မြန်မာတွင် စီးပွားရေးအလားအလာကောင်းများကို အမေရိကန်တွေ့မြင်

ကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ချားလ်စ်ရိဗ်ကင်

မြန်မာနိုင်ငံနှင့် စီးပွားရေးတိုးမြှင့်ဆောင်ရွက်ရန်အမေရိကန်အစိုး  ရတာဝန်ရှိသူများက ကြိုးပမ်းနေ ကြသည်။ မြန်မာနိုင်ငံသည် အ နောက်နိုင်ငံကုမ္ပဏီများက စီးပွား ရေးများများစားစား မလုပ်ဆောင် သေးသော နောက်ဆုံးဈေးကွက် တစ်ခုဖြစ်သဖြင့် နောက်ဆုံးပေါ် တက်သစ်စ ဈေးကွက်တစ်ခုဟု အချို့က တင်စားကြလေ့ရှိသည်။

မြန်မာစစ်အစိုးရက ဒီမိုက ရေစီအတိုက်အခံများကို ဖိနှိပ်မှု များကြောင့် ၁၉၉၇ တွင် အမေရိ ကန်အစိုးရက မြန်မာနိုင်ငံကို ကြီး လေးသောအရေးယူဒဏ်ခတ် ပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။ ပြီး ခဲ့သော နှစ်များအတွင်း မြန်မာက ဒီမိုကရေစီလိုလားသော ပြုပြင် ပြောင်းလဲရေးများကြောင့် အမေ ရိကန်အစိုးရက ပိတ်ဆို့အရေးယူ မှုအများစုကို ရုပ်သိမ်းခဲ့သည်။

 ပြီးခဲ့သည့်မေလက နောက် ထပ်အရေးယူပိတ်ဆို့မှုများကို ဖြေလျှော့ခြင်းနှင့်အတူ အရှေ့တောင် အာရှက အကြီးဆုံးနိုင်ငံတစ်ခု ဖြစ်သည့် မြန်မာတွင် ကြီးမား သော စီးပွားရေးအလားအလာ ကောင်းကို အမေရိကန်က တွေ့ မြင်ခဲ့သည်။ မြန်မာသည် သဘာ ဝသယံဇာတများနှင့် စိုက်ပျိုးနိုင် သည့်မြေများရှိသည်။ သို့သော် လည်း နိုင်ငံ့လူဦးရေ သုံးပုံတစ်ပုံ လောက်သာ လျှပ်စစ်မီးရရှိသည် ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။


ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲအနိုင်ရခဲ့မှုနှင့် အရေး ယူပိတ်ဆို့မှု ၈၀ ရာခိုင်နှုန်းကို လျှော့ချခဲ့ခြင်းက အမေရိကန်စီး ပွားရေးလုပ်ငန်းများနှင့် အမေရိ ကန်နှင့် ဆက်သွယ်မှုအတွက် ခေတ်သစ်တစ်ခုစတင်နိုင်မည့် အခွင့်အရေးကို ပေးခဲ့သည်ဟု ဗီအိုအေ သတင်းဌာနအား အမေ ရိကန်စီးပွားရေးနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီး ချားလ်စ်ရိဗ်ကင်ကပြောကြားခဲ့သည်။

နှစ်နိုင်ငံအကြား စီးပွားရေး တိုးမြှင့်ဆောင်ရွက်ရန် ချားလ်စ် ရိဗ်ကင်သည် လာမည့်တစ်ပတ် တွင် မြန်မာနိုင်ငံသို့ သွားရောက် မည့် ကုန်သွယ်ရေးအဖွဲ့ကို ဦး ဆောင်မည်ဖြစ်သည်။ ယင်းအဖွဲ့ တွင် အမေရိကန်ကုမ္ပဏီကြီးများ ဖြစ်သည့် အိုင်ဘီအမ်၊ ဂျီအီး၊ ဂျီ အမ်၊ ချက်ဗလက်၊ ဒီလွိုက်တီနှင့် ကိုကာကိုလာတို့ ပါဝင်သည်။

Innovation Roadshow ဆိုသည့် သမ္မတအိုဘားမားအစိုးရ အဖွဲ့က ဆောင်ရွက်နေသောအစီ အစဉ်သည် အာရှက စီးပွားရေး လုပ်ငန်းရှင်များနှင့် အမေရိကန် ကုမ္ပဏီများအကြား ဆက်ဆံရေး အားကောင်းလာရေး၊ အာရှအစိုး ရများကို ပြုပြင်ပြောင်းလဲဆန်း သစ်မှုများကို အားပေးပြီး ရင်းနှီး မြှုပ်နှံသူများအား ဆွဲဆောင်ရန်၊ အလုပ်အကိုင်များ ဖန်တီးရန်တို့ ကို အားပေးကူညီရန်ဖြစ်သည်။

