ဦးနေလနှင့် ဦးရောဘတ်စန်းအောင်တို့ကို အရေးယူပေးရန် ရုံးတော်သို့ ဇေယျာဖြိုးလျှောက်ထား

အထူးခုံရုံးက လက်မခံ၍ တိုင်းတရားလွှတ်တော်သို့ လျှောက်ထားမည်ဟုဆို
ဦးကိုနီလုပ်ကြံခံရမှုမှ စွပ်စွဲခံရသူအချို့ကို ရုံးချိန်းတစ်ခုတွင် ရဲတပ်ဖွဲ့ဝင်များကြား တွေ့ရစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)

ဦးကိုနီလုပ်ကြံခံရမှုစစ် ဆေးနေသည့် တရားခွင်အတွင်း အချင်းများသည့်အပေါ် တရား လိုရှေ့နေများဖြစ်သည့်ဦးနေလ နှင့် ဦးရောဘတ်စန်းအောင်ကို အရေးယူပေးရန် တိုင်းတရား လွှတ်တော်သို့ လျှောက်ထားမည် ဖြစ်ကြောင်း ဇေယျာဖြိုးကပြော သည်။


လက်ရှိ စစ်ဆေးနေသည့် မြောက်ပိုင်းခရိုင်တရားရုံးရှိ အ ထူးခုံရုံးသို့ ဇေယျာဖြိုးက ဩဂုတ် ၉ ရက်တွင်လျှောက်လွှာတင်သွင်း ရာ အထူးခုံရုံးကလက်ခံခွင့်မရှိသ ဖြင့် တရားလွှတ်တော်သို့တင်ပြ ဖြေရှင်းရန် အမှုစစ်တရားသူကြီး အဖွဲ့ကပြန်လည်ပြောကြားသည်။

‘‘မှန်ကန်တဲ့ တရားစီရင်ရေး နဲ့ပတ်သက်ပြီးတော့ အနှောင့်အ ယှက်ဖြစ်စေတယ်ဆိုရင် သက် ဆိုင်ရာရုံးကပဲ အရေးယူရမှာ။ တရားလိုရှေ့နေက မေးခွန်းတစ်ခု မေးလိုက်တယ်။ လှောင်သလို၊ ပြောင်သလိုနဲ့ရည်ရွယ်ရင် တရား စီရင်ရေးကို အနှောင့်အယှက်ပေး တာလားဆိုတာကို သူကတော့ (တရားလိုရှေ့နေ) မေးခွန်းထုတ် မှာပဲ။ အဲဒီမေးခွန်းထုတ်တဲ့အပေါ် မှာ သူတို့ကိုဒီလိုပြောရကောင်း လားတင်လာတာကတော့ နောင် မှာသူတို့ကိုမလုပ်ရဲ၊ မကိုင်ရဲများ ဖြစ်မလားဆိုတဲ့ မျှော်လင့်ချက်မျိုး နဲ့လျှောက်သလားပဲ။ဦးရောဘတ် စန်းအောင်တို့ကတော့ ဒီလိုမျိုးနဲ့မှုမှာမဟုတ်ဘူးလေ’’ ဟု တရားလို ဘက်မှ ရှေ့နေ ဦးခင်ဌေးကဆို သည်။

အမှုနှင့်ပတ်သက်ပြီး ဩ ဂုတ် ၂ ရက်ကတရားလိုရှေ့နေဦး နေလက စွပ်စွဲခံထားရသူအောင် ၀င်းဇော်ကို ပြန်လှန်စစ်မေးရာ တွင် ကြည်လင်းကိုတောသားဟု သုံးနှုန်းကာ မေးမြန်းမှုအပေါ် စွပ် စွဲခံရသူ ဇေယျာဖြိုးရယ်မောခဲ့ သဖြင့် ဦးနေလ၊ ဦးရောဘတ်စန်း အောင်နှင့် ဇေယျာဖြိုးတို့ တရား ခွင်အတွင်း အချေအတင်ပြောဆို မှုဖြစ်ပွားခဲ့သည်။

‘‘တရားရုံးမှာ မထီမဲ့မြင်ပြုမှု၊ ငြိမ်ဝပ်ပိပြားမှုစတဲ့ ပုဒ်မသုံးခုနဲ့ တင်ထားတာပါဗျ။ တရားရုံးက သူ့စီရင်ပိုင်ခွင့်မဟုတ်တဲ့အတွက် တစ်မှုက အထက်ရုံးကို၊ နောက် တစ်မှုက အောက်ရုံးကိုတင်ရမှာ ပါ။ ဆက်လုပ်သွားမှာပါဗျ’’ ဟု စွပ်စွဲခံရသူဇေယျာဖြိုးက ဆို သည်။

ထိုနေ့ကအမှုစစ်ဆေးပြီး၍ ဦးရောဘတ်စန်းအောင်က မီဒီ ယာများအား ဖြေကြားရာတွင် ဇေ ယျာဖြိုးက ကြမ်းတမ်းစွာပြုမူခဲ့ သည်ဟု မမှန်မကန်ပြောဆိုခြင်း၊ ဦးရောဘတ်စန်းအောင် ဖေ့စ် ဘွတ်ခ်အကောင့်၌ တိုင်းဥပေဒ ချုပ်ဦးဟန်ထူးသည် ဇေယျာဖြိုး ဦးလေးဖြစ်ကြောင်း ရေးသားဖော် ပြရာတွင်‘ဦးကိုနီကိုသတ်ခဲ့တဲ့ ဇေ ယျာဖြိုး၏ဦးလေး’ ဟုရေးသား ဖော်ပြခဲ့ကြောင်း ရုံးတော်သို့ လျှောက်ထားသည့် ဇေယျာဖြိုး လျှောက်လွှာ၌ဖော်ပြထားသည်။

ရှေ့နေ ဦးရောဘတ်စန်း အောင်သည် တရားရုံးကဆုံးဖြတ် ရမည့်အမိန့်ကို တရားခွင်အတွင်း အော်ဟစ်အမိန့်ပေးခြင်း၊ ရယ် မောနေမှုများအား ဥပဒေနှင့်အညီ ဟန့်တား အရေးယူပေးရန် လျှောက်ထားရမည့်အစား ရုံး တော်၏ခွင့်ပြုချက်မရှိဘဲ ဒေါသ တကြီးပြုမူခြင်းများကို ဦးရော ဘတ်စန်းအောင်နှင့် ဦးနေလတို့ ပြိုင်တူပြုမူသဖြင့် တရားရုံးမထီ မဲ့မြင်ပြုမှုအက်ဥပဒေပုဒ်မ ၃ နှင့် ရာဇသတ်ကြီးပုဒ်မ ၂၂၈ အရ အရေးယူသင့်သည်ဟု လျှောက် လွှာတွင် ဖော်ပြထားသည်။

တရားခွင်ကို ရုတ်ရုတ်သဲသဲ ဖြစ်အောင်၊ ငြိမ်ဝပ်ပိပြားမှု ပျက် ပြားစေရန်အကြံဖြင့် ပြုလုပ်သည် ဆိုကာ တရားလိုရှေ့နေနှစ်ဦးအ ပေါ် ရာဇသတ်ကြီးပုဒ်မ ၅၀၄ ဖြင့် ပါ အရေးယူပေးရန် လျှောက်ထား မည်ဖြစ်ကြောင်း ဇေယျာဖြိုးကဆို သည်။