"သားက ဖခင်ကို ဓားဖြင့် ခုတ်သတ်သည့် လူသတ်မှု တာချီလိတ်တွင် ဖြစ်ပွား"

ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဝေလေလံအာခါရွာတွင် သားက ဖခင်အရင်း၏ လည်ပင်းကို ဓားဖြင့်ပိုင်းသည့် လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

လူသတ်မှုကျူးလွန်သူသည် အသက်၂၈နှစ်အရွယ် လုဖာဆိုသူဖြစ်ပြီး ယနေ့ (သြဂုတ် ၁၉ ရက်) နံနက် ၉ နာရီခန့်တွင် ဖခင်အရင်းဖြစ်သူ အသက် ၄၉ နှစ်အရွယ်ရှိ ဦးအားဖာကို ဓားဖြင့်ခုတ်သတ်ခဲ့သောကြောင့် လည်ပင်းပြတ်ကာ သေဆုံးခဲ့ကြောင်း အဆိုပါရွာတွင် နေထိုင်သူအမျိုးသားတစ်ဦး ကပြောသည်။

"လူသတ်မှုဖြစ်ပြီးအကြောင်းကြားတော့ပြစ်မှုကျူးလွန်သူကိုမိပါတယ်။သူတို့သားအဖနှစ်ယောက်ထဲနေတာပါ။ မိခင်ဖြစ်သူကတော့ ဆုံးသွားတာကြာပြီလို့ သိရပါတယ်။ မူးယစ်ဆေးဝါးသုံးစွဲပြီး ပြစ်မှုကျူးလွန်တာ ဟုတ်မဟုတ်စစ်ဆေးရပါဦးမယ်" ဟု တာချီလိတ်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦး ကပြောသည်။

 

Top News