အဲကမ္ဘောဇလိုင်း နေပြည်တော်သို့ ပုံမှန်ခရီးစဉ် ပျံသန်းမည်

နေပြည်တော်လေဆိပ်သို့ ခြောက်လိုင်းမြောက် ပြည်တွင်း  လေကြောင်း လိုင်းအဖြစ် အဲကမ္ဘောဇက ပုံမှန်ခရီးစဉ်ပျံသန်းပြေးဆွဲသွားမည်ဟု သတင်းရရှိသည်။

အဲကမ္ဘောဇ လေကြောင်း လိုင်းက ရန်ကုန်-နေပြည်တော်- မန္တလေး ခရီးစဉ်ကို တစ်ပတ်လျှင် ၅ ရက် ဧပြီ ၂၂ ရက်မှစတင်ကာ ပြေးဆွဲသွားမည်ဟု အဲကမ္ဘောဇ၏ စီးပွားရေးအရာရှိချုပ်ဦးမြတ်သူက ပြောသည်။

‘‘တစ်ပတ်ကို  ငါးရက်  ဧပြီ ၂၂ ရက်မှာပြေးဆွဲဖို့စီစဉ်ထားပါ တယ်။ မနက်တစ်ကြိမ်၊ ညနေတစ် ကြိမ်ပြေးဖို့စီစဉ်ထားပါတယ်’’ဟု ဦးမြတ်သူကပြောသည်။

ပြည်တွင်း ခရီးစဉ် ၁၆ ခုပြေးဆွဲနေသော အဲကမ္ဘောဇလေ ကြောင်းလိုင်းသည် လာမည့် မေလတွင် ထိုင်းနိုင်ငံ ချင်းမိုင်သို့ပြေးဆွဲသွားရန်  ရှိသည်ဟု  ဆိုသည်။ 

ပြည်တွင်း ခရီးစဉ်များတွင် အေတီအာရ်လေယာဉ်များအသုံး ပြုနေပြီး  ပြည်ပ ခရီးစဉ်များအတွက် ဂျက်အင်ဂျင်သုံးလေယာဉ်များ ဝယ်ယူသွားမည်ဟု သိရှိရသည်။

လက်ရှိတွင် အဲကမ္ဘောဇက ပြည်တွင်း ခရီးစဉ်များအတွက် အေတီအာရ် လေယာဉ်ရှစ်စီး အသုံးပြု ပြေးဆွဲနေသည်။

လက်ရှိတွင် နေပြည်တော် လေဆိပ်သို့ မြန်မာ အမျိုးသား လေကြောင်း၊ အဲပုဂံ၊ FMI ၊ အေး ရှားဝင်း၊ ရွှေမြန်မာလေကြောင်း လိုင်းတို့က ပုံမှန်ခရီးစဉ်များပြေး ဆွဲလျက်ရှိသည်။

Top News