ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည့် အောင်နိုင်ရေးဝန်းရံကြသူ အနုပညာရှင်အချို့၏ ရင်တွင်းစကား

ရွေးကောက်ပွဲကာလတွင် အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ် အောင် နိုင်ရေးအတွက် ဝိုင်းဝန်းစည်းရုံး ပေးခဲ့ကြသော အနုပညာရှင်များ ကို ကျေးဇူးတင်သည့်အနေဖြင့် နိုဝင်ဘာ ၁၂ ရက်၌ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ  ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ရန်ကုန်မြို့ နေအိမ်တွင် အနုပညာရှင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ ကျေးဇူးတင်စကား ပြောကြားခဲ့ သည်။ အဆိုပါတွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်မှ ‘‘အနု ပညာရှင်တွေဆိုတာ မပါရင် လည်းရတယ်။ နိုင်ငံရေးမှာ မပါ ဘူး။ ငါတို့ဟာ အနုပညာရှင်တွေ ပဲ။ ငါတို့ပညာနဲ့ နေလို့ရတယ်ဆို ပေမယ့် တချို့ကိစ္စတွေမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်နေတာမှာ ပါဝင်ရမယ်ဆိုတဲ့ အသိ စိတ်ဓာတ်ရှိတယ်’’ဟု ပြောကြားခဲ့ ပြီး အနုပညာရှင်များသည် ၎င်း၏စစ်ကူများဖြစ်ကြောင်း    ပြောကြားခဲ့သည်။ အဆိုပါ တွေ့ဆုံပွဲ တွင် ပါဝင်ခဲ့သည့် အနုပညာရှင် အချို့၏ စကားသံများကိုလည်း ဖော်ပြပေးလိုက်ပါသည်။

ကော်နီ

အမေစုက တစ်ယောက်ချင်း စီကို ကျေးဇူးတင်စကား လိုက်ပြီး  မပြောနိုင်တဲ့အတွက်ကြောင့် အမေ့အိမ်မှာပဲ အားလုံးကို ချစ် ချစ်ခင်ခင် စည်းစည်းလုံးလုံး တွေ့ကြပြီး အားလုံးကို ကျေးဇူးတင် စကား ပြောတာပါ။ သူ့အပေါ်မှာ ချစ်ကြတဲ့အနုပညာရှင်တွေ သူ့ အတွက် ဝန်းရံပေးခဲ့ကြတဲ့ အနု ပညာရှင်တွေကိုခေါ်ပြီးတော့ ကျေးဇူးတင်တယ် ပြောတာပါပဲ။ ဒီနေ့မှာတော့ နိုင်ငံရေးနဲ့ပတ် သက်တာ တစ်ခုမှ မပြောဖြစ်ခဲ့ပါ ဘူး။ ဒီနေ့ဆိုရင် မကော်တို့က အတွေ့အကြုံတောင် ဘာမှပြော ချိန်မရလိုက်ဘူး။ အမေစုနဲ့ ဓာတ်ပုံတွေပဲ ရိုက်နေကြတယ်။ ပြည် သူတွေမပြောနဲ့ မကော်တို့ အနု ပညာရှင်တွေတောင် အမေစုနဲ့ ဓာတ်ပုံတွေချည်းရိုက်နေတာနဲ့ တစ်ယောက်နဲ့တစ်ယောက် ခရီးသွားတဲ့ အတွေ့အကြုံတွေ မဖလှယ်ခဲ့ရဘူး။ နည်းနည်းပဲ တစ်ခွန်းနှစ်ခွန်းပဲ ပြောခဲ့ရတယ်။ အမေတာဝန်ထမ်းဆောင်နေ သရွေ့ အမေက ခိုင်းသမျှ မကော် တို့ လုပ်ရမှာပါ။ ဘာလို့လဲဆိုရင် မကော်တို့က ပြည်သူထဲကပြည် သူတစ်ယောက်ဖြစ်တယ်။ အနု ပညာရှင်လည်းဖြစ်တဲ့အတွက် ကြောင့် ပရိသတ်ကိုလည်း ကိုယ် က တတ်အားသရွေ့ နိုင်ငံတော် အေးချမ်းသာယာဖို့နဲ့ အမေရဲ့ အောင်နိုင်ရေးပွဲတွေကိုသွားတဲ့ အခါမှာတောင် မကော်တို့ ဒါတွေ ဆင်ခြင်ရတော့မယ်ဆိုပြီး ပြည် သူတွေပေးတဲ့အသိတွေ အများ ကြီးရရှိခဲ့ပါတယ်။ အမေဘာဖြစ် လို့ ပြည်သူလူထုအပေါ်မှာ သူ့ ဘဝကိုစွန့်ပြီးတော့ သူနေတယ် ဆိုတာ ကောင်းကောင်းသဘော ပေါက်သွားတယ်။

