အကျဉ်းချ၍မရသော...

ရှစ်လေးလုံးအရေးတော်ပုံနှစ်(၃၀)ပြည့် အခမ်းအနားတွင် ပြသထားသော ထောင်တွင်းလုပ်ဂစ်တာတစ်လက်ကို ကြည့်ရှုနေသူတစ်ဦး (ဓာတ်ပုံ−စိုင်းဇော်)

ရှစ်လေးလုံး နှစ်(၃၀)ပြည့်အခမ်း အနားတွင် နိုင်ငံရေးအကျဉ်းသား များကူညီစောင့်ရှောက်ရေးအ သင်း(AAPP)က အကျဉ်းထောင် အတွင်းမှ အနုပညာပစ္စည်းများ ကို ပြသထားရာ ဂစ်တာတစ်လက် လည်း ပါဝင်သည်။

ဘီစကွတ်ဘူးကို ဖလက်တံ ကပ်ချည်ထားပြီး ကြယ်ပုံသဏ္ဌာန် အပေါက်ဖောက်ထားသည်။

သာမန်အားဖြင့် ကြည့်လျှင် ရရာပစ္စည်းဖြင့် ပြုလုပ်ထားသော သစ်သားဂစ်တာတစ်လက်ဟု မြင် နိုင်သော်လည်း ဒီမိုကရေစီအရေး တော်ပုံအတွက် ထောင်ထဲတွင် ဘဝစတေးခဲ့သည့် နိုင်ငံရေးအ ကျဉ်းသားများအတွက် အဓိပ္ပာယ် အများကြီးရှိနေသည့် အနုပညာ ပစ္စည်းဖြစ်သည်။

စာနာမှုရှိသောထောင်ဝန် ထမ်းအချို့၏ကူညီမှု၊ ဘဝတူ အကျဉ်းသားအချင်းချင်း ရိုင်းပင်း မှု၊ နံရံများအတွင်း ဖမ်းဆီးချုပ် နှောင်ထား၍ မရသောအနုပညာ။

ခေတ်ဆိုးစနစ်ဆိုး၏အ ကျဉ်းထောင်အတွင်း ခဲရာခဲဆစ် လုပ်ခဲ့ရသော အဆိုပါဂစ်တာမျိုး သည် တန်ဖိုးဖြတ်မရကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့် လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေး က ပြောသည်။

‘‘အဲဒီဂစ်တာထဲမှာ သံစဉ် တွေတင်မကဘူး။ ရိုက်သံ၊ နှက် သံ၊ ဆူညံသံတွေလည်း ရှိနေ တယ်’’ဟု ဦးမြအေးက ပြောသည်။ဂီတသံစဉ်သည် လူ၏နှလုံး သားကို နူးညံ့သိမ်မွေ့စေသည်။ ဂစ်တာသည် လူသား၏နှစ်ရှည် လများကတည်းက အဖော်လည်း ဖြစ်သည်။သို့သော် အကျဉ်း ထောင်များအတွက်တော့ ခြွင်း ချက်ဖြစ်သည်။ ဂစ်တာကြိုးသည် လူတစ်ယောက်အား သေစေနိုင် ၍ ခွင့်ပြုရန် ခက်ခဲခြင်းဖြစ်သည်။ သို့ဖြစ်ရာ စစ်ဆေးရေးဝင်သည့် အခါ ၀ှက်ရသည်။ မိလျှင် ကောင်း ကောင်းအတွယ်ခံရမည်။ သံခြေ ချင်းအခတ်ခံရမည်။ ထောင်ဝင် စာအပိတ်ခံရမည်။ ထောင်လည်း နှစ်တိုးကျခံသွားရနိုင်သည်။

သို့သော် ယုံကြည်ချက် ကြောင့် နှစ်ရှည်အကျဉ်းချခံရ သည့်နိုင်ငံရေးအကျဉ်းသားများ သည် သူတို့၏ကမ်းမမြင်၊ လမ်း မမြင်နေ့ရက်များကို အနုပညာ ပစ္စည်းများဖြင့် ခဲရာခဲဆစ်အသက် ဆက်ခဲ့ရသည်။

