‘‘အကြံပြုချင်တာကတော့ တပ်နဲ့နီးစပ်ချင်ရင် တပ်ရဲ့သဘောထားကို သိအောင်လုပ်ပါ’’

ဦးဌေးဦးနှင့် တွေ့ဆုံမေးမြန်းခြင်း

၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲဆန္ဒနယ်အများစု အနိုင်ရပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မရှုမလှရှုံးနိမ့်ခဲ့သည်။ လာမည့် အစိုးရသစ်လက်ထက်တွင် လွှတ်တော်အမတ်နေရာအများစုကို ပြည်ခိုင်ဖြိုးပါတီက လက်လွှတ်လိုက်ရပြီး အစိုးရသစ်၊ လွှတ်တော်အသစ်နှင့်ပွဲထွက်ရတော့မည်ဖြစ်သည်။ ထို့ကြောင့် သမ္မတဦးသိန်းစိန်အစိုးရလက်ထက်တွင် လွှတ်တော်အတွင်း အင်အားကြီးပါတီအဖြစ် ရပ်တည်ခဲ့သည့် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အစိုးရသစ်ကို အကြံပြုချက်အပါအဝင် လက်ကျန်လွှတ်တော်သက်တမ်းအတွင်း ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်များ ဦးစားပေးလုပ်ဆောင်မည့် ကဏ္ဍများနှင့် ရွေးကောက်ပွဲရှုံးနိမ့်ခဲ့ရသည့် အဓိကအားနည်းချက်များကို ပြည်ခိုင်ဖြိုးပါတီ ပူးတွဲဥက္ကဋ္ဌ ဦးဌေးဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များမှ ဖော်ပြအပ်ပါသည်။

ရွေးကောက်ပွဲရလဒ်တွေအရ ပြည်ခိုင်ဖြိုးက လွှတ်တော်နေရာ တော်တော်များများ လက်လွှတ် ရဖို့ရှိတော့ ပါတီနဲ့ပတ်သက်လို့ ဘာတွေပြင်ဆင်သွားဖို့ရှိလဲ။

တစ်အချက်ကတော့ ရွေး ကောက်ပွဲစနစ်ပေါ့။ ရွေးကောက် ပွဲပေါ်မှာ အားသာချက်၊ အားနည်း ချက် ဒါတွေလေ့လာရမှာပါ။ တချို့နေရာတွေမှာ ရွေးကောက် ပွဲစည်းမျဉ်းစည်းကမ်းနဲ့ မညီညွတ် ဘူး၊   ညီညွတ်တယ်ဆိုတာတွေ လေ့လာရမှာပေါ့။ ကျွန်တော်တို့ မသိသေးတဲ့ ကိစ္စတွေလည်း ရှိနိုင် တာပေါ့။ မူဝါဒအပိုင်းထက် လက်တွေ့လုပ်ဆောင်တဲ့အပိုင်းမှာ အားနည်းတာ ပိုများတယ်။ နယ် မြေထဲမှာဆင်းပြီး လက်တွေ့လုပ် ဆောင်မှုဆိုတဲ့နေရာမှာ မြို့နယ် ရဲ့ အောက်ဆင့်။ အားသာတဲ့နေ ရာရှိတယ်။ အားနည်းတဲ့နေရာရှိ တယ်။ အထူးသဖြင့်တော့ အခြေ ခံအဖွဲ့အစည်းတွေပေါ့။

အခြေခံအဖွဲ့အစည်းဆိုတာက ဘာကိုဆိုလိုတာပါလဲ ခင်ဗျာ။

အခြေခံအဖွဲ့အစည်းဆိုတာ ကျွန်တော်တို့က မြို့နယ်ဆိုရင် မြို့နယ်ပါတီလို့ ပြောတယ်။ ရပ် ကျေးဆိုရင် အဖွဲ့လို့ ပြောတယ်။

လက်ရှိ ပြည်ခိုင်ဖြိုးပါတီ လွှတ်  တော်ကိုယ်စားလှယ်တွေက အစိုး ရအဖွဲ့မှာဆိုလည်း ရာထူးကြီးကြီးရထားပြီး စည်းရုံးရေးလည်း အား ကောင်းကောင်းလုပ်ထားနိုင်ရဲ့ သားနဲ့ ရွေးကောက်ပွဲမှာ အခုလို အရေးနိမ့်ခဲ့ရတာနဲ့ပတ်သက်ပြီး သုံးသပ်ပေးပါဦး။

