တရုတ်နိုင်ငံသို့ လူ ၂၀ ခန့် ပို့ခဲ့သည့် ကျောက်တော်မြို့ခံတစ်ဦး ဖမ်းဆီးခံရ

 အလုပ်ရမည်ဟု သွေးဆောင်ဖြားယောင်းပြီး အမျိုးသမီး ခုနစ်ဦးအပါအ၀င် လူ ၂၀ ခန့်ကို တရုတ်နိုင်ငံသို့ ပို့ဆောင် သည့် ကျောက်တော်မြို့ခံတစ် ဦးကို ရဲတပ်ဖွဲ့က ပြည်ပအလုပ် အကိုင်ရှာဖွေဥပဒေဖြင့် ဖမ်းဆီး ခဲ့သည်။

ကျောက်တော်မြို့ ရှမ်းရွာ ရပ်ကွက်နေ အသက်(၅၀) ကျော်အရွယ် အမျိုးသားကို သြဂုတ် ၈ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ပြည်ပကို အလုပ်သမားတွေစေလွှတ်ဖို့ လိုင်စင်မရှိဘူး။ ပြီး တော့ တရုတ်မှာ အလုပ်ရမယ်ဆို ပြီး လူတစ်ဦးဆီက ကျပ်ငါးသိန်း ခွဲစီ ယူတယ်။ ဖမ်းဆီးခံရတဲ့သူ လွှတ်လိုက်တဲ့သူတွေက ဘာအ လုပ်မှမရဘဲ ပြန်ရောက်လာ တယ်။ သူတို့က လာတိုင်တဲ့အ တွက် ဖမ်းဆီးတာပါ’’ဟု အထက် ပါရဲအရာရှိက ဆိုသည်။

တရုတ်နိုင်ငံသို့ စေလွှတ်ခံ ရသူများသည် ကျောက်တော်မြို့ နယ် ပြိန်းချောင်းကျေးရွာ၊ ကွမ်း အုံချောင်း၊ လမုတပင်၊ သရက် အုပ်နှင့် မြောက်ဦးမြို့နယ်မှ ကျွန်း ဖျားကျေးရွာ ဒေသခံများဖြစ် ကြောင်း ၎င်းကပြောသည်။

အလုပ်အကိုင်ရှားပါးသည့် ရခိုင်ပြည်နယ်တွင် ဒေသခံ အများစုသည် အလုပ်အကိုင်ရရေး လူပွဲစားများနှင့် ဆက်သွယ် ကာ ပြည်ပနိုင်ငံများအပါအ၀င် အခြားပြည်နယ်နှင့် တိုင်းဒေသ ကြီးများသို့ ထွက်ခွာနေကြောင်းသိရသည်။

‘‘ရခိုင်ပြည်နယ်မှာ ရခိုင်သူ၊ ရခိုင်သားတွေ မကျန်သလောက် ဖြစ်နေပါပြီ။ အလုပ်အကိုင်မရှိတဲ့ အတွက် တခြားဒေသတွေကို ထွက်သွားကြတယ်။ အလုပ်လုပ် ချင်သူတွေကလည်း ရတဲ့အဆက် အသွယ်နဲ့ သွားကြတယ်။ သေချာ စုံစမ်းပြီးမသွားကြဘူး’’ဟု မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။