"လေယာဉ်ပေါ်တွင် ခရီးသည်အချင်းချင်းထံမှ ပိုက်ဆံခိုးသူသည့် တရုတ်နိုင်ငံသားကို ဖမ်းဆီးမိ "

ဟောင်ကောင်မှ ရန်ကုန်သို့ပြန်သန်းလာသည့် Dragon လေကြောင်းလိုင်းဖြင့် လိုက်ပါလာသည့် မြန်မာနိုင်ငံသားထံမှ ဒေါ်လာခိုးယူသူဟုဆိုသည့် တရုတ်နိုင်ငံသားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ တရုတ်နိုင်ငံသားမှာ Dragon လေကြောင်းလိုင်းခရီးစဉ်အမှတ် KA -252 ဖြင့် ဟောင်ကောင်လေဆိပ်မှ ခုံအမှတ် (32/C) တွင် စီးနင်းလိုက်ပါလာသူဖြစ်ပြီး သြဂုတ် ၁၉ရက် နံနက်တွင် လေယာဉ်ပေါ်၌ ခိုးယူခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လုံခြုံရေးတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။

"လေယာဉ်ဆိုက်တော့ ည ၁၂ နာရီ မိနစ် ၄၀ မှာ လေယာဉ်ဆင်းတယ်။ ပိုက်ဆံအခိုးခံရတဲ့ မြန်မာနိုင်ငံသားက လေယာဉ်ဆင်းမှ သိတယ်။ လေဆိပ်ကတာဝန်ရှိသူတွေကို အကြောင်းကြားတော့ စစ်ဆေးလိုက်တဲ့အခါမှာ ခိုးတဲ့သူကိုမိပါတယ်။ ညပိုင်းဆိုက်တဲ့ လေယာဉ်တွေမှာ ခရီးသည်အချင်းချင်းခိုးတဲ့သူတွေ ပါလာတတ်တယ်"ဟု အဆိုပါရဲအရာရှိက ပြောသည်။

ခိုးယူခံရသည့် မြန်မာနိုင်ငံသားထံမှာ လေယာဉ်ပေါ်တွင် အိပ်ပျော်နေစဉ် အမေရိကန်ဒေါ်လာ ၆၁၀၀ ကို အဆိုပါတရုတ်နိုင်ငံသားက ခိုးယူခဲ့ဖြင်းဖြစ်ပြီး မင်္ဂလာဒုံမြိုကမရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၂၇၉ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောသည်။