သံသာဝင်း

စည်းရုံးရေးကာလတုန်းက အနုပညာအားနဲ့ အန်တီရဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်အတွက် စည်းရုံးပေးခဲ့တဲ့သူတွေကို အန်တီ ကခေါ်ပြီးတော့ ဂုဏ်ပြုတယ်။ စကားခေါ်ပြောတယ်။ နိုင်ငံရေး အကြောင်း နည်းနည်းပါးပါးနဲ့ စည်းရုံးရေးအကြောင်း နည်းနည်း ပါးပါး မေးတယ်။ လောလော ဆယ်တော့ ရွေးကောက်ပွဲရလဒ် ကို အဆုံးထိသေချာအောင်စောင့် ကြည့်ရမယ်။ နေရာတော်တော် များများမှာ ရနေပြီ။ အောင်နိုင် တယ်လို့လည်း ပြောလို့ရနေပြီ။ နောက်ပိုင်းကာလမှာလည်း အ ပြည့်အဝ ပူးပေါင်းပြီး အချိန်မရွေး လုပ်ဆောင်ပေးဖို့ ရှိပါတယ်။ အန်တီကလည်း ဒါက ဒီအတိုင်း မပြီးသွားဘူး။ နေ့တိုင်းအမြဲကြိုး စားနေရမယ်ဆိုပြီး ပြောပါတယ်။ အန်တီဘက်က ညွှန်ကြားလာတာတွေရှိရင်    ဆောင်ရွက်ပေးဖို့ သံသာတို့က အမြဲအဆင်သင့်ရှိပါ တယ်။

ဝင့်ယမုံလှိုင်

ဒီနေ့က ရွေးကောက်ပွဲအ တွက် စည်းရုံးရေးကာလ တောက် လျှောက်မှာ လိုက်ပါကူညီပေးပြီး စည်းရုံးရေးဆင်းပေးခဲ့ကြတဲ့ အနု ပညာရှင်တွေကို အမေစုကနေပြီး တော့ ပြန်ခေါ်ပြီး ကျေးဇူးတင် စကားပြောရင်းနဲ့ မနက်စာနဲ့ တည်းခင်း ဧည့်ခံတာပါ။ ဒီနေ့မှာ ဆိုရင် ညီမတို့လုပ်ပေးခဲ့တာက တစ်စိတ်တစ်ဒေသလေးပဲ ရှိပါသေးတယ်။ တကယ့်ကို အင်တိုက်အားတိုက်နဲ့၊ စွမ်းစွမ်းတမံနဲ့ လုပ်ပေးခဲ့တဲ့သူတွေက အများကြီးပါ။ အဲဒီတော့ အမေစုကနေပြီးတော့ ဒီလူတွေအကုန်လုံးကို apprec-iate လုပ်တဲ့အနေနဲ့ ခေါ်ပြီး တော့ ကျေးဇူးတင်စကား ပြောတာပါ ရှင့်။ ညီမကတော့ ကိုယ်တတ်နိုင်တဲ့ အပိုင်းကနေပြီးတော့ ကိုယ့်အနေနဲ့ တိုင်းပြည်နဲ့ လူမျိုးအကျိုး ကို သယ်ပိုးဖို့အတွက် တိုင်းပြည်အတွက် ကောင်းဖို့ဆိုရင် ဘယ်ဟာ ကိုမဆို ညီမလုပ်ခွင့်ရသလောက်ကနေပြီတော့ အကောင်းဆုံးပံ့ပိုး ပေးသွားမှာပါရှင့်။

