"နိုင်ငံတော်သမ္မတ မင်းဘူးမြို့မှ ရေဘေးရှောင်ပြည်သူများအား တွေ့ဆုံ"

မကွေးတိုင်းဒေသကြီး၊မင်းဘူးမြို့၊မှန်ကင်းပရိယတ္တိစာသင်တိုက်တွင် ရေဘေးရှောင်ယာယီတဲထိုးနေကြရသည့်ပြည်သူများအား၊ ယနေ့ သြဂုတ်လ(၇)ရက် နံနက်ပိုင်းတွင် နိုင်ငံတော် သမ္မတကြီးဦးထင်ကျော်
မှလာရောက်တွေ့ဆုံ အားပေးစကားပြော၍ ထောက်ပံ့ပစ္စည်များလှုဒါန်းခဲ့သည်။ သမ္မတကြီးမှ ရေဘေးရှောင်ပြည်သူများအား အားပေးစကားပြောကြားရာတွင်"ရေစကျနေပြီလို့တော့ကြားရပါတယ်၊
ဒါပေမဲ့စားဝတ်နေရေးတွေအတွက် ဒုက္ခတွေက ရှိနေအုန်းမှာပါ၊ ဒီအတွက်ကြိုးစားဆောက်ရွက်နေပါတယ်၊ အကြောင်းကြောင်းကြောင့်နောက်ကျသွားတာကိုတောင်းပန်ပါတယ်၊ဒီနေရာမှာပြောစရာရှိတာ
၊ဝေဖန်စရာရှိတာကို အားမနာတမ်းဝေဖန်ပြောဆိုမေးမြန်းလို့ရပါတယ်"ဟု ထည့်သွင်းပြောကြားသည်။သမ္မတကြီးနှင့်အဖွဲ့မှ မင်းဘူးမြို့နယ်အတွင်း ရှိ ရေးဘေးရှောင်ပြည်သူများအတွက် ဆန်(၂၀၉)အိတ်၊ဆီ(၅၅၀)ပိသာ၊ ငါးသေတ္တာဘူး(၃၀၀)၊ရေသန့်(၆၀၀)ကပ်၊ခေါက်ဆွဲခြောက်(၁၀၈၀၀)၊ဗလာစာအုပ်(၃၀၀၀)ဒါဇင်တို့လှုဒါန်းခဲ့သည်။


ဓာတ်ပုံ- မိုးကျော်