နေတိုးနဲ့ တွဲဖက်ရိုက်ကူးဖို့ စိတ်လှုပ်ရှားနေတဲ့ ပိုးအိအိခန့်

ယခင်က ဘောလုံးပွဲ တစ်ခါမျှ မကြည့်ဖြစ်သော်လည်း ချစ်သူပါဝင်ကစားသည့်ဘောလုံး ပွဲများကို ရုပ်သံနှင့်အွန်လိုင်းမှ တစ်ဆင့် အားပေးဖြစ်ကြောင်း သရုပ်ဆောင်ပိုးအိအိခန့်က ပြောသည်။

‘‘Relationship က ဟက် ကာတွေကောက်ချိတ်လိုက်တာ ပါ။ ကိုယ့်ဟာကိုယ်ချိတ်လိုက်တာ မဟုတ်ပါဘူး။ ချစ်သူသက်တမ်း က မကြာတကြာပေါ့။ သူ့ကို ယုံ ကြည်တယ်ဆိုတာကလည်း သူ က ယုံကြည်မှုကိုတည်ဆောက်ပြ လို့ပေါ့။ သူကရိုးသားတယ်၊ ကြိုး စားတယ်။ ဘယ်တော့မှ မလိမ် ညာဘူး။ နှစ်ယောက်စလုံးရိုမန့် တစ်မဆန်တတ်ဘူး။ ဒါပေမဲ့ ပျော်စရာကောင်းတယ်’’ ဟု ၎င်း က ပြောသည်။

ချစ်သူရမှ ဘောလုံးပွဲကို ပထမဆုံးကြည့်ဖူးပြီး ဘောလုံး ကွင်းသို့ လူကိုယ်တိုင်လိုက်၍ အားမပေးဖြစ်ကြောင်း ပိုးအိအိ ခန့်က ဆိုသည်။

‘‘အဓိကကတော့ သူကညီမ ကို ပိုနားလည်ရမှာပေါ့။ သူက နားလည်မှုရှိပါတယ်။ ညီမက တော့ သူ့ကိုဘာမှသိပ်နားလည် စရာမလိုဘူး။ သူက သ၀န်မတို ဘူး။ အစကတည်းက ညီမ မင်း သမီးဆိုတာကို သိပြီးလက်ခံပြီး ချစ်တာဆိုတော့ ချုပ်ချယ်တာမရှိ ဘူး။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုထားထားပါတယ်’’ ဟု ၎င်းကပြောသည်။

လက်ရှိအနုပညာလှုပ်ရှားမှု အဖြစ် အထက်တန်းစားဇာတ် ကားတွင် သီလလုံခြုံသည့် ယောက်ျားတစ်ဦးကို ချိုးဖောက် အောင်လုပ်ရသော ဇာတ်ရုပ်ဖြင့် ပါဝင်သရုပ်ဆောင်ရန်ရှိသည်ဟု ၎င်းက ဆိုသည်။

‘‘တစ်ခါမှ သရုပ်မဆောင်ဖူး တဲ့ ကာရိုက်တာမျိုး၊ ဗီလိန်နည်း နည်းဆန်တယ်။ တစ်ခါမှ ဗီလိန် နဲ့ပတ်သက်ပြီး သရုပ်မဆောင်ဖူး လို့လုပ်ကြည့်တာပါ။ အစပိုင်းက ချစ်စရာကောင်းတဲ့ ကောင်မလေး တစ်ယောက်အနေနဲ့ ချဉ်းကပ် တယ်။ နောက်ဆုံးကျမှ အရေခွံ ခွာချပြီး ကာရိုက်တာကပြောင်း သွားမှာပေါ့’’ ဟု​ ပိုးအိအိခန့်က ပြောသည်။ တွဲဖက်ရိုက်ကူးမည့်သရုပ်ဆောင်နေတိုးသည် ၎င်း၏ Idol ဖြစ်သောကြောင့် စိတ်လှုပ်ရှားသည်ဟုဆိုသည်။

‘‘ကိုနေတိုးနဲ့တွဲရိုက်ရမှာဖြစ် တဲ့အတွက် အရမ်းပျော်ပါတယ်။ ပညာတွေအများကြီးရမယ်လို့ လည်း ခံစားရတယ်။ ကိုနေတိုးက ကိုယ်သဘောကျတဲ့မင်းသားတစ် ယောက်အနေနဲ့ တီဗီထဲမှာပဲအား ပေးခဲ့တာလေ။ ဒီကားထဲမှာ လည်း ကိုနေတိုးကာရိုက်တာက အရမ်းမိုက်တယ်လေ။ ကိုနေတိုး သရုပ်ဆောင်တာကို အနီးကပ် ကြည့်ခွင့်ရမယ်၊ ပညာတွေ အနီး ကပ်သင်ကြားခွင့်ရမယ်ဆိုတဲ့ စိတ်လေးဖြစ်ပါတယ်’’ ဟု ပိုးအိ အိခန့်က ပြောသည်။