှာ တာဝန်ရှိမှုကို လက်ခံ ကြတယ်ဆိုတဲ့ ဘုံအခြေခံအချက် ပေါ်မှာ တည်ဆောက်ထားတာပါ။ တစ်ချိန်တည်းမှာပဲ ပါရီ
သဘောတူညီမှုဟာ နိုင်ငံတွေအနေနဲ့ သူ တို့ရဲ့ အရေးယူဆောင်ရွက်မှုတွေ  ကို တိုးမြှင့်နိုင်တယ်။ ဒါပေမဲ့  လျှော့ချလို့တော့ မဖြစ်နိုင်ဘူးလို့ သတ်မှတ်တောင်းဆိုထားပါတယ်။

ဒါပေမဲ့ သူတို့မလျှော့ချရင် (ဒါမှ မဟုတ်) ရည်မှန်းချက်တွေ မပြည့်မီရင် ပြစ်ဒဏ်ပေးဖို့ မရှိဘူး ဆိုတာ ဘာဖြစ်မလဲ။

နိုင်ငံတကာယှဉ်တွဲနေထိုင်မှု နဲ့ ဆိုင်တဲ့ အုပ်ချုပ်ရေးဥပဒေအ များကြီးဟာ ကောင်းတဲ့ဆန္ဒအပေါ် မှာ အခြေခံထားတဲ့ ဥပဒေတွေပဲ ဖြစ်ပါတယ်။ ပြီးတော့နိုင်ငံတကာ သဘာဝပတ်ဝန်းကျင်တစ်ခု တည်ဆောက်ဖို့ ဆိုတာ အစိုးရ အဖွဲ့တွေ ရဲ့ ဘုံအကျိုးစီးပွားပဲဖြစ်ပါတယ်။   ပါရီသဘောတူညီမှုရဲ့ အင်အား ဟာ ယေဘုယျအားဖြင့် ပုဂ္ဂလိက ကုမ္ပဏီတွေ၊ သိပ္ပံပညာရှင်တွေ ပါဝင်တဲ့ အသိုင်းအ၀ိုင်းကို အား ဖြည့်လောင်စာပေးမယ့် ကြီးကျယ်တဲ့ စုရုံးမှုပဲ
ဖြစ်ပါတယ်။ တခြားစကားနဲ့ပြောရရင် အစိုးရအဖွဲ့တွေထက် ကျော်လွန်ပြီးရောက်ရှိနိုင်မယ့် လှုပ်ရှားမှုတစ်ခုဖြစ်ပါ တယ်။

ဒါပေမဲ့ ဒီသဘောတူညီမှုရဲ့ အခြေခံက ပါဝင်သူတွေရဲ့ စိတ်ဆန္ဒရှိမှု ဆိုတော့ . . . ။

မှန်ပါတယ်၊ မှန်တာပေါ့။ ဒါပေမဲ့ ထပ်ပြောမယ်။ ကျွန်မ ဒီအချက်ကို အလေးထားပြော မယ်။ ကုလသမဂ္ဂလူ့အခွင့်အရေး ပဋိညာဉ်စာချုပ်၊ အခြေခံလူ့အခွင့် အရေးတွေ၊ လိုက်လျောညီထွေ အတူယှဉ်တွဲ နေထိုင်ဖို့အတွက်
နိုင်ငံတကာ အသိုင်းအ၀ိုင်းက တည်ဆောက်ထားတဲ့ အဲဒီသတ် မှတ်ချက်တွေအားလုံးဟာ စိတ် ဆန္ဒအပေါ်မှာ အခြေခံထားတာ ပါ။ ဒါပေမဲ့ အဲဒီဥပဒေသတ်မှတ် ချက်တွေ လိုအပ်တယ်လို့ တစ် နိုင်ငံချင်းစီက ယုံကြည်
လက်ခံ ထားတဲ့ အပေါ်မှာလည်းပဲ မူတည် နေပါတယ်။