သူတို့၏ယုံကြည်မျှော်လင့် ချက်များမပျောက်ဆုံေးအာင် တောင့်ခံနိုင်ရေးအတွက်ရော ရုပ် ပိုင်းဆိုင်ရာ ကြံ့ခိုင်ရေးအတွက်ပါ အနုပညာက အရေးပါခဲ့သည်။ ဂီတ၊ ပန်းချီနှင့် စာပေ စသဖြင့် ဖန်တီးနိုင်ခဲ့ကြသည်။ အကျဉ်း ထောင်အတွင်းမှ အနုပညာ မြောက်သီချင်းများ၊ သံစဉ်များ၊ စာသားများ၊ ကဗျာများ၊ ပန်းချီ ကားများ၊ စာပေများထွက်ပေါ်ခဲ့ သည်။

‘‘ဘာအပြစ်မှ မရှိဘဲ မတရားထောင်ချခံထားရတာဗျာ။ ဒီဖိ အားက တော်တော်ကြီးတယ်။ ပေါက်ကွဲမှုတွေ မဖြစ်အောင် အနု ပညာက ထိန်းပေးထားနိုင်တယ်။ ဂီတက ထွက်ပေါက်တစ်ခုပဲလို့ ထောင်ဝန်ထမ်းတွေကို ရှင်းပြရ တယ်’’ဟု ဦးဝင်းမော်(ရွှေသံစဉ်) က ပြောသည်။

အပြည်ပြည်ဆိုင်ရာ ကြက် ခြေနီအဖွဲ့နှင့် မြန်မာအစိုးရသ ဘောတူညီမှုရပြီး ၁၉၉၉ နောက် ပိုင်းအကျဉ်းထောင်အတွင်း ဖြေ လျှော့မှုများရှိလာပြီးနောက် ဂီတ နှင့် ပိုမိုနီးစပ်ရန် အခွင့်အရေးရခဲ့ ကြသည်။ ထောင်ထဲတွင် စာဖတ် ခွင့်တရားဝင်ရလာခဲ့သည်။ ယခင် က စာရွက်၊  ဘောပင်တောင် ကိုင်ခွင့်မရခဲ့။

သက္ကရာဇ် ၂၀၀၀ တွင် သာယာဝတီထောင်မှ   တောင်ငူ ထောင်သို့ ပြောင်းလာသည့်ဆရာ တော်ဦးဇဝနက ဂစ်တာလုပ်ရန် အကြံပေးခဲ့ကြောင်း ဦးဝင်းမော် က ရှင်းပြသည်။

ဂစ်တာလုပ်ရန် လက်သမား ဘုတ်မှ ရင်းနှီးသော အကျဉ်းသား များကို အတိုင်းအထွာလှမ်းမှာရ သည်။ ဖလက်တံနှင့် ကီးများအ တွက် လိုအပ်သည့်ပစ္စည်းများကို ရင်းနှီးသည့်ထောင်ဝန်ထမ်းအချို့ အား ဝယ်ခိုင်းရသည်။ ဖလက်တံ လုပ်ထားသည့် သစ်သားချောင်း ကို မိုလာပုံးနှင့်ကပ်ပြီး ချည်လိုက် ရာ ဟော်လိုသံထွက်လာသည်။ ရှာဖွေရေးမတိုင်မီ ဖလက်တံကို ဖြုတ်သိမ်းရသည်။ မိသွားလျှင် ပြန်ပေးသည့် ဝန်ထမ်းအချို့ လည်း ရှိသည်။

ဦးဝင်းမော်သည် ထောင် တွင်းလုပ်ဂစ်တာဖြင့်ပင် သူနှင့်အ တူ ထောင်ကျသည့် ကျောင်းသား အချို့ကို ဂစ်တာတီးသင်ပေးခဲ့ သေးသည်။

တောင်ငူ၊ သရက်၊ သာယာ ဝတီ၊ တောင်ကြီး၊ ကျောက်ဖြူနှင့် သံတွဲထောင်များတွင် အခြေအနေ ပေးသည့်အပေါ် မူတည်ပြီး ထောင်တွင်းဂစ်တာများ ခက်ခဲ စွာ ပြုလုပ်ခဲ့သည်။

‘‘ဂစ်တာမရှိခင်ကဆို ပုံစံပန်း ကန်ပြားမှာ စောင်အုပ်ပြီး ဂျပ်ဇ်ဂီတပုံစံပေါ့။ ဒုံချပ်ဒုံချပ်ဆိုပြီးတော့။ ကော်ခွက်ကို စောင်ပါးလေးအုပ်ပြီး ပတ်ကားရှင်းသဘောပေါ့။ ဒါမျိုးတွေ ဖန်တီးပြီးဆိုခဲ့ကြတယ်’’ ဟု AAPP မှ ဦးအောင်မျိုးကျော်က ပြောသည်။