ဒေါ်လာ ၂၁ သန်းတန် အမေရိကန်အကူအညီ

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုး တက်ရေးလုပ်ငန်းများအတွက် ဇူလိုင်၌ အမေရိကန်အစိုးရက မြန်မာနိုင်ငံသို့ ဒေါ်လာ ၂၁ သန်း အကူအညီပေးရန် ကတိပေးပြီး နောက်တွင် ယခုကုန်သွယ်ရေးအ ဖွဲ့ ခရီးစဉ်ပေါ်လာခြင်းဖြစ်သည်။

မြန်မာကို ဇူလိုင်က သွား ရောက်ခဲ့သော အမေရိကန်အိမ် ဖြူတော်မှ အမျိုးသားလုံခြုံရေး ဆိုင်ရာအကြံပေး ဘန်ရုဒ်က အ မေရိကန်၏အကူအညီသစ်သည် ငါးနှစ်အတွင်း ပို့ကုန်ငါးဆဖြစ် ရေး၊ နောက်ဆယ်နှစ်အတွင်း အ လုပ်အကိုင်များ ပိုမိုရရှိလာစေ ရေးအတွက် စိုက်ပျိုးရေးကဏ္ဍကို ခေတ်မီအောင် ပြုလုပ်ခြင်းဖြင့် မြန်မာ့စီးပွားရေးတိုးတက်မှုကို ကူညီနိုင်လိမ့်မည်ဟု ဆိုသည်။

အရေးယူပိတ်ဆို့မှုများဖြေ လျှော့ပေးခြင်းသည် မြန်မာကို နိုင်ငံရေးပြုပြင်မှုများနှင့် စီးပွား ရေးတိုးတက်မှုများအားပေးရန်၊ အမေရိကန်နှင့်ကုန်သွယ်မှုကို အရှိန်မြှင့်စေရန် အားပေးကူညီ မည်ဟု မျှော်လင့်ထားကြသည်။

‘‘စီးပွားရေးမူဝါဒဆိုတာ နိုင် ငံခြားရေးမူဝါဒပါပဲ။ ၂၀၂၅ ဆိုရင်မြန်မာဟာ အာရှရဲ့ စီးပွားရေးအ ချက်အချာဖြစ်လာမယ်လို့ အ တော်များများက ခန့်မှန်းထား တယ်။ လောလောဆယ်မှာ ဒေါ် လာ ၆၃ ဘီလီယံရှိတဲ့ စီးပွားရေး ရှိတယ်။ ဒါပေမဲ့ တကယ်လို့ သူ ဟာ အာရှအချက်အချာဖြစ်လာ ရင် ကမ္ဘာမှာ အကောင်းဆုံးစီးပွား ရေးတိုးတက်မှုအတွက် သူ့ရဲ့အ လားအလာကို မှန်းကြည့်လို့ရ တယ်’’ဟု ရိဗ်ကင်က ပြောသည်။

ဇွန်လက အမေရိကန်အစိုးရ ဖွံ့ဖြိုးရေးအဖွဲ့အစည်းတစ်ခုဖြစ် သော ပြည်ပပုဂ္ဂလိကရင်းနှီးမြှုပ် နှံရေးအဖွဲ့က မြန်မာ့ဆက်သွယ် ရေးကုမ္ပဏီတစ်ခုသို့ ဒေါ်လာသန်း၂၅၀ ချေးငွေပေးပြီး မြန်မာ၌ လုပ်ငန်းများလုပ်ဆောင်မည်ဟု ပြော ကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် နည်း ပညာကုမ္ပဏီ မိုက်ကရိုဆော့ဖ် ကလည်း မြန်မာကွန်ပျူတာကုမ္ပ ဏီနှင့်ပူးပေါင်း၍ မြန်မာနိုင်ငံအ တွင်း လူတစ်သိန်းအား အိုင်တီနည်းပညာ ကျွမ်းကျင်မှုများ သင်တန်းပေးသွားမည်ဖြစ်သည်။

စီးပွားရေးပိတ်ဆို့မှု လျှော့ ပေါ့အပြီး၊ မြန်မာသို့ ရင်းနှီးမှုများ ရလာအပြီး အကျိုးများစွာဖြစ် ထွန်းသူများသည် စစ်တပ်နှင့်နီး စပ်သူ ခရိုနီစီးပွားရေးသမားများ သာ ဖြစ်သည်ဟု အချို့က ဝေဖန် ကြသည်။

မြန်မာကို ကျန်ရှိနေသေး သော အရေးယူပိတ်ဆို့မှုများမှ ရုပ်သိမ်းရေးအတွက် အဓိကအ ချက်မှာ ပြုပြင်ပြောင်းလဲရေးကို မြန်မာက ဆက်လက်ဆောင်ရွက် သွားရေးနှင့် နိုင်ငံရေးစနစ်သည် စစ်တပ်၏လွှမ်းမိုးမှုကို လျှော့ချ နိုင်ရေးတို့ဖြစ်မည်ဟု အမေရိကန်က ဆိုသည်။

ကိုးကား-ဗီအိုအေသတင်း