ဒီတော့ အဓိကလေထုညစ်ညမ်း စေတဲ့ နိုင်ငံတွေအကြောင်းပြော ကြတာပေါ့။ အမေရိကန်နိုင်ငံ၊ အမေရိကန်မှာ အိုဘားမားသန့် စင်စွမ်းအင်အက်ဥပဒေဟာ နိုဝင် ဘာ ၈ ရက်ရွေးကောက်ပွဲအပြီးမှာ ဥပဒေဆိုင်ရာ လစ်ဟာမှု
တစ်ခု လိုမျိုးဖြစ်နေပါတယ်။ အထက် လွှတ်တော်က ရီပက်ဘလေကန် တွေလက်ထဲမှာ၊ အောက်လွှတ် တော်က ဆုံးဖြတ်ရဦးမယ်။ ပြီး တော့ သမ္မတက အမေရိကန်ပြည် ထောင်စုဟာ သူ့ရဲ့ ရည်မှန်းချက် တွေပြီးမြောက်အောင်
လုပ်ဖို့ ပျက် ကွက်ခဲ့ရင် ပါရီသဘောတူညီမှုက သူတို့ထွက်ခွာဖို့တောင် ဆုံးဖြတ် ခဲ့မယ်ဆိုရင် ဘာဖြစ်မလဲ။

အမေရိကန်နိုင်ငံသား ၁၀ ယောက်မှာ ခုနစ်ယောက်က သူတို့နိုင်ငံရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ဖို့ အရေးယူဆောင်ရွက်တာ ကို ပိုသဘောကျကြပါတယ်။ ပြီး တော့ အမေရိကန်ကုမ္ပဏီတွေ အများကြီးဟာ ပိုပြီးထိရောက်မှု
ရှိ အောင် ရေရှည်ထိန်းသိမ်းနိုင်မှုကို အာမခံမယ့် လုပ်ရပ်တွေ အများ ကြီးလုပ်ထားကြပြီးဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ဒါပေမဲ့ အဖြေက အစိုးရအပေါ်မှာ မူတည်နေပါတယ်။

အစိုးရဟာ သူ့ရဲ့ နိုင်ငံသား တွေအတွက် တာဝန်ခံရတာ မဟုတ်ဘူးလား။

အဲဒီသဘောတူညီမှုကနေ နိုင်ငံ တစ်နိုင်ငံ ထွက်သွားနိုင်ခြေကို စဉ်းစားထားပါသလား။

ဒီဖြစ်နိုင်ခြေကတော့ ဘယ် အစိုးရအတွက် မဆို တကယ်ပဲ အချုပ်အခြာအာဏာနဲ့ ဆိုင်တဲ့ အခွင့် အရေးပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံ မဆို ထွက်ခွာနိုင်ပါတယ်။ ကျိုတို သဘောတူညီမှုမှာ အဲဒီလိုဖြစ်ခဲ့ တာပါ။ ကျွန်မတို့မှတ်မိရင်ပေါ့။ ဒါပေမဲ့ ကျွန်မမြင်တာက ဆန့် ကျင်ရာဘက်ကို ရွေ့လျားနေတာ တစ်ခုထက် ပါရီသဘောတူညီမှု အပြင် ဒီနှစ်မှာ ဒီကိစ္စအပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှုရှိမယ့် အဓိကကျတဲ့ သဘောတူညီမှု နှစ် ခုကို ကျွန်မတို့ လက်မှတ်
ရေးထိုး ခဲ့ကြတယ်။ တစ်ခုက လေကြောင်း ပျံသန်းမှုနယ်ပယ်က ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို လျှော့ ချဖို့အတွက် နိုင်ငံတကာအရပ် ဘက်လေကြောင်းပျံသန်းရေးအ ဖွဲ့အစည်းနဲ့ ချုပ်ဆိုခဲ့တဲ့ သဘော တူညီမှု
ဖြစ်ပါတယ်။ နောက်တစ်ခု က မွန်ထရီယယ်ပဋိညာဉ်အရ ကမ္ဘာကြီးပူနွေးမှုဖြစ်စေတဲ့ HFC ဓာတ်ငွေ့တွေ ထုတ်လွှတ်တာကို လျှော့ချဖို့ သဘောတူညီမှုပဲဖြစ်ပါ တယ်။

