ပြည်တွင်း၊ ပြည်ပအလုပ်အကိုင်ပြပွဲ ပုသိမ်၌ ဖေဖော်ဝါရီလကုန်ကျင်းပမည်

အလုပ်အကိုင်ပြပွဲတစ်ခုကျင်းပနေစဉ်/ဓာတ်ပုံ − ဂျေမောင်မောင်(အမရပူရ)

ပြည်တွင်း၊ ပြည်ပအလုပ်အကိုင် ပြပွဲကို တတိယအကြိမ်မြောက် အဖြစ် ပုသိမ်မြို့နယ် ဖေဖော်ဝါရီ လကုန်တွင် ကျင်းပမည်ဟု ပြည်ပ အလုပ်အကိုင်ရှာဖွေရေး ဝန် ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)မှ သတင်းရရှိသည်။

ပုသိမ်မြို့မြို့နယ်ခန်းမ၌ ဖေ ဖော်ဝါရီ ၂၈ မှ မတ်လ ၁ ရက် အ ထိ နှစ်ရက်ကြာပြုလုပ်သွားမည်ဖြစ် ပြီး ပြည်ပနိုင်ငံများသို့ တရားမဝင် လူကုန်ကူးခံရမှုများ လျော့ကျစေ ရန်နှင့် တရားဝင်လမ်းကြောင်း ဖြင့်ပြည်ပသို့သွားရောက် လုပ်ကိုင် စေရန် ရည်ရွယ်ပြသခြင်း ဖြစ်သည်။‘‘ဇန်နဝါရီလကုန်လုပ်မလို့။ မြို့နယ်ခန်းမက မအားတာနဲ့ ဖေဖော်ဝါရီ ၂၈ ရက်သတ်မှတ် လိုက်တာ။ ပြည်တွင်း၊ ပြည်ပအေ ဂျင်စီတွေပဲ သွားလုပ်မှာ။ ကုမ္ပဏီ တွေဘယ်နှခုလောက်ပါမယ်ဆို တာတော့ သေချာပြောလို့မရသေး ဘူး။ အခုလောလောဆယ်အကြမ်း ဖျင်းပဲပြောလို့ရသေးတယ်’’ဟု MOEAF  ဒုဥက္ကဋ္ဌ ဦးစိုးမြင့်အောင် က ပြောသည်။

ပထမအကြိမ် ပြည်ပအလုပ် အကိုင်ပြပွဲကို ဇန်နဝါရီလဆန်း က ရန်ကုန်မြို့ရှိ Myanmar Info-Tech တွင် ကျင်းပပြုလုပ်ခဲ့ ပြီး အလုပ်သမားသောင်းနှင့်ချီ၍ ခေါ်ယူခဲ့ကာ စက်ရုံ၊ အလုပ်ရုံများ အပြင် အိမ်အကူလုပ်သားများကို ပါ တရားဝင်အလုပ်ခေါ်ယူခဲ့သည်။ဒုတိယ အကြိမ်မြောက် အလုပ်အကိုင်ပြပွဲကိုမူ မကွေးတိုင်းဒေသကြီးတွင် ကျင်းပပြုလုပ်ခဲ့ သည်။

 

Top News