ချောင်းသာတွင် ဈေးဆိုင်များ ကမ်းစပ်အထိ ဖွင့်လှစ်လာ

ကမ်းစပ်အထိ ဖွင့်လာသော ဈေးဆိုင်များ

ချောင်းသာကမ်းခြေတွင် ပင်လယ် ကမ်းစပ်အထိ ဆင်း၍ စားပွဲခုံများခင်းထီးမိုးကာ ဆိုင်ဖွင့်ရောင်းချနေ သဖြင့် နေ့စဉ်ရှင်းလင်းသိမ်းဆည်း နေရကြောင်း ကျေးရွာအုပ်ချုပ် ရေးမှူးကပြောသည်။

‘‘ဧပြီ ၂ ရက်က ကမ်းခြေက ဆိုင်တွေကို သိမ်းပါတယ်။ သူတို့ ကို ကြိုတင်ပြီးလည်း ပြောထားပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မနက်ပိုင်းသိမ်းပြီး မကြာပါဘူး။ ညနေပိုင်းလည်း ရောက်ရော ပြန် ဖွင့်ကြတာပဲ’’ဟု အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကပြောသည်။

ယင်းသို့ ဖမ်းဆီးမှုများကြား မှ ဈေးဆိုင်များ ဖွင့်လှစ်ရ၍ စားသောက်စရာများကလည်း ဈေးကြီးကြီးဖြင့် ရောင်းချနေကြောင်း ၎င်းကပြောသည်။

ကမ်းခြေတွင် စည်းကမ်းမဲ့ ဈေးမရောင်းချရေးအတွက် လိုက် လံဖမ်းဆီးသကဲ့သို့ ယင်းဈေးဆိုင် များအတွက် နေရာသတ်သတ် မှတ်မှတ်ဖြင့် ထားပေးသင့်သည် ဟု ချောင်းသာ ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အ စည်းမှ ကိုမောင်ပုက ပြောကြားသည်။

‘‘ဆိုင်တွေ စည်းကမ်းပျက် တာကတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ဈေးဆိုင်တွေအတွက် နေရာ သေသေချာချာသတ်မှတ်ပေး သင့်တယ်’’ ဟု ကိုမောင်ပုက ပြော ကြားသည်။

၂၀၁၄ ခရီးသွား ရာသီတွင် ကမ်းခြေဆိုင်များကို သိမ်း ဆည်းသောကြောင့် ဈေးဆိုင်ရောင်းချခွင့်ရရန် ဆန္ဒဖော်ထုတ်သူများရှိကြောင်း သတင်းရရှိ သည်။

‘‘ဈေးရောင်းဖို့ ခွင့်တောင်း တဲ့ သူတွေ၊ ဆန္ဒပြတဲ့သူတွေရှိတယ်။ ဈေးဆိုင်တွေ ပျောက်သွားအောင် လုပ်ပေးဖို့ ဆန္ဒပြတဲ့သူတွေလည်း ရှိတယ်’’ဟု ဦးတေဇာအောင်က ပြောသည်။

သင်္ကြန်ကာလ မတိုင်မီ ချောင်းသာသို့ ခရီးသည်ဝင်ရောက်မှု မြင့်တက်နေပြီး လာရောက် လည်ပတ်သူများ၏ ကားများ ရပ် နားရန် အခက်အခဲရှိနေ၍ ပိတ် ရက်များတွင် ကားလမ်းပိတ်ဆို့မှုများပင်ရှိနေသည်ဟု သတင်းရရှိသည်။

သတင်းဓာတ်ပုံများ − ချောင်းသာကမ်းခြေသတင်းဌာန ဖေ့စ်ဘွတ်ခ်

Top News