ဗေလုဝ

အနုပညာသမားတွေ ဝိုင်း ဝန်းတဲ့အတွက် အောင်နိုင်ရေးကို ကျေးဇူးတင်ပါတယ်ပေါ့နော်။ ပန်းရဲ့လမ်းကိုလည်း ကျေးဇူးတင် ပါတယ်တဲ့။ ဆိုက်ကားဆရာတွေ ကိုလည်း ကျေးဇူးတင်ပါတယ် တဲ့။ ဒီနေ့ကတော့ အားလုံးရင်း ရင်းနှီးနှီးနဲ့ လက်ဖက်ရည်သောက် စကားပြောကြတာပါပဲ။ ရင်းရင်း နှီးနှီးတွေ့ဆုံပွဲပေါ့လေ။ ကျွန် တော်တို့တွေလည်း ဝိုင်းဝန်းပေး ပြီးပြီပေါ့။ ကျန်တဲ့အပိုင်းအားလုံး ကိုယ့်လုပ်ငန်းတွေ ပြန်လုပ်ကြရ မှာပေါ့။ အခုလိုဖြစ်သွားတာကို လည်း ပီတိဖြစ်ရတယ်။ ဝမ်း မြောက်ဝမ်းသာရတယ်ပေါ့ဗျာ။ ဒါပါပဲ။

စိုးပြည့်သဇင်

စိုးပြည့်တို့ကို မခိုင်က ဖိတ် တယ်။ NLD ကိုဝန်းရံတဲ့ အနုပညာရှင်တွေ အကုန်လုံးကို အမေစုရဲ့ ခြံထဲမှာ ကျေးဇူးတင်ကြောင်း ပြောပြီး တွေ့ဆုံကြဖို့ ဖိတ်တာပါ။ ဘာတွေဆက်လုပ်ပေးပါတို့ ညွှန် ကြားတာမျိုးတော့ မရှိဘူး။ အနု ပညာဘက်ကနေ တတ်နိုင် သလောက် အခုလိုဝန်းရံပေးတာ ကိုပဲ ကျေးဇူးတင်ကြောင်း အဓိက ထားပြောပြခဲ့တယ်။ စိုးပြည့်တို့ အနုပညာဘက်ကနေ တတ်နိုင် သလောက်လုပ်ပေးသွားမှာပါ။

နေယံ

ကျွန်တော်တို့ NLD အောင် နိုင်ရေးအတွက် တစ်တပ်တစ် အား တတ်နိုင်တဲ့နေရာက ပါဝင် ပေးခဲ့ကြတယ်လေ။ ပါဝင်တဲ့သူ တွေလည်း အတော်များပါတယ်။ ဒီလူတွေအကုန်လုံးကို ဖိတ်ပြီး တော့ ဂုဏ်ပြုစကားပြောပေး တယ်။ အခုက အဓိကကတော့ အောင်နိုင်ရေးမှာ အပြတ်အသတ် နိုင်သွားပြီဆိုတော့ နောက်ဟာ တွေကတော့ ဘယ်ဟာပဲဖြစ်ဖြစ် အမေစုဘက်က ပါဝင်ပေးဖို့ ရပ် တည်ပေးဖို့ အပြည့်ပါပဲ။ အခုအချိန်ကတော့ နိုင်ငံတော်ဖွဲ့စည်းပုံအရ သမ္မတရွေးတော့မှာဆိုတော့ တကယ်တတ်ကျွမ်းတဲ့ နိုင်ငံရေး အစ်ကိုကြီးတွေက ပိုသိမှာပါ။ ကျွန်တော်တို့ နားလည်ထားတဲ့ နည်းနည်းလောက်လေးနဲ့ပဲ အမေ စုကိုချစ်တဲ့ နောက်ပိုင်းမှာ ကိုယ် တတ်နိုင်တဲ့နေရာက ပါဝင်ပေး တာပါ။