ရန်ကုန်မြစ်တွင်း အပျော်စီးသင်္ဘောများ သင်္ကြန်တွင်းရပ်နားမည်

ရန်ကုန်မြစ်တွင်းသွား အပျော်စီး သင်္ဘောများ သင်္ကြန်ကာလတွင် တစ်ပတ်ခန့်ရပ်နားထားမည်ဖြစ် ကြောင်း သတင်းရရှိသည်။

သင်္ကြန်ကာလအတွင်း ဝန် ထမ်းများ အနားရစေရန် သင်္ကြန် အတွင်း တစ်ပတ်ခန့်ရပ်နားပြီး နှစ် ဆန်း ၂ ရက်မှ ပြန်ထွက်မည်ဖြစ် ကြောင်း Yangon River Cruise အထွေထွေမန်နေဂျာ ဦးနေမိုး အောင်က ပြောသည်။

Royal Green River အပျော် စီးသင်္ဘောသည် သင်္ကြန်အကြိုနေ့ ဧပြီ ၁၃ မှ ၁၇ ရက်အထိ ခရီးစဉ် များရပ်နားထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ ထို့အတူ Dora အပျော်စီး သင်္ဘောလည်း ရပ်နားမည်ဖြစ်ကြောင်း သတင်းရရှိ သည်။


သင်္ကြန်ကာလအတွင်း ရပ် နားမည်ဟုဆိုသော်လည်း လက်ရှိ တွင် မြစ်တွင်းအပျော်စီးသင်္ဘော စီးနင်းသော ဧည့်သည်များမှာ ပုံမှန်အတိုင်းရှိနေပြီး ပြည်တွင်းမှ ခရီးသည်စီးနင်းမှုမှာ တိုးတက်လာ ကြောင်း Royal Green River မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

‘‘ခရီးသည်ကတော့ မတ်လ မှာတော့ ပုံမှန်ပါပဲ။ နောက်ပိုင်း ရာသီဥတုပူလာတော့ နည်းသွား တယ်။ ဧပြီအတွက်ကတော့ မမျှော်မှန်းသေးဘူး။ သူက ပိတ် ရက်လည်းရှိနေတာကြောင့်ပါ’’ ဟု ဦးနေမိုးအောင်က ပြောသည်။

ရန်ကုန်မြစ်တွင်း အပျော်စီး သင်္ဘောများကို တစ်ဦးလျှင် အမေ ရိကန်ဒေါ်လာ ၂၅ ဒေါ်လာမှ ၃၀ အထိရှိနေပြီး ပြည်တွင်းခရီးသည် များအတွက် ကျပ် ၂၀,၀၀၀ မှ ၃၀,၀၀၀ ခန့်ဖြင့် ပြေးဆွဲနေသည်။

 လက်ရှိတွင်  ရန်ကုန်မြစ်အတွင်း အစိုးရနှင့် ပုဂ္ဂလိက လုပ် ငန်းရှင်များက သင်္ဘောရှစ်စီးဖြင့် ပြေးဆွဲလျက်ရှိနေပြီး သင်္ဘောများကို မိုးတွင်းကာလတွင် ရပ်နားထားလေ့ရှိကြောင်း လုပ်ငန်း လုပ်ကိုင်သူများထံမှ  သတင်းရရှိသည်။

Top News