တရုတ်နိုင်ငံကော ဘယ်လိုလဲ။ ကမ္ဘာပေါ်မှာ ကာဗွန်မိုအောက် ဆိုက်အများဆုံး ထုတ်လွှတ်တဲ့ တရုတ်နိုင်ငံက သူတို့ရဲ့ ထုတ်လွှတ်မှုတွေကို စပြီးတော့ မလျှော့ချခင်၂၀၃၀ ပြည့်နှစ်အထိ ထုတ်လွှတ်မှုတွေ ဆက်ရှိနေမယ် လို့ပြောထား ပါတယ်။ တခြားနိုင်ငံတွေက ၂၀၂၀ အတွက် ရည်မှန်းချက်တွေထားရှိထားပြီးဖြစ်ပါတယ်။ အဲဒီမူဝါဒနှစ်ခုဟာ ပါရီသဘောတူညီ မှုနဲ့ ဘယ်လို သဟဇာတဖြစ်မလဲ။

နိုင်ငံတွေကြားမှာ မတူညီတဲ့ စစ်မှန်မှုတွေရှိတယ်ဆိုတာကို အဲ ဒီသဘောတူညီမှုက အသိအမှတ် ပြုထားပါတယ်။ သူ့ရဲ့ လူဦးရေနဲ့ အတူ တရုတ်နိုင်ငံဟာ သူတို့ရဲ့ စီး ပွားရေးဖွဲ့စည်းပုံနဲ့အတူ တကယ် လုပ်နိုင်တဲ့အရာကို ရှာဖွေရပါ မယ်။ ဒီနေ့ခေတ်မှာ တရုတ်ဟာ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ် လွှတ်မှုမြင့်မားတဲ့ စီးပွားရေးကနေ ကာဗွန်ထုတ်လွှတ်မှုနည်းပါးတဲ့ စီး ပွားရေးကို ပြောင်းလဲဖို့ အများကြီး ကြိုးစားနေတဲ့အတွက် တရုတ်အ စိုးရနဲ့ တရုတ်လူ့အသိုင်းအ၀ိုင်း အပေါ်မှာ ကြီးကျယ်တဲ့ နားလည် တန်ဖိုးထားမှုတစ်ခုရှိနေပါတယ်။ တရုတ်နိုင်ငံရဲ့ သူ့ရဲ့သွင်ပြင်လက္ခ ဏာတွေ သူတို့ရဲ့ ရည်မှန်းချက် တွေဟာ အမြော်အမြင်ရှိပါတယ်။

ပါရီသဘောတူညီမှုဟာ သံသယ တွေ ခြုံလွှမ်းနေပြီး အထူးသဖြင့် ရုပ်ကြွင်းလောင်စာသုံးစွဲမှုကို စွန့် လွှတ်ဖို့ သတ်မှတ်ရက်စွဲမထားရှိ တဲ့အတွက် ဝေဖန်ခံနေရပါတယ်။ ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲဖို့ မပြောထားဘူး။ ဖွံ့ဖြိုးဆဲ
နိုင်ငံတွေကို ကူ ညီဖို့ ၂၀၂၀ မှာ ကောက်ခံရမယ့် ရန်ပုံငွေဒေါ်လာ ၁၀၀ ဘီလီယံ စိုက်ထူဖို့ အစီအစဉ်မလုပ်ထားတဲ့ အတွက် ဝေဖန်ခံနေရပါတယ်။ မရေမရာဖြစ်နေတဲ့ အဲဒီမေးခွန်း တွေအားလုံးအတွက် မာရာကက်ရှ်မှာ ကျင်းပမယ့် ရာသီဥတုညီလာခံသစ်က အဖြေတွေ ပေးမှာလား။

မာရာကက်ရှ် ညီလာခံက အကောင်အထည်ဖော်ရေး လက် တွေ့ဆောင်ရွက်ရေးအပေါ် အာရုံ စိုက်ပါလိမ့်မယ်။

