သင်္ကြန်အပါအ၀င် ပွဲတော်များတွင် ဟိုတယ်ခန်းခများ ဈေးမြင့်နေခြင်း အခန်းလိုအပ်ချက် ဖြည့်ခြင်းဖြင့်သာ ဖြေရှင်းနိုင်မည်

သင်္ကြန်အပါအ၀င် ပွဲတော်များတွင် ဟိုတယ်အခန်းခများမြင့်တက်မှုရှိ သော်လည်း အခန်းလိုအပ်ချက်ဖြည့် ပေးမှ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း ဟိုတယ်လုပ်ငန်းရှင် အသင်းဒုဥက္ကဋ္ဌက ပြောသည်။

သင်္ကြန်အပါအ၀င် ဒေသအ လိုက် ပွဲတော်များအတွင်း ဟိုတယ် ခများ ဈေးတက်ခြင်းနှင့် သာမန်အ ချိန်များတွင်လည်း ဟိုတယ်အခန်း ခများဒေသတွင်း နိုင်ငံများထက် ဈေးမြင့်နေခြင်းများ ရှိနေသော် လည်း ဟိုတယ်အသစ်များထပ်မံ တိုးချဲ့ဆောက်လုပ်မှသာ ထိုကဲ့သို့ ပြဿနာများကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း ဒုဥက္ကဋ္ဌ ဦးခင် မောင်ပြုံးက ပြောသည်။

‘‘ဟိုတယ်ခတွေ ဈေးလျှော့ ဖို့ဆိုတာ အစိုးရက ဘယ်လောက် ပဲယူပါလို့ ၀င်သတ်မှတ်လို့မရဘူး။သတ်မှတ်ရင်လည်း အသင်းက လည်း လက်ခံမှာ မဟုတ်ဘူး။ ဈေးနှုန်းကျဖို့က ဈေးကွက်လိုအပ်ချက် ကို ဖြည့်တင်းပေးနိုင်မှ ဖြစ်မယ်။ အခု ဟိုတယ်အသစ်တွေ ထပ်ဆောက်တာရှိလာတော့ ဈေးကွက်သဘောအရ ဈေးက မကြာခင် ပုံမှန်နှုန်းတစ်ခု ဖြစ်လာမှာပါ’’ ဟု ၎င်းက ပြောသည်။
 

သို့သော် လက်ရှိဒေသန္တရ အစိုးရ၏ သတ်မှတ်ထားသော စည်းကမ်းချက်များသည် ဟိုတယ် အသစ်များဆောက်လုပ်ရန် အ ခက်အခဲများရှိနေပြီး လက်ရှိလည် ပတ်နေသော ဟိုတယ်များကို ဈေး နှုန်းကို စိတ်ကြိုက်ဖန်တီးရန် အ ကာ အကွယ်ပေးထားသည်ဟု ၎င်းက ပြောသည်။ လာရောက် အပန်းဖြေသည့်သူများအတွက် အဆင်ပြေ ဆောင်ရွက်ပေးရန် တိုင်းဒေသကြီးအစိုးရသည် စိတ် ၀င်စားမှုမရှိကြောင်း ဦးခင်မောင် ပြုံးက ပြောသည်။

နွေရာသီတွင် ကမ်းခြေရှိ ဟို တယ်ဈေးနှုန်းများအတွက် အစိုးရ အနေဖြင့် ၀င်ရောက်ထိန်းညှိပေး ရန် အစီအစဉ်မရှိသေးသော်လည်း လုပ်ငန်းရှင်များကို တတ်နိုင်သမျှ အခန်းခဈေးလျှော့ရန် တိုက်တွန်း ထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ စိုင်းကျော်အုန်းက ပြောသည်။

‘‘အခုတိုက်တွန်းထားတော့ တချို့ဟိုတယ်တွေ ဈေးချပေးတာ ရှိပါတယ်။ နိုင်ငံခြားသားတွေလာ ရင် အခန်းခတွေ ဈေးကြီးတော့ နိုင်ငံအတွက် ဂုဏ်သိက္ခာနဲ့လည်း ဆိုင်တယ်။ တချို့ဟိုတယ်တွေက နဂိုကတည်းက အမြင့်ဈေးတော့ ရှိတယ်။ ဒါကလည်း တိုက်တွန်း ရင် ချပေးသွားမှာပါ’’ ဟု ၎င်းက ဆက်လက်ပြောသည်။

ဝန်ကြီးဌာနအနေဖြင့် ဟို တယ်ဆောက်လုပ်မှုများအတွက် ကန့်သတ်ချက်များမရှိသော်လည်း သက်ဆိုင်ရာဒေသအစိုးရကို ချင့် ချိန်ခိုင်းမှုများ လုပ်ခိုင်းထားကြောင်းဒုဝန်ကြီးက ပြောသည်။

ဟိုတယ်များကို ရှမ်းပြည်နယ်တွင် လိုအပ်ချက်ပြည့်စုံနေသော်လည်း ရန်ကုန်၊ မန္တလေး၊ ပုဂံနှင့် ပင်လယ်ကမ်းခြေများတွင် အများအပြားလိုအပ်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

Top News