၂၀၁၄ တွင် ရန်ကုန်၌ ဟိုတယ်နှင့် တည်းခိုရိပ်သာ တိုးတက်ခဲ့

ရန်ကုန်မြို့တွင် အသစ်ဖွင့်လှစ်ထာသည့် နိုဗိုတယ်ဟိုတယ်/ဓာတ်ပုံ − ဂျေမောင်မောင် (အမရပူရ)

တစ်နိုင်ငံလုံးတွင် ၂၀၁၄ တစ်နှစ်အတွင်း ဟိုတယ်နှင့် တည်း ခိုရိပ်သာ ၁၈၀ ကျော် တိုးလာပြီး အခန်းအရေအတွက် ရှစ်ထောင် ကျော် တိုးတက်လာကာ ရန်ကုန် တွင် အများဆုံးဖြစ်ကြောင်း ဟို တယ်နှင့် ခရီးသွားလာရေး လုပ် ငန်းဝန်ကြီးဌာနက သတင်းထုတ် ပြန်သည်။

ပြီးခဲ့သည့်နှစ်ကုန်တွင် ဟို တယ်နှင့် တည်းခိုရိပ်သာပေါင်း ၁,၁၀၆ လုံး၊ အခန်းအရေအတွက် ၄,၂၃၄ ခန်းရှိနေပြီး ၂၀၁၃ က ဟို တယ်နှင့် တည်းခိုရိပ်သာ ၉၂၃ လုံး၊ အခန်းအရေအတွက် ၃၄,၈၃၄ ခန်း ဖြစ်သောကြောင့် တစ်နှစ်တာအတွင်း အလုံးရေ ၁၈၃ လုံး၊ အခန်းအရေအတွက် ၈,၄၀၉ ခန်းအထိ တိုးတက်လာခဲ့ သည်။
 

ဟိုတယ်နှင့် တည်းခိုရိပ်သာ အရေအတွက်မှာ ဒေသအလိုက် တိုးတက်နေပြီး နေပြည်တော်တွင် ရှစ်လုံး၊ မန္တလေးတွင် ၂၀ လုံး၊ ငွေ ဆောင်တွင် ၄၄ လုံးနှင့် အများဆုံး ဖြစ်သည့် ရန်ကုန်တွင် ၅၅ လုံးအ ထိ တိုးတက်လာကြောင်း ဟိုတယ် ခရီးဝန်ကြီးဌာန စာရင်းများအရ သိရသည်။

‘‘အခုရန်ကုန်မှာဆိုရင် ဟို  တယ်တွေက အပြိုင်အဆိုင်ဖြစ် လာတယ်။ တော်ဝင်ဂါးဒင်းလိုမျိုး ဆိုရင်တော့ ဒေါ်လာ ၅၀ လောက် ချပေးနေတယ်။ သုံးပုံတစ်ပုံ လောက် ဈေးလျှော့ပေးတာတွေ ကို တွေ့ရတယ်’’ ဟု NATURE DREAM ခရီးသွားလုပ်ငန်းမှ မန် နေဂျင်းဒါရိုက်တာ ဒေါ်စံပယ် အောင်က ပြောသည်။

မြန်မာနိုင်ငံ ခရီးသွားလုပ် ငန်း တိုးတက်လာသော ၂၀၁၂ တွင် ဟိုတယ်အခန်းခများ ကြီးမြင့်ခဲ့မှုသည် နိုင်ငံခြားဧည့် သည်များအတွက် အခက်အခဲတစ် ခုဖြစ်ပြီး ယခုအခါ ဟိုတယ်များ များပြားလာသောကြောင့် ဧည့် သည်နှင့်အခန်းမျှကာ အခန်းခ နှုန်းထားများ ပြန်လည်ကျသွား နိုင်သည်ဟု ခရီးသွားလုပ်ငန်းလုပ် ကိုင်သူ တစ်ဦးက သုံးသပ်သည်။

‘‘လက်ရှိမှာ ဟိုတယ်တွေ ပြိုင်ဆိုင်နေရမယ့် အချိန်မဟုတ် တော့ဘူး။ အချင်းချင်း ညှိနှိုင်းရ မယ်။ ခရီးသွားလုပ်ငန်း လုပ်ကိုင် သူတွေနဲ့ ညှိနှိုင်းရမယ်။ ပြီးတော့ ဟိုတယ်တွေကို ကြယ်ငါးပွင့်က ဘယ်ဈေး၊ ကြယ်လေးပွင့်ဆို ဘယ်ဈေး စသဖြင့် သတ်သတ် မှတ်မှတ်လုပ်သင့်ပြီ’’ ဟု ဒေါ် စံပယ်အောင်က သုံးသပ်ပြော ကြားသည်။

၂၀၁၄ နှစ်ကုန်တွင် မြန်မာ နိုင်ငံ၏ ဟိုတယ်လုပ်ငန်း၌ နိုင်ငံ ခြားကုမ္ပဏီများက အမေရိကန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံ ကျော်ကို စီမံကိန်း ၄၆ ခုတွင် ရင်း နှီးမြှုပ်နှံထားကြပြီး ယင်းအနက် စင်ကာပူနိုင်ငံက ဟိုတယ်စီမံကိန်း ၂၀၊ ရင်းနှီးမြှုပ်နှံမှု ပမာဏ ၁ ဒသ မ ၅ ဘီလီယံကျော်ဖြင့် အများဆုံး မြှုပ်နှံထားသည်။

မြန်မာနိုင်ငံသို့ တစ်နှစ်အ တွင်း နိုင်ငံခြားသားဧည့်သည် သုံး သန်းကျော် ၀င်ရောက်ပြီး လက်ရှိ ၀င်ရောက်သော အနေအထားနှင့် ဟိုတယ်အခန်းမှာ လုံလောက် သည့်အပြင် ပိုနေသည့် အနေအ ထားဖြစ်ကြောင်း ခရီးသွားလုပ် ငန်း လုပ်ကိုင်သူများက ဆိုသည်။

 

Top News