ရန်ပုံငွေထူထောင်တာရဲ့ တစ်စိတ် တစ်ပိုင်းအနေနဲ့ အခုအရမ်းအ သေးစိတ်ကျတဲ့ ချဉ်းကပ်မှုမျိုးကို ကျွန်မတို့ တွေ့မြင်နေရပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ဆောင်ရွက်မှုအပိုင်းမှာ အရမ်းရှင်းလင်းတာကို မြင်နေရပါတယ်။ ကျွန်မတို့ မာရာ ကက်ရှ်  ညီလာခံမတိုင်မီ တင် ကြိုဆွေးနွေမှု ပြုလုပ်ခဲ့ကြပါတယ်။ရည်မှန်းချက်နဲ့ အရမ်းနီးနေပြီ ဆိုတာ ကျွန်မတို့တွေ့မြင်နေရပါ တယ်။   ရှေးရိုးဆန်တဲ့ ချဉ်းကပ်မှုနဲ့ အတူ ၂၀၂၀ မှာ ကန်ဒေါ်လာ ၉၄ ဘီလီယံနီးပါး ရနိုင်မယ့် အနာ ဂတ်ဖြစ်နိုင်ခြေကို မြင်တွေ့နေ ရပြီး ဖြစ်တယ်လို့ ခန့်မှန်းရပါ တယ်။ ပါရီ သဘောတူညီမှုက စွမ်းအင်အသစ်နဲ့ ပြည့်ဖြိုးမြဲစွမ်း အင်တွေမှာ အဓိကကဏ္ဍကို ထိန်းချုပ်ထားပြီး ကျောက်ဖြစ်ရုပ်ကြွင်း
လောင်စာတွေအတွက် ကုန်ကျ စရိတ်တွေ အဆုံးသတ်ဖို့ လိုအပ် တယ်ဆိုတာ ကာဗွန်ထုတ်လွှတ်မှု နည်းတဲ့ စီးပွားရေးတွေဆီ ပြောင်း လဲလုပ်ကိုင်ဖို့ သတ်မှတ်ထားပါ တယ်။ ဘယ်စီးပွားရေးမှာမဆို စွမ်းအင်ကဏ္ဍရဲ့ အရေးပါပုံ ကိုဖော်ပြထားတာဟာ ပြည့်ဖြိုးမြဲရင်း မြစ်တွေဆီ ကျွန်မတို့ပြောင်းလဲဖို့ စွမ်းအင်အတွက် ကျောက်ဖြစ် ရုပ်ကြွင်း လောင်စာတွေကို စွန့် လွှတ်ရမယ်လို့ ဆိုလိုတာပါ။

ဒါဆို . . . ကျွန်မတို့မှာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ စိတ်ဆန္ဒကောင်း ပေါ်အခြေခံတဲ့၊ ကောင်းမွန်တဲ့၊ ရည်မှန်းချက်တွေပါတဲ့ ကြေညာ ချက်တစ်ရပ်ရှိတာပေါ့။

ဒါပေမဲ့သဘောတူညီမှု တစ် ခုရှိပါတယ်။ ပါရီသဘောတူညီမှု ဟာ တရားဥပဒေအရ ထိန်းချုပ်မှု ရှိတယ်ဆိုတာ ကျွန်မအလေးထားပြောကြားလိုပါတယ်။ အဲဒါဟာ နိုင်ငံတွေအတွက် မဖြစ်မနေလုပ်ဆောင်ရမယ့် ကိစ္စဖြစ်ပါတယ်။ တကယ်ပဲ အဲဒီသဘောတူညီမှု အကောင်အထည်ဖော်တာကို အတိအကျစောင့်ကြည့်ဖို့ တရားရုံး မရှိဘူး။ ကျွန်မတို့ အားလုံးမှာ တာဝန်ကိုယ်စီရှိပါတယ်။ နိုင်ငံ အားလုံးက တိုးတက်မှုအခြေအနေ ကို အချင်းချင်းစောင့်ကြည့် သွားပါမယ်။ ဒါပေမဲ့ ဒါဟာတရားဥပဒေအရ ထိန်းချုပ်မှုရှိတဲ့ မူဘောင်တစ်ခုပဲဖြစ်တယ်လို့ ကျွန်မအခိုင် အမာပြောလိုပါတယ်။

—Ref:Euronews

Top News