အဲဒါနဲ့ပတ်သက်လို့ ကျွန် တော်တို့ သေချာမသိရသေးဘူး။ အခုမှပဲ စတုန်းပဲရှိသေးတယ်။ မသေချာဘဲနဲ့ ပြောလို့ရှိရင် ဘယ် ကောင်းမလဲ။ ကျိန်းသေပါတယ်။ ရွေးကောက်ပွဲမှာ ထုတ်ပြန်ထား တဲ့ ဥပဒေနဲ့ပတ်သက်လို့ မညီဘူး ဆိုရင် ထုတ်ပြောစရာတောင်မလို ပါဘူး။ တိုင်ကြမှာပေါ့။ ကျွန်တော်တို့ ဒီနေရာရယ်လို့ ပြောတာ မဟုတ်ဘူး။ ကျန်တဲ့နေရာတိုင်း ပါပဲ။

နောက်တစ်ခုက လူထုရဲ့ စိုးရိမ် ပူပန်မှုအကြောင်း မေးပါရစေ။ အခုအချိန်က အာဏာကူးပြောင်း ရေးကာလကို စတော့မှာဆိုတော့ နိုင်ငံရေးမတည်မငြိမ်ဖြစ်လာမှာ ကို လူထုအများဆုံးစိုးရိမ်ကြ တယ်။ နိုင်ငံအတွက် ဒီမိုကရေစီ စနစ်နဲ့အညီ ဖြောင့်ဖြောင့်ဖြူးဖြူး ရှေ့ဆက်နိုင်အောင် ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ဘယ်လိုကူညီနိုင်ပါ မလဲ။

ပထမဆုံး လူထုစိုးရိမ်တာက ကျွန်တော်သိသလောက်ဆိုရင် ငါတို့ ရွေးတဲ့ဥစ္စာဟုတ်မှဟုတ်ရဲ့ လား စိုးရိမ်တာပဲ။ ဆူပူမှုတွေ ဘာတွေဆိုတာ ဒီလူထုကြားထဲ မှာ ဘာမှမရှိဘူး။ ဒီအတွက် ကြို ပြီးတွက်ထားတာမရှိဘူး။ သို့ သော်လည်းပဲ ဒါကို စိုးရိမ်တယ်ဆို တဲ့ လူတွေကတော့ ရင်းနှီးမြှုပ်နှံမှု တွေ လုပ်ထားတဲ့ လုပ်ငန်းရှင်တို့ ဒီလိုပုဂ္ဂိုလ်တွေက ကြိုတွက်ပြီး စိုးရိမ်တာ။ ပြည်သူလူထုက အဲဒါ မစိုးရိမ်ပါဘူး။

စစ်အစိုးရကနေ အသွင်ကူးပြောင်းလာတဲ့ အရပ်သားတစ်ပိုင်း အစိုး ရပဲပြောပြော ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို သွေးထွက်သံယိုမဖြစ်စေဘဲ အ သွင်ကူးပြောင်းနိုင်ခဲ့တဲ့အပိုင်းမှာ အောင်မြင်တာတွေရော၊ မအောင်မြင်တာတွေရော အ ထိုက်အလျောက်ရှိခဲ့တယ်။ မကြာခင်မှာပဲ အစိုးရသစ်နဲ့ လွှတ်တော် ကိုယ်စားလှယ်အသစ်တွေ လွှတ် တော်ထဲရောက်တော့မယ်ဆို တော့ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ နောက်တက်လာမယ့် အစိုးရကို သတင်းစကားပါးချင်တာရှိလား။

ဒီမိုကရေစီစနစ် ကျင့်သုံး တယ်ဆိုတာ အင်မတန် သိမ်မွေ့ တယ်။ အုပ်ချုပ်တဲ့အစိုးရချည်းပဲ ဒီစနစ်ကို နားလည်လို့ မရဘူး။ ပါတီတွေချည်းပဲ    ဒီစနစ်ကို နားလည်လို့မရဘူး။ လူထုပါ ပါတယ်။ အားလုံးနားလည်နိုင် အောင် ကြိုးစားဖို့ လိုတယ်။ တကယ်တော့ ကျွန်တော်တို့စနစ် တော့ ပြောင်းပြီ။ ပြောင်းတာ လည်း ကျိန်းသေပြီ။ ပါတီစုံတွေ ဖြစ်လာပြီ။ နိုင်ငံတကာကလည်း အသိအမှတ်ပြုလာပြီ။ အဲဒီတော့ စနစ်ပြောင်းတာတော့ ကျိန်းသေ တယ်။ သို့သော်လည်းပဲ စနစ်ကြီး ရှင်သန်ခိုင်မာလာအောင်ဆိုတဲ့ အဆင့်ကတော့ လိုသေးတယ်။ အဲဒီအတွက် ကြိုးစားရဦးမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီမိုကရေစီ လမ်းကြောင်းနဲ့ပတ်သက်လို့ လူ တိုင်း သိပ်မသိသေးဘူးလို့ ကျွန် တော်ထင်တယ်။ သိတဲ့လူလည်း သိမှာပေါ့။ သို့သော်လည်းပဲ အား လုံးပါလာမှ နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးဆိုတာ ဖြစ်မယ်။ ရှင်သန်ခိုင် မာလာရေးဆိုတဲ့အချက်သည် အဓိကအချက်လို့ ကျွန်တော် ထင်တယ်။ ဒါကြောင့် လူထုတစ်ရပ် လုံးပါအောင် လုပ်ရမှာပေါ့။

