အမေရိကန်သမ္မတအိုဘားမား သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ထံ ဖုန်းဆက်၍ ဂုဏ်ပြုစကားပြော

၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပပေးနိုင်ခဲ့သည့်အတွက် အမေရိကန်သမ္မတ အိုဘားမားက သမ္မတဦးသိန်းစိန်ထံ ဖုန်းဆက်၍ ချီးကျူးစကားပြောကြားရာ ဖုန်းလက်ခံ ဖြေကြားနေသော သမ္မတကို တွေ့ရစဉ် (ဓာတ်ပုံ − MOI)

၂၀၁၅ အထွေထွေရွေး ကောက်ပွဲကို အောင်မြင်စွာကျင်း ပနိုင်ခဲ့ခြင်းအပေါ် အမေရိကန် သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်ထံ နိုဝင်ဘာ ၁၂ ရက် နံနက်တွင် ဖုန်း ဖြင့် ဂုဏ်ပြုစကားပြောကြားခဲ့ပြီး ရွေးကောက်ပွဲ၌ လက်ရှိအချိန် အထိ နေရာအများစုကို ဦးဆောင် အနိုင်ရရှိထားသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌ ဒေါ် အောင်ဆန်းစုကြည်ထံသို့လည်း ဖုန်းဆက်၍ ဂုဏ်ပြုစကား ပြော ကြားခဲ့ကြောင်း သတင်းရရှိသည်။

အမေရိကန်သမ္မတ အိုဘား မားက နိုင်ငံတော်သမ္မတ ဦးသိန်း စိန်ထံသို့ ယနေ့ (နိုဝင်ဘာ ၁၂ ရက်) နံနက် မြန်မာစံတော်ချိန် ၈ နာရီခွဲက ဖုန်းဆက်ပြီး မြန်မာနိုင်ငံ ၌ သမိုင်းတွင်မည့် လွတ်လပ်ပြီး တရားမျှတသော အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်သည့်အတွက် နိုင်ငံတော်သမ္မတနှင့် အစိုးရအဖွဲ့အား ချီးကျူးဂုဏ်ပြုခဲ့ကြောင်း သမ္မတပြောခွင့်ရ ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောသည်။ ထို့ပြင် အမေရိကန်နိုင်ငံအ နေဖြင့် မြန်မာအစိုးရနှင့် ဆက် လက် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း သမ္မတအိုဘားမားက ပြောကြားခဲ့သည်ဟု ၎င်းက ပြော သည်။ ယင်းနှင့် ပတ်သက်၍ အမေရိကန်အစိုးရက နိုဝင်ဘာ ၁၂ ရက် ညပိုင်းအထိ သီးခြားသတင်း ထုတ်ပြန်ခြင်းမရှိသေးပေ။

သမ္မတ အိုဘားမားသည် ယင်းနေ့နံနက်ကပင် ဒေါ်အောင် ဆန်းစုကြည်ထံသို့လည်း ဖုန်းဆက်၍ ဂုဏ်ပြုစကားပြောကြားခဲ့သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်နိုင်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားသည်။ သို့သော် ၎င်းတို့နှစ်ဦး၏ ပြောကြားချက်များနှင့်ပတ်သက်၍ အသေးစိတ်ပြောကြားရန်မရှိကြောင်း ၎င်းကဆက်လက်ပြောသည်။ ယင်းနှင့်ပတ်သက်၍ ယခုသတင်းရေးသားချိန်အထိ အမေရိကန်အစိုးရဘက်က သီးခြားသတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ဒေါ်အောင်ဆန်းစုကြည်ထံ သို့ သမ္မတအိုဘားမားအပြင် ပြင် သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒီ ကလည်း ဖုန်းဆက်၍ ဂုဏ်ပြုစကားပြောကြားခဲ့ကြောင်းမြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက ကြေညာချက် ထုတ်ပြန်သည်။

ပြင်သစ်သမ္မတ ဟော်လန်ဒီ က အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ခဲ့သည့် အပေါ် ၀မ်းမြောက်ပါကြောင်းနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိ နေသေးသည့် မြန်မာနိုင်ငံ၌ ဒီမို ကရေစီ ဖွံ့ဖြိုးလာစေရန် ခိုင်မာ ပြတ်သားသော ဒေါ်အောင်ဆန်းစု ကြည်၏ အခန်းကဏ္ဍနှင့် စိတ် ဓာတ်ကို ချီးကျူးဂုဏ်ပြုခဲ့သည်။

ပြင်သစ်နိုင်ငံသည် မြန်မာ ပြည်သူလူထု၏ ဆန္ဒကိုလေးစား လိုက်နာလျက် နိုင်ငံရေးနှင့် ဘာ သာရေးတင်းမာမှု လျော့ကျလာ စေရန်နှင့် ဒေါ်အောင်ဆန်းစုကြည် လိုလားသည့် ဆက်လက်ဆောင် ရွက်ရမည့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ကိစ္စရပ်များကို သတိကြီးစွာထားပြီး စောင့်ကြည့် နေပါကြောင်း၊ ထိုကိစ္စရပ်များကို ယုံကြည်စွဲမြဲစွာ လုပ်ဆောင်ရမည် ဆိုသည်နှင့်ပတ်သက်၍ ကျွန်ုပ်တို့ အားလုံး လေးစားလိုက်နာရမည် ဖြစ်ပါကြောင်း ပြင်သစ်သမ္မတက ထပ်လောင်းပြောကြားခဲ့ကြောင်း ပြင်သစ်သံရုံးထုတ်ပြန်ချက်က ဆို သည်။

ထို့ပြင် လက်ရှိတွင် မြန်မာ နိုင်ငံသို့ အမေရိကန်သမ္မတ ဘား ရက်အိုဘားမားလာရောက်မည် ဟု သတင်းများထွက်ပေါ်နေသည် နှင့်ပတ်သက်၍ သမ္မတပြောခွင့်ရ ပုဂ္ဂိုလ်ဦးရဲထွဋ်က ယနေ့အထိ မသိရသေးကြောင်းနှင့် လာမည့် နိုဝင်ဘာလကုန်တွင် မလေးရှား နိုင်ငံ၌ပြုလုပ်မည့် အာဆီယံထိပ် သီးအစည်းအဝေးများနှင့် အရှေ့ အာရှထိပ်သီးအ စည်းအဝေးများ တွင် သမ္မတအိုဘားမားနှင့်သမ္မတ ဦးသိန်းစိန်တို့ တွေ့ဆုံနိုင်ဖွယ်ရှိ ကြောင်း ပြောကြားသည်။

နိုဝင်ဘာ ၈ ရက်ရွေးကောက်  ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်သည် နိုဝင်ဘာ ၁၂ ရက်အ ထိ ရရှိထားသည့် စာရင်းများအရ ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်နှစ်ရပ်ပေါင်း ၃၀၀ ခန့် အနိုင်ရရှိထားပြီး ယင်းမှာ စုစုပေါင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံး၏ ထက်ဝက်ခန့်အရေအတွက်ကိုအနိုင်ရရှိထားခြင်း ဖြစ်သည်။

More in News Section

Top News