AAPP ပြခန်းမှ ဂစ်တာသည် မည်သည့်ထောင်မှ မည်သူထုတ်

လာသည်ကိုမူ ၎င်းက မသိ ကြောင်း ပြောသည်။

ထောင်တွင်းဂစ်တာများဖြင့် အချစ်သီးချင်းများသီဆိုခဲ့ကြသ လို အလွမ်းသီချင်းများလည်း သီဆိုခဲ့ကြသည်။ အများဆုံးဆို ဖြစ်ကြသည်က နိုင်ငံရေးသီချင်း များ။ အထူးသဖြင့် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်၊ ရှစ်လေးလုံးအ ရေးတော်ပုံအထိမ်းအမှတ်နေ့များ ရောက်လျှင်ဖြစ်သည်။ ဦးမြအေး ကမူ သီချင်းရေးသည့်လိုင်းဖြစ် သည်။

‘‘သီချင်းတွေကို စိတ်နဲ့ရေး ပြီး စိတ်ထဲပဲ မှတ်ထားရတယ်။ ချရေးစရာမရှိခဲ့ဘူးလေ’’ဟု ဦးမြ အေးက ပြောသည်။

သီချင်းဆိုသည့် ညများရှိသ လို ဝတ္ထုများ အော်ဖတ်ပြရသည့် ညများလည်း ရှိခဲ့သည်။ အပြန်အ လှန်ဆွေးနွေးကြသည်။

‘‘အခြေအနေကြည့်ပြီး အတိုးအဆုတ်လုပ်ရတာပေါ့’’ ဟု ဦးမြအေးက ရှင်းပြသည်။

ကမ္ဘာပေါ်တွင် ရှိသော အ ကောင်းဆုံးဂစ်တာနှင့်ပင် မလဲနိုင် ကြောင်း ထောင်တွင်းဂစ်တာများ ကို ဦးမြအေးက တင်စားပြောဆို သည်။

ဦးမြအေးသည် သူ၏ထောင် တွင်းဂစ်တာကို တောင်ကြီးထောင်တွင် ထားခဲ့သည်။

ဦးဝင်းမော်သည်လည်း တောင်ငူထောင်က ထွက်တော့ ဂစ်တာ ၁၂ လက်အထိ လုပ်ခဲ့ပြီး ၁၂ လက်လုံးထားခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတွင်  ဒီမိုကရေစီသံစဉ်များတိုးညင်းနေ ရာမှ တစ်စတစ်စကျယ်လာခဲ့ရာ အကျဉ်းထောင်များအတွင်းမှ အနုပညာများသည် အုတ်နံရံများ ကြားမှ ပြခန်းများသို့ ရောက်လာ သည်။

အမေရိကန်စင်တာသို့ ရောက်လာသည်။ တောင်ဝင်နှင်း ဆီသို့ ရောက်လာသည်။ ရှစ်လေး လုံးနှစ်ပတ်လည်များတွင် နေရာ ယူလာသည်။ ရန်ပုံငွေပွဲများတွင် ဖျော်ဖြေရာဖြစ်လာသည်။

ဦးမြအေး၏သီချင်းစာသား များ၊ ဦးဝင်းမော်၏သံစဉ်များ၊ ဦးမင်းကိုနိုင်၏စာများ၊ ကဗျာ များ၊ ပန်းချီထိန်လင်း၏ကားများ မှာ ထင်ရှားသည်။ လွတ်လမ်းမ မြင်နိုင်သည့် အခြေအနေထဲမှာ ပင် ဖန်တီးခဲ့ကြသည့် အနုပညာ များဖြစ်သည်။

အဆိုပါ အနုပညာပစ္စည်း များ၏အဓိပ္ပာယ်ကို ဦးဝင်းမော်က အောက်ပါအတိုင်းဖွင့်ဆိုသည်။

‘‘လူကိုပဲ အကျဉ်းချလို့ရ မယ်။ အနုပညာကို အကျဉ်းချလို့ မရဘူးဆိုတာပါပဲ’’