ပြည်ခိုင်ဖြိုးပါတီက တပ်မတော်နဲ့ နီးစပ်တဲ့ ဆက်ဆံရေးရှိတယ်။ ဒါ ကြောင့် နောက်တက်လာမယ့် အစိုးရသစ်လက်ထက်မှာ စစ်တပ်နဲ့ အရပ်ဘက်ဆက်ဆံရေးအဆင် ပြေအောင် ပြည်ခိုင်ဖြိုးပါတီကနေ ဘာတွေကူညီသွားဖို့ ရှိပါလဲ။

ဒါက သူတို့ (နောက်တက် လာမယ့် အစိုးရသစ်)ရဲ့ သဘော ထားအပေါ်မှာ မူတည်တာပဲ။ ကျွန်တော်တို့ကလည်း တပ်နဲ့ ဆက်ဆံရေးပြေလည်တယ်။ အ ဆင်ပြေတယ်ဆိုတာက ကျွန် တော်တို့သဘောထားနဲ့ သူတို့ (တပ်မတော်)သဘောထားအ ပေါ်မှာ မူတည်တာပဲ။ အကြံပြု ချင်တာကတော့ တပ်နဲ့ နီးစပ်ချင် ရင် တပ်ရဲ့သဘောထားကို သိအောင်လုပ်ပါ။ သိအောင်လုပ် ပြီး ကိုယ်လည်း ဒီထဲမှာ ဆန့်ကျင် နေတယ်ဆိုရင်တော့ ဘယ်လို လုပ်တည့်မလဲ။ ဒါပဲ ကျွန်တော် ပြောချင်တယ်။

ကျန်နေတဲ့ လွှတ်တော်သက်တမ်း လေးလနီးပါးအတွင်းမှာကော လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်တစ်ယောက်အနေနဲ့ ဘယ်ကဏ္ဍတွေ ဦးစားပေးလုပ် သွားဖို့ရှိလဲ။

လွှတ်တော်သက်တမ်းထဲမှာ မပြီးပြတ်သေးတဲ့ ဥပဒေတွေရှိ တယ်။ ဒါတွေလုပ်ရမှာပေါ့။ နောက်တစ်ခါ ဘတ်ဂျက်နဲ့ပတ် သက်လို့ လုပ်ရမှာတွေရှိတယ်။ ဒါတွေကတော့ အရေးတကြီးလုပ် ရမယ်။ မဖြစ်မနေလုပ်ရမယ့်ကိစ္စ တွေလေ။ ပြင်စရာရှိတဲ့ ဥပဒေ တွေရှိတယ်။ မီရင်လည်း လုပ်ရ မှာပေါ့။ မမီရင်လည်း မလုပ်ဘူး ပေါ့။ လုပ်လက်စ ဥပဒေတွေက တော့ ပြတ်အောင်ဖြတ်ရမယ်လို့ ကျွန်တော် ထင်ပါတယ်။

ရွေးကောက်ပွဲရလဒ်တွေထွက်ပြီး နောက်ပိုင်းမှာ ပြည်ခိုင်ဖြိုးကိုယ် စားပြုအမတ်လောင်းတွေ ရှုံးနိမ့် သွားပြီးတဲ့နောက် ထောက်ခံခဲ့တဲ့ သူတွေဆီက ဘာတွေပြန်ကြားရ လဲ။

အများဆုံးကြားရတာတော့ သူတို့ စိတ်မကောင်းဘူး။ နောက် တစ်ခုကလည်းပဲ ဒီလောက်လုပ် ပေးနေပေမယ့်လည်းပဲ ဒီလိုဖြစ် တယ်ဆိုတဲ့အပေါ် မူတည်ပြီး သူ တို့နည်းနည်းသံသယရှိတယ်။ နောက်နည်းနည်းလည်း စိတ်တို ကြတယ်။ ဒါပါပဲ။

ကျေးဇူးတင်ပါတယ်။