ယခုနှစ်သင်္ကြန်ခရီးစဉ်တွင် ကုမ္ပဏီအချို့ ရွှေလီခရီးစဉ်များ ရပ်နားထားဟုဆို

သင်္ကြန်ကာလအတွင်း ပုံမှန်ပြေး ဆွဲနေသော လားရှိုး-မူဆယ်- တရုတ်နယ်စပ် ရွှေလီခရီးစဉ်ကို ယခုနှစ်တွင် မငြိမ်မသက်မှုများ ကြောင့် ကုမ္ပဏီအချို့ ခရီးစဉ်ရပ် ဆိုင်းထားကြောင်း ခရီးသွားလုပ် ငန်းဈေးကွက်မှ သတင်းရရှိသည်။

‘‘အဲဒီဘက် မငြိမ်သက်တဲ့ အခြေအနေတွေကြောင့် ဒီနှစ် တော့ ပြည်တွင်း ခရီးစဉ်တွေမှာ ရွှေလီခရီးစဉ်ကို ရပ်ထားလိုက် တယ်’’ဟု ဂန္ထ၀င်ရွှေပုဂံခရီးသွား လုပ်ငန်းမှ ဈေးကွက်ရှာဖွေရေး မန်နေဂျာ ဒေါ်ရီရီသန်းက ပြော သည်။

ယင်းခရီးစဉ် ပြေးဆွဲခြင်း မရှိ သော်လည်း လက်ရှိတွင် ထားဝယ် -ထီးခီး-ထိုင်းနိုင်ငံ  ကန်ချနာ ပူရီ ခရီးစဉ်အသစ်ကို ပြေးဆွဲနေ ပြီ ယင်းခရီးစဉ်ကို လည်ပတ်ရန် စာရင်းပေးထားသူများကြောင်း ဒေါ်ရီရီသန်းက ဆိုသည်။

‘‘ရွှေလီခရီးစဉ်ကို မေးတဲ့သူ တွေတော့ ရှိတယ်။ ဒါပေမဲ့ အခြေ အနေတွေ မငြိမ်သက်သေးတာ ကြောင့် ခရီးစဉ်ကို ဒီနှစ်တော့ ရပ် ထားပါတယ်’’ဟု New Motion ခရီးသွားလုပ်ငန်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အဆိုပါ ခရီးစဉ်သည် နှစ်စဉ်သင်္ကြန်ကာလတွင် မြန်မာခရီးသွားများ အများဆုံး သွားရောက်လည်ပတ်သော ခရီးစဉ်ဖြစ်ပြီး တရုတ်ပြည်နယ်စပ်ကို လည်ပတ်ရသောကြောင့် သွားရောက်သူများပြားကြောင်း ခရီးသွား လုပ်ငန်းလုပ်ကိုင်သူများက ပြောကြားသည်။

ပြည်တွင်း ခရီးစဉ်သစ်များ ကို ပုံမှန်ပြေးဆွဲနေသော TangoTour & Trek ခရီးသွား ကုမ္ပဏီကလည်း ယခုနှစ်သင်္ကြန်တွင် ရွှေလီခရီးစဉ် ပြေးဆွဲရန် မရှိဟု ဆို သည်။

ရွှေလီနယ်စပ်ဘက်မှ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် သော နိုင်ငံခြားသား ဧည့်သည် လည်း နည်းပါးသွားသည်ဟု မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးနောင်းနောင်းဟန်က ပြောကြားသည်။

‘‘များသောအားဖြင့် တရုတ် လူမျိုးတွေပေါ့။ အဲဒီဘက်က ၀င် တာနည်းသွားတယ်။ တချို့လည်း တခြားလမ်းကနေ ပတ်ပြီးလာကြ တယ်’’ဟု ၎င်းကပြောသည်။

ယခုနှစ်သင်္ကြန်တွင် ပြည်ပ ခရီးစဉ်သွားရောက်သူများသည် ကိုရီးယားနှင့် ဗီယက်နမ်နိုင်ငံသို့ သွားရောက်လည်ပတ်ရန် ပိုမိုရွေး ချယ်လာကြသည်ဟု ခရီးသွား လုပ်ငန်းများမှ သတင်းရရှိသည်။

Top News