စီးပွားကူးသန်းဝန်ကြီးဌာနကို အစိုးရသစ်သို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဟု ၀န်ကြီးပြော

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနအနေဖြင့် အစိုးရသစ်သို့ လွှဲပြောင်းပေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်း မြင့်က ပြောသည်။

ဒီဇင်ဘာ ၁၂ ရက်တွင် မြန် မာနိုင်ငံ ဆန်စပါးအသင်းချုပ်အ ပါအ၀င် အခြားဆက်စပ်သည့် အ သင်းအဖွဲ့များနှင့် နေပြည်တော် ရှိ စီးပွားရေးနှင့် ကူးသန်းရောင်း ၀ယ်ရေး ၀န်ကြီးဌာန၌ ပြုလုပ် ကျင်းပသော အခမ်းအနားတွင် 7Day Daily ၏ မေးမြန်းမှုကိုပြန်လည်  ဖြေကြားခဲ့ခြင်း ဖြစ်သည်။

‘‘ကျွန်တော်တို့နောက် အစိုးရ သစ်ကို လွှဲပေးဖို့အတွက် အဆင် သင့်ဖြစ်နေပါပြီ။ စီးပွားကူးသန်း ရဲ့ ပိုင်ဆိုင်မှုတွေ၊ မြေတွေကအစ အကုန်လုံးအဆင်သင့်ဖြစ်နေပါ ပြီ။ ကျွန်တော်တို့ဌာနရဲ့ ပိုင်ဆိုင် မှုတွေ အစိုးရအဖွဲ့ကို ကြေညာဖို့  အတွက် ဒီလကုန်ကို အပြီးလုပ် သွားမှာပါ။ အကုန်လုံးအရန်သင့် ပဲ’’ ဟု ဦးဝင်းမြင့်က ပြောကြားသည်။

အစိုးရသစ်သို့ လွှဲပြောင်းပေးရေးအတွက် နိုင်ငံတော်သမ္မတက လည်း အခက်အခဲမရှိလွှဲပေးနိုင် ရန် ညွှန်ကြားထားကြောင်း သိရ သည်။

‘‘ခုကျွန်တော်တို့ပါတီမဲမရ ဘူး။ ဘာလို့မရတာလဲ။ သူတို့က အပြောင်းအလဲလိုချင်တယ်လေ။ ဒီထက်ကို တိုးတက်အောင်လိုချင်တယ်။ ဒီအတွက်လည်း ကျွန်တော်တို့က လက်ခံတယ်။ ပြည်သူရွေး ချယ်တာကို ကျွန်တော်ကတော့ လက်ခံတယ်’’ဟု စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် က ပြောသည်။

‘‘ဒီနေ့လိုအခြေအနေမျိုးမှာ ဒီလိုမျိုးဆွေးနွေးနိုင်ခဲ့တယ်။ ရန်ကုန်၊ မန္တလေး၊ မူဆယ်၊ ဘုရင့် နောင်ကုန်စည်ဒိုင်နဲ့ တခြားကုန် စည်ဒိုင်အသီးသီးက လူတွေတွေ့ ပြီးတော့ ဆွေးနွေးတာဟာ ပုဂ္ဂလိ ကကဏ္ဍနဲ့ အစိုးရရဲ့အမြင်ဖလှယ်နိုင်တယ်။ နောက်တစ်ခုက ကိုယ် တို့တိုင်းပြည်အတွက် လုပ်ဆောင် သင့်တဲ့ကိစ္စတွေကိုလည်း အမြန် ဆုံးပြီးပြတ်အောင် လုပ်ဆောင်ရ မယ့် အနေအထားတွေ ရှိသလို မပြီးပြတ်နိုင်တဲ့ ကိစ္စတွေလည်း နောက်အစိုးရနဲ့ဆက်ပြီးတော့ လက်တွဲလုပ်နိုင်ဖို့အတွက် ဆက်လက် ဆောင်ရွက်မယ့် အစီအစဉ်တွေ လည်း ချမှတ်နိုင်တယ်’’ဟု မြန်မာ နိုင်ငံ ဆန်စပါး အသင်းချုပ် အ ထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။