ပုဂံဒေသခရီးသွားအချက်အလက်များ ထည့်သွင်းထားသည့် အက်ပလီကေးရှင်း ထွက်ရှိ

ပုဂံဒေသရှိ လည်ပတ်နိုင်သည့် နေရာများ၊ တန်ခိုးကြီး ဘုရားများနှင့် တည်းခိုနိုင်သော ဟိုတယ်များကို အလွယ်တကူ ရှာဖွေကြည့်ရှုနိုင်မည့် ခရီးသွား လမ်းညွှန် App တစ်ခုဖြစ်သည့် Best Trip မိုဘိုင်း App ကို အခမဲ့ရယူသုံးစွဲနိုင်ပြီဖြစ်ကြောင်း Global New Wave Technology ကုမ္ပ ဏီမှ သတင်းရရှိသည်။

‘‘ပုဂံဒေသကို သွားပြီးလည် ပတ်မယ့် ပြည်တွင်း၊ ပြည်ပခရီး သွားတွေအနေနဲ့ ဒီ App ကို ခရီး သွားလမ်းညွှန်အနေနဲ့ အသုံးပြု နိုင်ဖို့ရည်ရွယ်ပြီး ထုတ်လုပ်ပေး လိုက်တာ ဖြစ်ပါတယ်။ ပုဂံကို ရောက်ရင် သွားလည်သင့်တဲ့ နေ ရာတွေ၊ တန်ခိုးကြီးဘုရားတွေနဲ့ တည်းခိုနိုင်မယ့် ဟိုတယ်တွေရဲ့ လိပ်စာတွေကို မြေပုံနဲ့တကွ ဖော် ပြပေးထားပါတယ်’’ဟု Global New Wave Technology ကုမ္ပဏီစီမံခန့်ခွဲရေးအရာရှိချုပ် ဒေါ်ချစ်နှင်းပွင့်ဝေက ပြောသည်။

Best Trip App တွင် ပုဂံ ဒေသရှိ ဟိုတယ်နှင့် တည်းခိုခန်း ပေါင်း ၈၆ ခု၏လိပ်စာများ ဖော်ပြ ထားပြီး တန်ခိုးကြီးဘုရားများ၏ သမိုင်းကြောင်းများ၊ စားသောက်ဆိုင်များ၏ လိပ်စာများနှင့် လည်ပတ်စရာနေရာများ စသည်တို့ကို အလွယ်တကူကြည့်ရှုနိုင်စေရန် မြန်မာ-အင်္ဂလိပ်နှစ်ဘာသာဖြင့် ဖော်ပြထားသည်။


‘‘Best Trip ကို လက်ရှိအ ချိန်မှာ ခရီးသွားလမ်းညွှန် App အနေနဲ့ပဲ စပြီး မိတ်ဆက်ထားပေ မယ့် ဧပြီလကုန်ပိုင်းမှာဆိုရင် ဟို တယ် Booking လုပ်တဲ့စနစ်တွေ၊ တခြားဝန်ဆောင်မှုအသစ်တွေကို လည်းထပ်ပြီး  ထည့်သွင်းပေးဖို့ ရှိပါတယ်’’ဟု ဒေါ်ချစ်နှင်းပွင့်ဝေက ပြောသည်။  

လက်ရှိတွင် ပုဂံဒေသတစ်ခု တည်း၏အချက်အလက်များကို သာ ရှာဖွေနိုင်သေးသော်လည်း နောက်ပိုင်း၌ ခရီးသွားဧည့်သည်များစိတ်ဝင်စားသည့် မြိတ်၊ ကလောစသည့် ဒေသများအတွက်ပါ ရှာဖွေနိုင်စေရန် ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။

Best Trip App ကို Androidဖုန်းအသုံးပြုသူများက Google Play Store ၌ အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပြီး IOS ဖုန်းအသုံးပြုသူများအတွက် App မထုတ်ရသေး၍ www besttripmyanmar.com သို့ ဝင်ရောက်ကြည့်ရှုနိုင်ကြာင်း သိရသည်။

Top News